ရှုံးပွဲတွေဆက်နေတဲ့ အက်စတွန်ဗီလာအသင်းက နည်းပြ ဒင်းန်စမစ်ကို ရာထူးကထုတ်ပယ်ပြီး ရိန်းဂျားစ်နည်းပြ စတီဗင်ဂျရတ်ကို အစားထိုး ခန့်အပ်လိုက်ပါတယ်။ အမှတ်ပေးဇယားအဆင့် (၁၆)နေရာရောက်နေတဲ့ အက်စတွန်ဗီလာအသင်း အနေနဲ့ တန်းဆင်းအန္တရာယ်အတွက်လည်း စိုးရိမ်စရာဖြစ်လာတာကြောင့် အခုလို အပြောင်းအလဲ လုပ်ခဲ့တာလို့ ဆိုရမှာပါ။ ပရီးမီးယားလိဂ်(၁၁)ပွဲ ကစားအပြီးမှာ အက်စတွန်ဗီလာအသင်းက (၁၀)မှတ်သာ ရရှိထားပါတယ်။ ဒါကြောင့် အမှတ်ပေးဇ ယားအောက်ဆုံးက နောဝစ်ချ်အသင်းနဲ့ (၅)မှတ် သာကွာဟပြီး အဆင့်(၁၈)နေရာက ဘန်လေနဲ့ လည်း (၂)မှတ်ပဲကွာပါတယ်။ ဒီတော့ တန်းဆင်းရဖို့ ရေပန်းစားနေတဲ့ အသင်းစာရင်းထဲမှာလည်း ပါဝင်နေပြီး ပရီးမီးယားလိဂ်မှာ ရှင်သန်တင်ကျန်ရစ်ဖို့ ခက်ခက်ခဲခဲကြိုးပမ်းရမယ့်အခြေအနေပါ။ ဒီလိုအသင်းကို ကိုင်တွယ်ဖို့ ဆုံးဖြတ်ခဲ့တာ ဂျရတ်အတွက် စွန့်စားလွန်းရာကျမနေဘူးလား။ ပရီးမီးယားလိဂ်မှာ တင်ကျန်အောင် စွမ်းဆောင်နိုင်ပါတယ်လို့ ယုံကြည်မှုရှိနေခဲ့ရင်တောင် တစ်ဖက်မှာ တန်းဆင်းသွားရနိုင်တယ်ဆိုတာကိုတော့ ထည့်တွက်ထားရမှာပါပဲ။
အန်ဖီးလ်နဲ့ နီးတဲ့နေရာ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
9 hours ago
9 hours ago
9 hours ago
9 hours ago
9 hours ago
9 hours ago