ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ သီရိမင်္ဂလာ စန္ဒာရုံကျောင်းတိုက်တွင် Eleven Media Group ၏ ယခုနှစ် ကထိန်ကာလ သုံးကြိမ်မြောက် ကထိန်အလှူတော် ပြုလုပ်

ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ သီရိမင်္ဂလာ စန္ဒာရုံကျောင်းတိုက်တွင် Eleven Media Group ၏ ယခုနှစ် ကထိန်ကာလ သုံးကြိမ်မြောက် ကထိန်အလှူတော် ပြုလုပ်
Published 12 November 2021

ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ကြားတောရရပ်ကွက်ရှိ သီရိမင်္ဂလာစန္ဒာရုံကျောင်းတိုက်တွင် Eleven Media Groupရဲ့ ယခုနှစ်ကထိန်ကာလ သုံးကြိမ်မြောက် ကထိန်အလှူတော်ကို ပြုလုပ်လှူဒါန်းခဲ့သည်။

၁၃၈၃ ခုနှစ် တန်ဆောင်မုန်းလဆန်း၉ရက် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၂ ရက်တွင် ကထိန်အလှူရှင် လိုအပ်နေသည့် ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ကြားတောရရပ်ကွက်ရှိ သီရိမင်္ဂလာ စန္ဒာရုံကျောင်းတိုက်တွင် သီတင်းသုံးသည့် ဆရာတော်များအတွက် Eleven Media Group မှ ကထိန်အလှူတော် လှူဒါန်းခဲ့ကြောင်း သိရသည်။

Eleven Media Group  ကထိန်အလှူတော်ကို သီရိမင်္ဂလာ စန္ဒာရုံကျောင်းတိုက်တွင် သီတင်းသုံးကြသည့် သံဃာတော်များ အပါအဝင် ပင်ဖိတ် သံဃာတော်များလည်း ကြွရောက်ခဲ့ကြပြီး သီရိရတနာကံဇေယျုံ စာသင်တိုက် ပဓာနနာယက ဧရာရွှေမြေ ဆရာတော် ဒေါက်တာဘဒ္ဒ န္တ ဥတ္တမသီရိ က ကထိန်အနုမောဒနာတရား ချီးမြင့်ခဲ့သည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာ ရရက်တွင် ဒေးဒရဲမြို့နယ် သကြားဟင်းအိုးကျေးရွာရှိ မုန်တိုင်းဒဏ်ခံ သဒ္ဓမ္မရံသီအဆောက်အအုံ ဘုန်းတော်ကြီးကျောင်းတွင်လည်း Eleven Media Group ၏ မတည်လှူဒါန်းမှုဖြင့် ကျေးရွာသူကျေးရွာသားများ ပူးပေါင်းပါဝင်သည့် ကထိန်အလှူပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Eleven Media Group ၏ ကထိန်အလှူတော်ကို သကြားဟင်းအိုးကျေးရွာနှင့် ရွာနီးချုပ်စပ်မှ ပင့်သံဃာ ၃၈ ပါး ကြွရောက်ခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်တို့က ပရိတ်တရားတော်တွေများ ရွတ်ဖတ်ချီးမြှင့်ခဲ့သည်။အဆိုပါ သကြားဟင်းအိုးကျေးရွာရှိ မုန်တိုင်းဒဏ်ခံ သဒ္ဓမ္မရံသီအဆောက်အအုံကို ၂၀၀၈ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်ကြရသည့် ပြည်သူများအတွက် Eleven Media Group နှင့် မိတ်ဆွေဆရာဝန်များအဖွဲ့က ဆောက်လုပ်လှူဒါန်းထားခြင်းဖြစ်သည်။

ထို့ပြင် အောက်တိုဘာ ၃၁ ရက်တွင်လည်း မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ် ပွင့်တောက်ကျေးရွာ ရွာဦးကျောင်းတွင် Eleven Media Group ၏ သတ္တမအကြိမ်မြောက် ကထိန်သင်္ကန်းကပ်အလှူတော် ကျင်းပပြုလုပ်ခဲ့သည်။

၂၀၁၅ ခုနှစ်က မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မုန်းချောင်းရေကြီးရေလျှံမှုကြောင့် ရွာလုံးကျွတ်ပြောင်းရွှေ့ခဲ့ရသည့် ပွင့်တောက်ကျေးရွာ ရွာဦးကျောင်းတွင် သံဃာတော်များနှင့် ကျေးရွာနေပြည်သူများအတွက် သဘာဝဘေးအန္တရာ ယ်ထပ်မံကြုံတွေ့လာရပါက လေမိုးလုံစွာ နေထိုင်နိုင်ရန် ရည်ရွယ်ပြီး ကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ သံကူကွန်ကရစ်ဘုန်းတော်ကြီးကျောင်းကို တည်ဆောက်လှူဒါန်းထားခြင်းဖြစ်သည်။

အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် နှစ်စဉ် ဝါဆိုသင်္ကန်းကပ်အလှူတော်နှင့် ကထိန်သင်္ကန်းကပ်အလှူတော်များ ကျင်းပခဲ့ပြီး ယခုနှစ်တွင် သတ္တမအကြိမ်မြောက် ကထိန်အလှူတော် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ထို့ပြင် Eleven Media Group က ကြေးဆင်းတုတော်တစ်ဆူနှင့် ပလ္လင်တော်အပါအဝင် နှစ်ကျိပ်ရှစ်ဆူဘုရားများနှင့် သိမ်တော်တစ်ဆောင်ကိုလည်း လှူဒါန်းထားကြောင်း သိရသည်။

Most Read

Most Recent