ဝမ်းတွင်းမြို့နယ်တွင် ဆွမ်းစားနေစဉ် ဆရာတော်တစ်ပါး သေနတ်ဖြင့် အပစ်ခံရပြီး ပျံလွန်တော်မူ

ဝမ်းတွင်းမြို့နယ်တွင် ဆွမ်းစားနေစဉ် ဆရာတော်တစ်ပါး သေနတ်ဖြင့် အပစ်ခံရပြီး ပျံလွန်တော်မူ
သေနတ်ဖြင့် အပစ်ခံရပြီးနောက် ဆွမ်းစားစားပွဲတွင် သွေးကွက်များကို တွေ့ရစဉ်
သေနတ်ဖြင့် အပစ်ခံရပြီးနောက် ဆွမ်းစားစားပွဲတွင် သွေးကွက်များကို တွေ့ရစဉ်
Published 12 November 2021

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်တွင် ဆွမ်းစားနေစဉ် ဆရာတော်တစ်ပါး သေနတ်ဖြင့်အပစ်ခံရပြီး ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ် အင်းယင်းကျေးရွာအုပ်စု သဲတောလေးကျေးရွာတွင် နိုဝင်ဘာ ၁၁ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်က ဆွမ်းစား နေသော သံဃာတော်တစ်ပါးကို သေနတ် ဖြင့် လာရောက်ပစ်ခတ်သွားကြောင်း သိရသည်။

အပစ်ခံရသည့်ဆရာတော်မှာ သဲတော လေးကျေးရွာရှိ မင်္ဂလာမှန်ကျောင်းဆရာ တော် ဥူးသုမနဖြစ်ပြီး ဆွမ်းစားဆောင်တွင် အခြားသံဃာတော်သုံးပါးဖြင့် ဆွမ်းစားနေ စဉ် အမည်မသိလူငယ်တစ်ဦးက ဆိုင်ကယ် ဖြင့်ရောက်လာပြီး ဆရာတော်၏ဦးခေါင်းကို ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့ကြောင်း၊ ဆရာ တော်မှာ အခင်းဖြစ်နေရာတွင်ပင် ဦးခေါင်း ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် ပျံလွန်တော်မူ သွားကြောင်း သိရသည်။

Most Read

Most Recent