မိမိခြေစွမ်းမှာ ပြင်သစ်လက်ရွေးစင် ဖြစ်သင့်ပြီဟု နယူးကာဆယ်တောင်ပံကစားသမား စိန့်မက်ဆီမင် ပြောကြား

မိမိခြေစွမ်းမှာ ပြင်သစ်လက်ရွေးစင် ဖြစ်သင့်ပြီဟု နယူးကာဆယ်တောင်ပံကစားသမား စိန့်မက်ဆီမင် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 3 November 2021

 

နယူးကာဆယ်အသင်းမှ ပြင်သစ်တောင်ပံကစားသမား စိန့်မက်ဆီမင်က မိမိ၏လက်ရှိခြေစွမ်းမှာ ပြင်သစ်လက်ရွေးစင်ဖြစ်သင့်ပြီဟု ပြောကြားခဲ့သည်။ 

စိန့်မက်ဆီမင်(၂၄ နှစ်)သည် ပြင်သစ်ယူ-၂၁ အသင်းအတွက်သာ ရွေးချယ်ခံ ရဖူးသူဖြစ်ပြီး လက်ရှိအချိန်တွင် နယူူးကာဆယ်အသင်းအတွက် ခြေစွမ်းပြနေခြင်းကြောင့် ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

၎င်းက " ပြင်သစ်လက်ရွေးစင်ဖြစ်သင့်တဲ့ ခြေစွမ်း အဆင့်အတန်းမျိုး ရှိနေပြီလားဆိုရင် ရှိနေပြီလို့ ထင်ပါတယ်။  ဒါပေမဲ့ ဒီလိုအခွင့်အရေးရသင့်တဲ့ ကစားသမားတွေလည်း အများကြီးရှိနေပါတယ်" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent