ဗဟိုဘဏ်က တစ်ရက်အတွင်း ဒေါ်လာသန်း ၅၀ အထိ စံချိန်တင်ရောင်းချခဲ့ခြင်းနှင့် ရှစ်ရက်အတွင်း ဒေါ်လာ ၅၁၈ သန်းသာ ရရှိခဲ့သည့် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု

ဗဟိုဘဏ်က တစ်ရက်အတွင်း ဒေါ်လာသန်း ၅၀ အထိ စံချိန်တင်ရောင်းချခဲ့ခြင်းနှင့် ရှစ်ရက်အတွင်း ဒေါ်လာ ၅၁၈ သန်းသာ ရရှိခဲ့သည့် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံးကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံးကို တွေ့ရစဉ်
Published 24 October 2021

အောက်တိုဘာ ၁၈ ရက်မှ  ၂၂ ရက်အထိ ကာလအတွင်း ပြည်တွင်းရွှေစျေးကွက်အတွင်း ရွှေစျေးကျပ် ၁၈၃၀၀၀၀ ဝန်းကျင်ရှိနေခဲ့ပြီး နိုင်ငံခြားငွေလဲလှယ်နှုန်းအနေဖြင့် ကျပ် ၂၀၅၀ ဝန်းကျင်ရှိခဲ့သည်။

အောက်တိုဘာ ၁၈ ရက်က ကမ္ဘာ့ရွှေစျေး ဒေါ်လာ ၁၇၆၄ ဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေးနှုန်းများမှာ ၁၆ ပဲရည် အခေါက်ရွှေစျေးကျပ် ၁၈၃၉၀၀၀ ဝန်းကျင်ရှိပြီး ၁၅ ပဲရည် ရွှေစျေးမှာ ကျပ် ၁၇၃၁၀၀၀ ဝန်းကျင်ရှိခဲ့သည်။  နိုင်ငံခြားငွေလဲနှုန်းအနေဖြင့် တစ်ဒေါ်လာလျှင် ကျပ် ၂၀၈၀ ဝန်းကျင်ရှိခဲ့သည်။

အောက်တိုဘာ ၁၉ ရက်တွင်  ပြည်တွင်းရွှေစျေးနှုန်းများမှာ ၁၆ ပဲရည် အခေါက်ရွှေစျေး ကျပ် ၁၈၂၈၀၀၀ ဝန်းကျင်ရှိပြီး ၁၅ ပဲရည်ရွှေစျေးမှာ ကျပ် ၁၇၂၀၅၀၀ ဝန်းကျင်ရှိခဲ့သည်။  နိုင်ငံခြားငွေလဲနှုန်းအနေဖြင့် တစ်ဒေါ်လာလျှင် ကျပ် ၂၀၅၀ ဝန်းကျင်ရှိခဲ့သည်။

အောက်တိုဘာ ၂၀ ရက်တွင်  ပြည်တွင်းရွှေစျေးနှုန်းများမှာ ၁၆ ပဲရည် အခေါက်ရွှေစျေးကျပ် ၁၈၄၃၀၀၀ ဝန်းကျင်ရှိပြီး ၁၅ ပဲရည်ရွှေစျေးမှာ ကျပ် ၁၇၂၀၅၀၀ ဝန်းကျင်ရှိခဲ့သည်။  နိုင်ငံခြားငွေလဲနှုန်းအနေဖြင့် တစ်ဒေါ်လာလျှင် ကျပ် ၂၀၄၅ ဝန်းကျင်ရှိခဲ့သည်။

အောက်တိုဘာ ၂၂ ရက်တွင် ကမ္ဘာ့ရွှေစျေး ၁၇၈၆ ဒေါ်လာ ဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေးနှုန်းများမှာ ၁၆ ပဲရည် အခေါက်ရွှေစျေး ကျပ် ၁၈၃၀၀၀၀ ဝန်းကျင်ရှိပြီး ၁၅ ပဲရည်ရွှေစျေးမှာ ကျပ် ၁၇၂၂၅၀၀ ဝန်းကျင်ရှိခဲ့သည်။ နိုင်ငံခြားငွေလဲနှုန်းအနေဖြင့် တစ်ဒေါ်လာလျှင် ကျပ် ၂၀၄၀ ဝန်းကျင်ရှိခဲ့သည်။

ဗဟိုဘဏ်က တစ်ရက်အတွင်း  ဒေါ်လာသန်း ၅၀ အထိ စံချိန်တင်ရောင်းချ

၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် တစ်ရက်အတွင်း ဒေါ်လာသန်း ၅၀ အထိ စံချိန်တင်ရောင်းချခဲ့ပြီး လေလံအတွက် ပျမ်းမျှငွေလဲနှုန်းမှာ ကျပ် ၁၈၂၀ ဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ အောက်တိုဘာ ၁၈ ရက်အထိ နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာ ၂၃၄ ဒသမ ၈ သန်းအထိ ရောင်းချထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာရောင်းချခဲ့မှုအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဒေါ်လာ ၆ ဒသမ ၈ သန်းရောင်းချခဲ့ပြီး မတ်လအတွင်း ရောင်းချမှုမရှိခဲ့ပေ။

ဧပြီလအတွင်း ဒေါ်လာ ၁၂ သန်း၊ မေလအတွင်း ဒေါ်လာ ၂၄ သန်း၊ ဇွန်လတွင်း ဒေါ်လာ ၁၂ သန်း၊ ဇူလိုင်လအတွင်း ဒေါ်လာ ၃၉ သန်း ရောင်းချခဲ့သည်။

၂၀၂၁ ခုနှစ် သြဂုတ် ၂ ရက်တွင်  မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာသုံးသန်း၊ သြဂုတ် ၃ ရက်တွင် ဒေါ်လာနှစ်သန်း၊ သြဂုတ် ၄ ရက်တွင် ဒေါ်လာသုံးသန်း၊ သြဂုတ် ၉ ရက်တွင် ဒေါ်လာနှစ်သန်းခွဲ၊ သြဂုတ် ၁၂ ရက်တွင် ဒေါ်လာနှစ်သန်းခွဲ၊ သြဂုတ် ၂၃ ရက်တွင် ဒေါ်လာဆယ်သန်း၊ သြဂုတ် ၂၅ ရက်တွင် ဒေါ်လာငါးသန်းရောင်းချခဲ့ခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၃ ရက်တွင် ဒေါ်လာ ၁၅ သန်း၊ စက်တင်ဘာ ၁၅ ရက်တွင် ဒေါ်လာရှစ်သန်း၊ စက်တင်ဘာ ၂၀ ရက်တွင် ဒေါ်လာ ၁၅ သန်း၊ စက်တင်ဘာ ၂၂ ရက်တွင်ဒေါ်လာ ၁၀ သန်း၊ စက်တင်ဘာ ၂၇ ရက်တွင် ဒေါ်လာ ၁၅ သန်း ရောင်းချခဲ့သည်။

ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊အကျ ကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံခြားသုံးသီးသန့် အရန်ငွေဖြည့်တင်းရန် ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံ ဖွင့်လှစ်ဆောင်ရွက်နေသည်။

ဗဟိုဘဏ်စျေးပြိုင်လေလံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက်များ ချမှတ်ထားပြီး အဆိုပါစည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံခြားငွေစျေးပြိုင်လေလံတွင် ပါဝင်သည့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (Authorized Dealer - AD) ရ ဘဏ်များဖြစ်သော နိုင်ငံပိုင် ဘဏ်သုံးဘဏ်၊ ပြည်တွင်းပုဂ္ဂလိက ဘဏ် ၁၉ ဘဏ်နှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် နိုင်ငံခြားငွေ ဝယ်ခြင်း၊ ရောင်းခြင်းတို့ကို ဆောင်ရွက်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေလုပ်ငန်း ဆောင်ရွက်ချက်များမှာ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန် အလုပ်လုပ်ရက်တစ်ရက်ရှိ မြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ၏ ငွေလဲလှယ်နှုန်းနှင့် ယခင်ရက်ရည်ညွှန်းငွေလဲလှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းသည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ ရောင်းချရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်အရန်ငွေကို ဖြည့်တင်းရန် အလုပ်လုပ်ရက်တစ်ရက်၏ ငွေလဲလှယ်နှုန်းအား ပြီးခဲ့သည့် ရက်ပေါင်း ၂၀ အတွင်း၌ ဖြစ်ပေါ်သည့် ပျမ်းမျှမြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ လဲလှယ်နှုန်းနှင့်နှိုင်းယှဉ်ခြင်း၊ ယင်းသို့ နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ  သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို  ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ စျေးပြိုင်လေလံတွင် ဗဟိုဘဏ်က ကြေညာထားသည့် အမြင့်ဆုံးလဲလှယ်နှုန်းနှင့် အနိမ့်ဆုံးလဲလှယ်နှုန်းအကြား AD ဘဏ်များက တင်ပြသည့် နိုင်ငံခြားငွေဝယ်ယူရန်၊ ရောင်းချရန် တင်ပြချက်များကို Refinitiv (ယခင် Thomson Reuters) ၏ လေလံအရောင်းအဝယ်စနစ်ကို အသုံးပြု၍ ဗဟိုဘဏ်က ဝယ်ယူ၊ရောင်းချခြင်း ဖြစ်သည်။ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန် ဖြစ်သည်။

ရှစ်ရက်အတွင်း ဒေါ်လာ ၅၁၈ သန်း ကျော်သာရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၂၄၀ ကျော် လျော့ကျခဲ့သည့် ပြည်ပကုန်သွယ်မှု

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ၈ ရက်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၅၁၈ သန်းကျော်သာရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၂၄၀ ကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ရှစ်ရက်အတွင်း  ပြည်ပသို့ပို့ကုန်ဒေါ်လာ၂၃၄ ဒသမ ၅၀၅ သန်းတင်ပို့ထားပြီး သွင်းကုန်ဒေါ်လာ ၂၈၃ ဒသမ ၈၀၆ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၅၁၈ ဒသမ ၃၁၁ သန်းရရှိခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၉ ဒသမ ၅ ဘီလျံကျော်သာရရှိပြီး ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၇ ဒသမ ၁၄၆ ဘီလျံကျော် ကုန်သွယ်မှုလျော့ကျခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတွင် ပို့ကုန်တန်ဖိုးဒေါ်လာ ၁၄၉၂၇ ဒသမ ၀၆၅ သန်း(၁၄ ဒသမ ၉၂၇ ဘီလျံ)၊ သွင်းကုန်တန်ဖိုးဒေါ်လာ ၁၄၆၅၈ ဒသမ ၀၈၄ သန်း (၁၄ ဒသမ ၆၅၈ ဘီလျံ) ဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၉၅၈၅ ဒသမ ၁၄၉ သန်း (၂၉ ဒသမ ၅၈၅ ဘီလျံ) ရရှိခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလအထိ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၇၆၈၁ ဒသမ ၀၈၇ သန်း၊သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၉၀၅၀ ဒသမ ၈၅၅ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၃၆၇၃၁ ဒသမ ၉၄၂ သန်းရရှိခဲ့သည်။

အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ကြည့်ပါက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်က ယခင်ဘဏ္ဍာနှစ်ထက် ပို့ကုန်ကဏ္ဍတွင် ဒေါ်လာ ၂၇၅၄ ဒသမ ၀၂၂ သန်း၊သွင်းကုန်ကဏ္ဍတွင် ဒေါ်လာ ၄၃၉၂ ဒသမ ၇၇၁ သန်းလျော့ကျခဲ့ပြီး ကုန်သွယ်မှုပမာဏတွင် ဒေါ်လာ ၇၁၄၆ ဒသမ ၇၉၃ သန်း လျော့ကျခဲ့ခြင်းဖြစ်သည်။

နှစ်အလိုက် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုအနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၈၉၇၇ ဒသမ ၀၁၅ သန်း၊ သွင်းကုန်ဒေါ်လာ ၉၀၆၈ ဒသမ ၉၁၄ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၁၈၀၄၅ ဒသမ ၉၂၉ သန်းရရှိခဲ့သည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၁၁၃၆ ဒသမ ၈၇၈ သန်း၊ သွင်းကုန်ဒေါ်လာ ၁၆၅၇၇ ဒသမ ၉၄၈ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၇၇၁၄ ဒသမ ၈၂၆ သန်းရရှိခဲ့သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၁၉၉၈ ဒသမ ၅၄၅ သန်း၊ သွင်းကုန်ဒေါ်လာ ၁၇၂၁၁ ဒသမ ၀၆၂ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၂၉၂၀၉ ဒသမ ၆၀၇ သန်းရရှိခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၄၈၈၃ ဒသမ ၁၆၀ သန်း၊ သွင်းကုန်ဒေါ်လာ ၁၈၆၉၄ ဒသမ ၈၉၂ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၃၅၇၈ ဒသမ ၀၅၂ သန်းရရှိခဲ့သည်။

၂၀၁၈ ခုနှစ် Mini Budget တွင် ပို့ကုန်ဒေါ်လာ ၈၈၆၁ ဒသမ ၀၃၂ သန်း၊ သွင်းကုန်ဒေါ်လာ ၉၈၆၇ ဒသမ ၇၈၃ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၁၈၇၂၈ ဒသမ ၈၁၅ သန်းရရှိခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပို့ကုန် ဒေါ်လာ ၁၇၀၆၀ ဒသမ ၄၁၅ သန်း၊ သွင်းကုန်ဒေါ်လာ ၁၈၀၈၆ ဒသမ ၅၉၇ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၅၁၄၇ ဒသမ ၀၁၂ သန်းရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံမှ ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်နေပြီး အမျိုးသားပို့ကုန် မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ၏ အဓိကဦးစားပေးကဏ္ဍများတွင် လယ်ယာထွက်ကုန်ပစ္စည်း အခြေခံစားသောက်ကုန် ထုတ်လုပ်ခြင်းကဏ္ဍ၊အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့်လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှုသတင်းအချက်အလက် ဝန်ဆောင်မှုကဏ္ဍ ၊တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင်ဆောင်ရွက်ခြင်းကဏ္ဍ စသည်တို့လည်း ပါဝင်သည်။

Most Read

Most Recent