အတ္တလန်တာအသင်းနှင့်ပွဲစဉ်တွင် ရရှိခဲ့သည့်ဒဏ်ရာကြောင့် ဗာရန်း (၁)လခန့်နားရမည်ဖြစ်ပြီး မန်ချက်စတာဒါဘီကို လွဲချော်မည်

အတ္တလန်တာအသင်းနှင့်ပွဲစဉ်တွင် ရရှိခဲ့သည့်ဒဏ်ရာကြောင့် ဗာရန်း (၁)လခန့်နားရမည်ဖြစ်ပြီး မန်ချက်စတာဒါဘီကို လွဲချော်မည်
Photo: CBS
Photo: CBS
Published 5 November 2021

မန်ယူအသင်း၏ ပြင်သစ်လက်ရွေးစင်နောက်ခံလူ ဗာရန်းသည် အတ္တလန်တာနှင့် ကစားခဲ့သည့်ပွဲစဉ်တွင် ရရှိခဲ့သောဒဏ်ရာကြောင့် (၁) လခန့်အနားယူရမည်ဖြစ်ပြီး မန်ချက်စတာဒါဘီကိုလည်း လွဲချော်တော့မည်ဖြစ်ကြောင်း သိရှိရသည်။

ဗာရန်းသည် ယင်းပွဲစဉ်တွင် ပထမပိုင်းမှာကတည်းက ဒဏ်ရာရရှိခဲ့ပြီး အသင်း၏ လူငယ်တိုက်စစ်မှူးတစ်ဦးဖြစ်သည့် မေဆင်ဂရင်းဝုဒ်နှင့် လူစားလဲခြင်းခံခဲ့ရသည်။

ဆေးစစ်ဆေးမှုရလဒ်များအရ ဗာရန်းသည် တံကောက်ကြောဒဏ်ရာအသေးစား ရရှိခဲ့ခြင်းဖြစ်ပြီး ပြန်လည်သက်သာလာရန်အတွက်မူ အချိန် (၁)လခန့် ကြာမြင့်မည်ဟု ခန့်မှန်းခဲ့ကြသည်။

ယင်းအတွက်ကြောင့် သူသည် ယခုတစ်ပတ်ကစားမည့် မန်စီးတီးနှင့်ပွဲကို လွဲချော်တော့မည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ဗာရန်းသည် မန်ချက်စတာဒါဘီအပြင် နိုင်ငံတကာပွဲစဉ်များအပြီး ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်ပွဲစဉ်များဖြစ်သည့် ဗီလာရီးယဲလ်၊ ချယ်လ်ဆီး၊ အာဆင်နယ်အသင်းတို့နှင့် ပွဲစဉ်များကိုလည်း လွဲချော်ဖွယ်ရှိနေသည်။

မန်ယူအသင်းနည်းပြဖြစ်သူ ဆိုးလ်ရှားက ဗာရန်းကဲ့သို့ အတွေ့အကြုံရင့် ထိပ်တန်းနောက်ခံလူတစ်ဦးကို လက်လွှတ်ရသည့်အတွက် စိတ်ပျက်မိသော်လည်း ယင်းပြဿနာကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ 

Most Read

Most Recent