အမေရိကန်ဂျာနယ်လစ်ဒန်နီဖန်စတာ ကို မြန်မာနိုင်ငံရှိ အကျဉ်းထောင်မှ လွှတ်ပေး လိုက်ပြီဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ဟောင်းဘီလ်ရစ်ချက်ဆန်က ထုတ် ပြန်ခဲ့သည်ဟု APသတင်းဌာနက ဖော်ပြ ခဲ့သည်။
ဖန်စတာကို ထောင်မှ လွှတ်ပေးလိုက်ပြီ ဟု နိုဝင်ဘာ ၁၅ ရက်တွင် ရစ်ချက်ဆန်က ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံ၌ပင် ゞင်းထံ လွှဲ ပြောင်းပေးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
သူ သည် မကြာခင်ကာတာမှတဆင့် အမေရိကန် ပြည်ထောင်စုသို့ပြန်လည်တော့မည်ဟု ထုတ် ပြန်ချက်တွင် ဖော်ပြခဲ့သည်။ ]]
ဒီနေ့ဟာ ခင်ဗျားတို့မျှော်လင့်နေတဲ့ နေ့ဖြစ်ပါတယ်}} ဟုရစ်ချဒ်ဆင်က ပြောကြား ခဲ့သည်။ ]] ဒန်နီဟာ နောက်ဆုံးမှာ သူချစ်ရ တဲ့သူတွေနဲ့ပြန်လည်ဆက်သွယ်ရတော့မှာ ဆိုတော့ ကျွန်တော်တို့ အလွန်ကျေးဇူးတင် ပါတယ်}} ဟု ရစ်ချက်ဆန်က ပြောသည်။
Frontier Myanmar အွန်လိုင်းမဂ္ဂဇင်း ၏ စီမံခန့်ခွဲမှုအယ်ဒီတာဖန်စတာသည် သတင်းမှားဖြန့်ဝေခြင်း၊ မတရားအသင်း ဆက်သွယ်ခြင်း၊ ဗီဇာစည်းမျဉ်းစည်းကမ်းများ ကို ချိုးဖောက်ခြင်းတို့ဖြင့် နိုဝင်ဘာ ၁၂ ရက် တွင် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံခဲ့ရသည်။သူသည် အခြားတရားရုံးတစ်ရုံးတွင် လည်း မြန်မာနိုင်ငံ၏အကြမ်းဖက်မှုတန်ပြန်ရေး ဥပဒေကို ချိုးဖောက်မှု၊ နိုင်ငံတော်သစ္စာ ဖောက် မှုနှင့် နိုင်ငံတော်အား အကြည်ညိုပျက် စေသည့်စွဲချက်များဖြင့်အမှုရင်ဆိုင်ခဲ့ရ သည်။
မြန်မာနိုင်ငံတွင် တပ်မတော်က နိုင်ငံ တော်အာဏာကိုလွှဲပြောင်းယူခဲ့ပြီးနောက် ပြစ်ဒဏ်စီရင်ခံရသည့် ဂျာနယ်လစ် ခုနှစ်ဦး ထဲတွင် ဖန်စတာသည် အပြင်းထန်ဆုံးပြစ် ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။
ဖန်စတာသည် မေလက အမေရိကန် နိုင်ငံဒက်ထရိုက်မြှို့ရှိ ゞင်း၏မိသားစုနှင့် တွေ့ဆုံရန် ゞင်း၏ နေအိမ်သို့ပြန်မည့်အချိန် တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ယင်းအချိန်က တည်းက ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်း ထောင်တွင် ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ်က ]] အပြစ်မဲ့သူ တစ်ဦး မတရားပြစ်ဒဏ်ချမှတ်ခံ သည် }} ဟု ပြောကြားခဲ့သည်။ ရစ်ချက်ဆန်သည် မကြာသေးခင်က မြန်မာနိုင်ငံကို လာရောက်ခဲ့သည့် ခရီးစဉ် အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် တွေ့ဆုံရာတွင် ဖန်စတာလွတ်မြောက်ရေး ကိစ္စကို ဆွေးနွေးခဲ့သည်။















