ပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးပုဒ်မများဖြင့် တရားစွဲဆိုခံထားရသည့်  မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများအား စွဲဆိုထားသည့် ပုဒ်မများနှင့်ပင် စွဲချက်တင်ပြီးနောက် ခံပြသက်သေများကို စစ်ဆေးနေ

ပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးပုဒ်မများဖြင့် တရားစွဲဆိုခံထားရသည့်  မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများအား စွဲဆိုထားသည့် ပုဒ်မများနှင့်ပင် စွဲချက်တင်ပြီးနောက် ခံပြသက်သေများကို စစ်ဆေးနေ
၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၂ ရက်က ကျင်းပသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဒုတိယဗဟိုကော်မတီ တတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို တွေ့ရစဉ်။
၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၂ ရက်က ကျင်းပသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဒုတိယဗဟိုကော်မတီ တတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို တွေ့ရစဉ်။
Published 10 November 2021

ပုဒ်မ ၅၀၅(ခ)၊ သဘာဝဘေးပုဒ်မများဖြင့် တရားစွဲဆိုထိန်းသိမ်းခံထားရသည့်  မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများအား စွဲဆိုထားသည့် ပုဒ်မများနှင့်ပင် စွဲချက် တင်ပြီးနောက် တရားခံပြသက်သေများကို စစ်ဆေးသည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

“ဒေါက်တာဇော်မြင့်မောင်အပါအဝင် ဝန်ကြီးတွေကို စွဲဆိုထားတဲ့အမှုတွေမှာဆိုရင် စွဲချက်တင်ပြီးလို့ တရားခံပြသက်သေတွေကို စစ်ဆေးတဲ့အဆင့်ရောက်နေပြီ။ ခံပြသက်သေအတော်များများကို စစ်ပြီးနေပြီ။ တစ်ပတ်ကို တနင်္လာ၊ ဗုဒ္ဓဟူး နှစ်ရက် စစ်တာဆိုတော့ အမှုက မြန်မြန်ပြီးသွားနိုင်တယ်။ ခံပြစစ်ပြီးရင် လျှောက်လဲချက် ဘာညာပေးပြီးတဲ့ခါ အမိန့်ချဖို့ပဲ ကျန်တော့တာကိုး” ဟု မန္တလေးတိုင်းအစိုးရအဖွဲ့ဝင်များအား တရားစွဲဆိုထားသည့် အမှုများကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေတစ်ဦးက ပြောကြားသည်။

စက်တင်ဘာ၂၀ ရက်က ဒေါက်တာဇော်မြင့်အောင်အား စွဲချက်တင်ထားသည့် ပုဒ်မများနှင့်ပတ်သက်၍ ပြင်ဆင်ချက်လျှောက်ထားခြင်းကို မန္တလေးခရိုင်တရားရုံးတွင် နှစ်ဖက်လျှောက်လဲချက်ပေးခဲ့ကြခြင်း ဖြစ်သည်။

ထိန်းသိမ်းခံထားရသည့် မန္တလေးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မြို့တော်ဝန် ဒေါက်တာရဲလွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊ လျှပ်စစ်၊ စွမ်းအင်နှင့်ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်၊ မန္တလေးတိုင်း NLD အတွင်းရေးမှူး ဦးတင်ကိုကိုတို့၏ အချုပ်လွတ် အမှုရင်ဆိုင်ခွင့် အာမခံလျှောက်ထားခဲ့ခြင်းကို မြို့နယ်တရားရုံးများက ပယ်ချခဲ့သဖြင့် ခရိုင်တရားရုံးသို့ ဆက်လက် လျှောက်ထားခဲ့ရာ ပယ်ချခံခဲ့ရသည်။ ထို့နောက် အမှုများကို စတင်စစ်ဆေးခဲ့ရာ စွဲချက်တင်ပြီး ခံပြသက်သေ စစ်ဆေးနေသည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က  ‌ကြေညာချက် ငါးစောင်ထုတ်ပြန်ခဲ့ရာ အဆိုပါကြေညာချက်များသည်  လက်ရှိအစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ ထိခိုက်မှု ဖြစ်အောင် တစ်ဦးတစ်ယောက်က ကျူးလွန်ချင်လာအောင်၊ အများပြည်သူကိုလည်းကောင်း၊ အများပြည်သူ၏ သီးခြား၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိကြောင်း သို့မဟုတ်  ထိုသို့ဖြစ်စေနိုင်သည့် အကြောင်းရှိခြင်းကြောင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ထို့သို့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ကြေညာချက်များ ထုတ်ပြန်မှုသည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်သည်ဟုဆိုကာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေများ ပုဒ်မ၂၅၊ ၃၀(က)၊   မြို့တော်ဝန် ဒေါက်တာရဲလွင်ကို ပုဒ်မ ၅၀၅(ခ) တို့ဖြင့် အောင်မြေသာစံမြို့နယ် တရားရုံးတွင်လည်း‌ကောင်း၊ လျှပ်စစ်၊ စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ၂၅၊ ၃၀(က)၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇေယျတို့ကိုလည်း ပုဒ်မ ၅၀၅(ခ)ဖြင့် ချမ်းအေးသာစံမြို့နယ်တရားရုံးတို့တွင် အသီးသီးတရားစွဲဆိုထားသည်။

၎င်းတို့ကို စွဲဆိုထားသည့်အမှုများနှင့် ပတ်သက်၍ အိုးဘိုအကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးများ၌ စစ်ဆေးနေခြင်း ဖြစ်သည်။

 

Most Read

Most Recent