COVID-19 ၏ ဇာစ်မြစ်ကို မည်သည့်အခါတွင်မျှ သိရှိနိုင်ဖွယ်မရှိဟု အမေရိကန်ထောက်လှမ်းရေး အေဂျင်စီများ ပြောကြား

COVID-19 ၏ ဇာစ်မြစ်ကို မည်သည့်အခါတွင်မျှ သိရှိနိုင်ဖွယ်မရှိဟု အမေရိကန်ထောက်လှမ်းရေး အေဂျင်စီများ ပြောကြား
၂၀၂၀ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်က ပြင်သစ်နိုင်ငံ Pasteur Institute ၏ ကူးစက်ရောဂါစင်တာရှိ ရောဂါပိုးမွှားဓာတ်ခွဲခန်းအတွင်း သုတေသီတစ်ဦးက မိုက်ခရိုစကုပ် အသုံးပြုနေပုံကို တွေ့ရစဉ်
၂၀၂၀ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်က ပြင်သစ်နိုင်ငံ Pasteur Institute ၏ ကူးစက်ရောဂါစင်တာရှိ ရောဂါပိုးမွှားဓာတ်ခွဲခန်းအတွင်း သုတေသီတစ်ဦးက မိုက်ခရိုစကုပ် အသုံးပြုနေပုံကို တွေ့ရစဉ်
Published 30 October 2021
Ref: Reuters

အမေရိကန် စုံစမ်းထောက်လှမ်းရေး အေဂျင်စီများက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါသည် တိရစ္ဆာန်များမှ လူသားများထံ ကူးစက်လာခြင်း သို့မဟုတ် ဓာတ်ခွဲခန်းတစ်ခုမှယို စိမ့်ထွက်လာခြင်းဟုတ်၊မဟုတ် ၎င်းတို့၏ပိုမိုတိကျသည့် သုံးသပ်ချက် အသစ်တစ်ရပ်ကို ထုတ်ပြန်ခဲ့ချိန်တွင် ယင်းအေဂျင်စီများက COVID-19 ၏ မူလဇာစ်မြစ်ကို အတည်ပြု ဖော်ထုတ်နိုင်ဖွယ်မရှိဟု အောက်တိုဘာ ၂၉ ရက်က ပြောကြားခဲ့သည်။

သဘာဝတရားမှ ကူးစက်မှုဖြစ်စဉ်နှင့် ဓာတ်ခွဲခန်းမှ ယိုစိမ့်ထွက်လာသည့်ဖြစ်စဉ် နှစ်ရပ်လုံးသည် SARS-CoV-2 ဗိုင်းရပ်စ်မှာ လူသားများထံ မည်ကဲ့သို့ ကူးစက်လာသည်ဆိုသည့် အချက်နှင့်ပတ်သက်ပြီး ဖြစ်နိုင်ဖွယ်ရှိသော ယူဆချက်များဖြစ်ကြောင်း အမေရိကန် အမျိုးသားစုံစမ်းထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး (ODNI) က လျှို့ဝှက်အဆင့် မဟုတ်သည့် အစီရင်ခံစာတစ်စောင်တွင် ထုတ်ပြန်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်၏ မူလဇာစ်မြစ်သည် ဇီဝလက်နက်တစ်ခု ဖြစ်သည်ဟူသည့် အကြံပြုချက်ကို အစီရင်ခံစာတွင် ပယ်ချခဲ့ပြီး ယင်းယူဆချက်ကို ထောက်ခံအားပေးသူများသည် ဝူဟန်ဗိုင်းရပ်စ်ဗေဒဌာနထံ တိုက်ရိုက်လေ့လာခွင့် မရရှိသူများဖြစ်ပြီး သတင်းအမှားများကို ဖြန့်ချိနေကြသည်ဟု အစီရင်ခံစာတွင်စွပ်စွဲ ပြောကြားခဲ့သည်။

အစိုးရများသည် ပြည်သူများကိုကပ်ရောဂါမှ ကာကွယ်ပေးနိုင်ရန် အလျှင်အမြန် လုပ်ဆောင်ခြင်းမရှိဟု ပြစ်တင်မည့်အစား ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ၏ ရိုက်ခတ်မှုများအတွက် တရုတ်နိုင်ငံကို မည်မျှအပြစ်တင်မည်ဆိုသည့်အပေါ် အာရုံစိုက်မှုကြောင့် တင်းမာသည့် နိုင်ငံရေးဆိုင်ရာ တိုက်ခိုက်မှုများမြင့် တက်နေသည့်ကြားက ယခုထုတ်ပြန်သည့် အစီရင်ခံစာသည် သမ္မတဂျိုးဘိုင်ဒင်၏ အစိုးရက သြဂုတ်လတွင် ထုတ်ပြန်ထားသော ရက် ၉၀ ကြာ သုံးသပ်မှု၏ နောက်ဆုံးရအခြေအနေ ဖြစ်သည်။

တရုတ်က ယင်းအစီရင်ခံစာကို အောက်တိုဘာ ၂၉ ရက်တွင် ဝေဖန်ပြောကြားခဲ့သည်။ “အမေရိကန်ဟာ COVID-19 ရဲ့မူလဇာစ်မြစ်ကို ခြေရာခံရာမှာ သိပ္ပံပညာရှင်တွေကို အားကိုးမယ့်အစား သူ့ရဲ့စုံစမ်းထောက်လှမ်းရေးအပေါ် မှီခိုနေတဲ့လုပ်ရပ်ဟာ ပြီးပြည့်စုံတဲ့ နိုင်ငံရေးဆိုင်ရာ ဟာသတစ်ခု ဖြစ်နေပါတယ်” ဟု အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူ လူဖန်းယုက ပြောကြားခဲ့သည်။

“ဒီလုပ်ရပ်ဟာ ဗိုင်းရပ်စ်ရဲ့အရင်းအမြစ်ကို ရှာဖွေဖို့ကြိုးပမ်းနေတဲ့ ကမ္ဘာလုံးဆိုင်ရာ အားထုတ်ကြိုးပမ်းချက်တွေကို နှောင့်နှေးစေတဲ့အပြင် သိပ္ပံအခြေပြု မူလဇာစ်မြစ်စုံစမ်းလေ့လာမှုတွေကို လျော့ပါးစေပါတယ်” ဟု ၎င်းကထပ်မံ ပြောကြားခဲ့သည်။

အမေရိကန်အေဂျင်စီလေးခုနှင့် ထောက်လှမ်းရေး အေဂျင်စီအများအပြားက ကိုရိုနာဗိုင်းရပ်စ်သည် တိရစ္ဆာန်သို့မဟုတ် ဆက်နွှယ်နေသည့် ဗိုင်းရပ်စ်တစ်မျိုးမှ မူလစတင်ကူးစက်သည်ဆိုသည့် အချက်အပေါ် လက်ခံနိုင်မှု အားနည်းကြောင်း ODNI က ဆိုသည်။

ဗိုင်းရပ်စ်သည် တိရစ္ဆာန်များမှ လူသားများထံ သို့မဟုတ် ဓာတ်ခွဲခန်းမှအစရှိသည့် တိကျသေချာသည့် လမ်းကြောင်းတစ်ခုကို ပြသနေသည့် သတင်းအချက်အလက်အသစ်မရှိဘဲ COVID-19 ၏ မူလဇာစ်မြစ်ကို ပိုမိုတိကျစွာ ရှင်းလင်းချက် ထုတ်ပေးနိုင်ဖွယ်မရှိဟု အမေရိကန် ထောက်လှမ်းရေး အေဂျင်စီများက ယူဆထားကြသည်။   

Most Read

Most Recent