လှိုင်မြို့နယ် ၂ ရပ်ကွက် သီရိ ၈ လမ်းတွင် အမျိုးသမီး တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

လှိုင်မြို့နယ် ၂ ရပ်ကွက် သီရိ ၈ လမ်းတွင် အမျိုးသမီး တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
အခင်းဖြစ်ပွားရာ သီရိ ၈ လမ်းအား တွေ့ရစဉ်
အခင်းဖြစ်ပွားရာ သီရိ ၈ လမ်းအား တွေ့ရစဉ်
Published 30 October 2021

လှိုင်မြို့နယ် ၂ ရပ်ကွက် သီရိ ၈ လမ်းတွင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု အောက်တိုဘာ ၂၉ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည်။

အောက်တိုဘာ ၂၉ ရက် ၊ ည ၇ နာရီခန့်တွင် လှိုင်မြို့နယ် ၊ ပိတောက်ချောင်း ၂ ရပ်ကွက် ၊ သီရိ ၈ လမ်းနေ အမျိုးသမီးတစ်ဦးမှာ ၎င်း၏ နေအိမ်ရှေ့တွင် သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း အဆိုပါနေရာအနီးနေသူများထံမှ သိရသည်။

“သူ့ တိုက်ရှေ့မှာ သေနတ်နဲ့ပစ်သတ်ခံရတာ။ လှေကားပေါ် တက်ခါနီးပစ်ခံရတာ။ အဲဖြစ်စဉ်လည်းပြီးရော စစ်ကားတွေက အဲလမ်းကို ပိတ်ပြီး စစ်ဆေးတာတွေရှိတယ်။သေနတ်သံ ခြောက်ချက်လောက် ကြားလိုက်ရတယ်” ဟု အဆိုပါနေရာအနီးနေသူတစ်ဦးက ပြောကြားသည်။

အဆိုပါ အမျိုးသမီးအပြင် အနီးရှိ အမျိုးသားတစ်ဦးမှာလည်း ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါနေရာအနီးနေသူများထံမှ သိရသည်။

“ဘေးနားက အခြားကောင်လေးလည်း ရင်ဘတ်ကို ကျည်မှန်သွားတယ်လို့ သိရတယ်။သူ့ကို သေဆုံးတဲ့ အမျိုးသမီးအလောင်းနဲ့ အတူတူ ခေါ်သွားကြတယ်”ဟု အဆိုပါနေရာအနီးနေသူတစ်ဦးက ပြောကြားသည်။

သေနတ်ဖြင့် ပစ်ခံရသည့် အမျိုးသမီးမှာ အသက် ၄၀ ဝန်းကျင်အရွယ်ရှိပြီဖြစ်ပြီး သေနတ်ပစ်ခံရသည့် ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သည်။