ဇန်နဝါရီတွင် မန်စီးတီးအသင်းကို မာရက်ဇ် စွန့်ခွာဖွယ်ရှိ

ဇန်နဝါရီတွင် မန်စီးတီးအသင်းကို မာရက်ဇ် စွန့်ခွာဖွယ်ရှိ
Photo: Sky Sports
Photo: Sky Sports
Published 11 November 2021

မန်စီးတီးအသင်း၏ အယ်လ်ဂျီးရီးယားတောင်ပံကစားသမား မာရက်ဇ်သည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းကိုစွန့်ခွာဖွယ်ရှိ ကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။

မာရက်ဇ်သည် ယခုရာသီ မန်စီးတီးအသင်း၏ပွဲစဉ်များတွင် ပုံမှန်ပွဲထွက်ကစားခွင့်မရဘဲ ပွဲများစွာ၌ အရန်အဖြစ်သာ ပါဝင်နေရသည်။

သို့ဖြစ်ရာ လက်ရှိအခြေအနေကို ကျေနပ်ပျော်ရွှင်မှုမရှိခြင်းကြောင့် မာရက်ဇ်သည် သူ၏အနာဂတ်အတွက်စဉ်းစားနေပြီ ဖြစ်ကြောင်း သိရသည်။

မန်စီးတီးအသင်းနှင့် ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းရှိသည့် မာရက်ဇ်အား PSG အသင်းက စိတ်ဝင်စားနေကြောင်း သိရှိရသည်။

Most Read

Most Recent