ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ လွယ်လုံပညာဗောဓိ ပရဟိတကျောင်းရှိ ကလေးငယ်များအား ကျန်းမာရေးစစ်ဆေးကြည့်ရာ လူငယ် ၂၀ ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိကြောင်း နိုဝင်ဘာ ၁၆ ရက်တွင် သတင်းရရှိသည်။
တောင်ကြီးမြို့ လွယ်လုံပညာဗောဓိ ပရဟိတကျောင်းတွင် ကလေးငယ်ပေါင်း ၃၀၀ ကျော်ရှိရာတွင် လူငယ် ၂၀ ဦးတွင်သာ ကိုဗစ်ရောဂါပိုးတွေ့ရှိရသဖြင့် ရာခိုင်နှုန်းအားဖြင့် နည်းပါးကြောင်း လွယ်လုံပရဟိတကျောင်း အတွင်းရေးမှူး ဦးစိုင်းဇော်ဇော်က ဆိုသည်။
အဆိုပါ လွယ်လုံပရဟိတကျောင်းမှ တောင်ကြီးမြို့ အထက (၅) စာသင်ကျောင်းတွင် ကျောင်းတက်နေသော ကျောင်းသားသုံးဦးနှင့် ခွင့်ယူထားသော ကျောင်းသားခြောက်ဦးလည်း ပိုးတွေ့သူများတွင် ပါဝင်ကြောင်း သိရသည်။
“အသင်းကနေ အခမဲ့လိုက်စစ်ပေးနေတာ။ ကလေးတွေအတွက် ခေါ်စစ်ပေးတာပါ။ လွယ်လုံကျောင်းမှာ ၂၁ ယောက်တွေ့တာ၊ အထက (၅) ကျောင်းမှာ ၈ တန်းသွားတက်တာ သုံးယောက်တွေ့တယ်။ ကျောင်းမတက်ဘဲ ခွင့်ယူထားတာ ခြောက်ယောက်၊ စုစုပေါင်း ကိုးယောက် ပိုးတွေ့တယ်။ မနေ့က ကျောင်းပြန်လာတဲ့ကလေး ၃၄ ဦးကို စစ်တာ သုံးဦးထပ်တွေ့တယ်ဆိုတော့ ကိုးဦးပဲတွေ့တာ။ ကျန်တဲ့ ၁၂ ယောက်က လွယ်လုံက ကလေးတွေနဲ့ ဆရာမတစ်ယောက်။ ရာခိုင်နှုန်းက နည်းပါတယ်။ ကလေးတွေ အယောက် ၃၀၀ ကျော်ရှိတာလေ။ တွေ့တာနည်းနည်းပဲပေ့ါ” ဟု လွယ်လုံပရဟိတ ကျောင်းအတွင်းရေးမှူး ဦးစိုင်းဇော်ဇော်က ဆိုသည်။















