အလွှာပေါင်းစုံပါဝင်တဲ့ ကင်းမွန်ရာသီရောက်ရှိပြီ

အလွှာပေါင်းစုံပါဝင်တဲ့ ကင်းမွန်ရာသီရောက်ရှိပြီ
Published 24 October 2021

မြန်မာတို့ရဲ့ထုံးတမ်းစဉ်လာအရ ၀ါတွင်းကာလ လွန်မြောက်ပြီး မိုးလေကင်းစင်တဲ့အခါမှာ သီတင်းကျွတ်ကာလ ရောက်ရှိပြီဖြစ်ပါတယ်။   သီတင်းကျွတ်ကာလ ပြီးတဲ့အခါမှာ တော့ပွင့်လင်းရာသီ စတင်ရောက်ရှိပြီဖြစ်ပါတယ်။  မိုးလေကင်းစင်မှုနဲ့အတူ ပင်လယ်ပြင်အတွင်းမှာ ငါးဖမ်းလှေတွေ စုံလင်စွာရေလုပ်ငန်းလုပ်ကြပြီး ကင်းမွန်လုပ်ငန်း (၀ါ) ကင်းမွန် မီးထွန်းလှေများမှာလည်း ပင်လယ်ပြင်အတွင်း လုပ်ငန်းခွင် ဝင်ရောက်လာကြပြီဖြစ်ပါတယ်။

ကင်းမွန်ရာသီမှာ ပုံမှန်အားဖြင့် သီတင်း ကျွတ်ပွဲတော်ပြီးချိန်မှစတင်ပြီး သင်္ကြန်ပွဲတော် ပြီးဆုံးတဲ့အထိ ဖြစ်ပါတယ်။  အင်္ဂလိပ်ပြက္ခဒိန် ဖြင့် တွက်ချက်ရင်တော့ အောက်တိုဘာမှ မေ လအထိဖြစ်ပါတယ်။ တချို့ကင်းမွန်လှေများ ကတော့ တစ်လစော၊ တစ်လနောက်ကျတဲ့ အထိ လုပ်ငန်းလုပ်ကြတာမျိုးရှိပါတယ်။  ကင်း မွန်ဖမ်းဆီးခြင်းလုပ်ငန်းက ဘာကြောင့် ပွင့် လင်းရာသီ အချိန်အခါမျိုးမှာ လုပ်ကြတာလဲ။ ကင်းမွန်လှေ (၀ါ) ကင်းမွန်မီးထွန်းလှေလုပ် ငန်းက ပင်လယ်ပြင်အတွင်း လဆုတ်၊ လကွယ်၊ လဆန်းစရက်တွေမှာ မီးထွန်းပြီး ဖမ်းကြရပါ တယ်။ လပြည့်အလင်းရောင်မျိုးလည်း ရှိနေ လို့ မရသလို မိုးလေပြင်းထန်းနေလို့လည်းမရ ပါဘူး။

ကင်းမွန်လှေတွေမှာ တပ်ဆင်ထားတဲ့ လက်တံကြီးတွေမှာ လျှပ်စစ်မီးလုံးမျိုးစုံရှိပြီး မိုးလေကင်းစင်နေမှ လုပ်ငန်းလုပ်ရတာပါ။  ညအချိန်မှာ မီးထွန်းပြီး ကင်းမွန်တွေကိုပင်လယ်ရေမျက်နှာပြင်ပေါ် တက်လာအောင် လုပ်ရပါတယ်။  ကင်းမွန်တွေစုဝေးလာတဲ့အခါ  မှာ ပိုက်ကွန်ချပြီး ဖမ်းဆီးရတာပါ။ ညအချိန် အခါမျိုးမှာ ကင်းမွန်လှေတွေ စုပေါင်းပြီး မီး ထွန်းထားကြပုံက ပင်လယ်ထဲမှာလျှပ်စစ်မီး ထိန်ညီးနေတဲ့ မြို့တွေရှိနေသလား ထင်မှားရ ပါတယ်။

 “ကျွန်တော်တို့ ကင်းမွန်လှေတွေမှာက မီးဆရာ (လျှပ်စစ်မီးကို တာဝန်ယူထားသူ)က အဓိကဖြစ်တယ်။ တခြားငါးဖမ်းလှေတွေမှာ က ၀ါလတ် (ဒရွတ်ဆွဲ) ဆိုရင် ပဲ့နင်းက အဓိ ကတာဝန်ရှိတယ်။ ၀ါတန်း (၀ိုင်းချုပ်)လှေဆို ရင် ငါးဆရာက အဓိကကျတယ်။ ကင်းမွန်မီး ထွန်းလှေမှာက မီးဆရာက အဓိကပါပဲ။ သူ့ရဲ့ တတ်ကျွမ်းမှုအပေါ်မူတည်ပြီး ကင်းမွန်ရရှိမှု အနည်းအများ ကွာသွားတယ်။ မီးဆရာက  ဖမ်းဆီးရမယ့် ရေပြင်၊ မီးထွန်းရမယ့် အနေ အထားကို ဆုံးဖြတ်ချက်ချတာပါ။ လှေသား တွေက သူညွန်ကြားတဲ့အတိုင်း ဆောင်ရွက် ပေးရတယ်”လို့ ကင်းမွန်ရေလုပ်သားတစ်ဦး က ပြောကြားခဲ့ပါတယ်။

မြိတ်ကျွန်းစုအတွင်းမှာရှိတဲ့ ကျွန်းတွေ ပေါ်မှာနေထိုင်တဲ့ ဒေသခံရေ လုပ်သားတွေ၊ မြို့ပြတွေမှာနေထိုင်တဲ့ လှေပိုင်ရှင်တွေ၊ ရေ လုပ်သားတွေ အားလုံးက ၀ါတွင်းကင်းလွတ်တဲ့ အခါမှာ ကင်းမွန်လှေလုပ်ငန်း လုပ်ကိုင်ကြပါ တယ်။ အလွှာစုံ၊ လူတန်းစားအသီးသီးက ဒီ လုပ်ငန်းမှာ ပါဝင်နေကြပါတယ်။

 “တဝ လို့ခေါ်တဲ့ ဒေသခံကမ်းဝေးတွေ က လုပ်ငန်းရှင်ကြီးတွေ လုပ်ကိုင်ကြတယ်။  အဲဒီလှေတွေက အရွယ်အစားလည်းကြီးသလို ပင်လယ်ပြင်အထွက်စရိတ်လည်း အများကြီး ကုန်ကျတယ်။ သိန်းရာချီ အထွက်စရိတ်ရှိကြ တယ်။ ကျွန်တော်တို့ ကျွန်းပေါ်နေ ဒေသခံ တွေလည်း ရာသီအချိန်အခါရောက်လာရင် ကင်းမွန်လှေကလေးတွေနဲ့ အသက်မွေးဝမ်း ကျောင်းပြုကြတယ်။ လှေငယ်လေးတစ်စင်း ပိုင်တဲ့သူဆီမှာ အစုစားပုံစံမျိုးလိုက်ပါလုပ် ကိုင်ကြတယ်။ လှေပိုင်ရှင်က လောင်စာဆီဖိုး၊  ရေခဲဖိုးနဲ့ ရေလုပ်စရိတ်တွေနုတ်ပြီး ကျွန်တော် တို့က ကျန်တဲ့အပိုင်းကို ဝေစုမျှယူကြတဲ့ သဘောပါ။ လခစားလုပ်တာမျိုး မဟုတ်ဘူး။ ကင်းမွန်လှေပိုင်ရှင်နဲ့အတူ အဆိုးအကောင်း ခွဲယူကြခံရတာမျိုးပါ။ ကင်းမွန်ရရှိမှုနဲ့ စျေးနှုန်း ကောင်းရင် တွက်ခြေကိုက်ကြပါတယ်”လို့ ကင်းမွန်လှေ အစုစားလိုက်နေသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

ငါးဖမ်းရာသီ အပြောင်းအလဲတချို့ ကြောင့် ပွင့်လင်းရာသီများမှာသာ လုပ်ကိုင် ကြတဲ့ ကင်းမွန်လုပ်ငန်းမှာ အခက်အခဲတချို့ လည်းရှိနေပါတယ်။

 “ငါးဖမ်းရာသီက ဇွန်၊ ဇူလိုင်၊ သြဂုတ် ဆိုရင် ပိတ်တယ်။ ဒီအချိန်တွေက မုတ်သုံဝင် ရောက်ပြီး ပင်လယ်ပြင်ထဲမှာ လှိုင်းလေပြင်း ထန်တယ်။ ကျွန်တော်တို့လုပ်ငန်းလည်း ရာသီ  ပိတ်သိမ်းချိန်ပေါ့။ ဒီနှစ်မှာ ငါးဖမ်းရာသီကို မေ၊ ဇွန်၊ ဇူလိုင်လတွေမှာပိတ်တယ်။ ကျွန် တော်တို့က သြဂုတ်၊ စက်တင်ဘာမှာ မထွက် နိုင်သေးဘူး။ အောက်တိုဘာလမှ ရာသီစတင် ရတယ်။ လာမယ့်နှစ်ဆိုရင်ဧပြီလကနေ ငါး ဖမ်းရာသီ စပိတ်ပြီ။ ပွင့်လင်းရာသီမှာ ကျွန် တော်တို့ လုပ်ငန်းရပ်နားရမယ့် အနေအထား ဖြစ်နေတယ်။ အထွက်စရိတ်တွေကလည်း ကြီးလာတယ်။ ဒီဇယ်ဆီက တစ်ပေပါကို သုံး သိန်း ဖြစ်လာတယ်။ ရေခဲတစ်တုံးက ကျပ် ငါး ထောင်ဖြစ်လာတယ်။ အထွက်စရိတ်က သိန်း ၁၀၀ ကျော်လာတယ်။ စျေးကွက်အနေအထား က ထိုင်းကိုပဲအားထားနေရတယ်”လို့ မြိတ် ခရိုင် ကင်းမွန်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးထွန်းမင်းက ပြောကြားပါတယ်။

ဒေသခံကမ်းဝေးအနေနဲ့ ကင်းမွန်လှေ အစင်းရေ ၃၀၀ ခန့်ရှိပြီး ကင်းမွန်လှေငယ်များ က အစင်း ၁၀၀၀ ကျော်အထိရှိတယ်လို့ သိရ တယ်။ တစ်နိုင်တစ်ပိုင် လုပ်ငန်းငယ်လေးများ မှ လုပ်ငန်းရှင်ကြီးများအထိ ပါဝင်တဲ့ရေလုပ် ငန်းအမျိုးအစားများ ဖြစ်ပါတယ်။ မိုးတွင်းကာ လ လှိုင်းလေများအကြား ရေလုပ်ငန်းမလုပ် နိုင်ဘဲ အခက်အခဲများစွာရင်ဆိုင်ခဲ့ရတဲ့ တံငါ သည်များအဖို့ ပွင့်လင်းရာသီနဲ့အတူ မျှော် လင့်ချက်ကြီးစွာနဲ့ သူတို့ပင်လယ်ပြင်အတွင်း ထွက်ခွာသွားကြပေပြီ။ စျေးကွက်အနေအ ထားက အာမခံချက် မရှိကြသေးသော်လည်း ဝမ်းရေးအတွက် ရုန်းကန်လှုပ်ရှားနေကြရပေ ပြီ။

 “အရင်က စျေးကွက်က နှစ်ခုဖြစ်နေ တော့ ကျွန်တော်တို့မှာ ရွေးချယ်စရာရှိတယ်။ တရုတ်ဝယ်လက်တွေက ကိုဗစ်ကပ်ရောဂါဖြစ် တော့ ကင်းမွန်တွေ လာမဝယ်တော့ဘူး။ အဲဒီ တော့ ကျွန်တော်တို့က ထိုင်းနိုင်ငံကိုပဲမှီခိုပြီး ပို့ဆောင်နေရတယ်။ ထိုင်းစျေးကွက်ကိုတင် ပို့တဲ့အခါမှာလည်း ကင်းမွန်တွေကိုဒီအတိုင်း ပို့လို့မရဘူး။ အအေးခဲ ထုပ်ပိုးပြီးမှပို့ရတယ်။ လျှပ်စစ်မီတာခ စျေးကြီးတဲ့မြိတ်ဒေသမှာ အ အေးခဲ တစ်ကီလိုအတွက် ကျပ် ၅၀၀ ကုန်ကျ  တယ်။ ရန်ကုန်လိုနေရာမျိုးမှာ အအေးခဲ တစ် ကီလိုအတွက်ကျပ် ၁၅၀ ပဲကျသင့်တယ်။ ကျွန် တော်တို့မှာ အဲဒါက အခက်အခဲဖြစ်စေတယ်။ ကင်းမွန်တွေကို ပင်လယ်ထဲက ဖမ်းဆီးလာ တဲ့အတိုင်း အစိမ်းတင်ပို့နိုင်ရင်တော့ လုပ်ငန်း အဆင်ပြေမှာပါ”လို့ မြိတ်ခရိုင်ကင်းမွန်လုပ်ငန်းရှင်များအသင်းဒုဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားခဲ့ပါတယ်။

ကင်းမွန်လှေများအတွက်သတ်မှတ်ထား တဲ့ ၁၀ မိုင်မျဉ်းအပြင်ဘက်မှာသာ ဖမ်းဆီးခွင့်  ကလည်း အခက်အခဲဖြစ်နေသေးကြောင်း၊  လှိုင်းလေမခံနိုင်တဲ့ ကင်းမွန်လှေများအတွက် ရာသီဥတု ဖောက်ပြန်လာရင် အနီးဆုံးကျွန်း ကိုခိုကပ်ဖို့၊ ကျွန်းတွေ အနီးတစ်ဝိုက်မှာသာ ကျက်စားလေ့ရှိတဲ့ ကင်း မွန်တွေကို ဖမ်းဆီး ဖို့ရာမှာ ရေမိုင် ငါးမိုင်အထိ ဖြေလျှော့ပေးစေ လိုတယ်လို့ လုပ်ငန်းရှင်များက ပြောကြားခဲ့ ပါတယ်။ ငါးဖမ်းလှေအားလုံးကို တွက်ချက်ပြီး ငါးသားပေါက်ရာသီ သတ်မှတ်ချက်ကလည်း ကင်းမွန်လှေ များအဖို့ လုပ်ငန်းလုပ်ကိုင်ရတဲ့ အချိန် နည်းပါးလာမှုကို ဖြစ်လာစေပါတယ်။ တစ်နှစ်လျှင် တစ်လစီတိုးပြီး ငါးဖမ်းရာသီပိတ် သွားပါက ပွင့်လင်းရာသီများတွင်သာ လုပ် ကိုင်ရတဲ့ ကင်းမွန်လှေလုပ်ငန်း ရပ်တန့်သွား နိုင်တယ်လို့ ကင်းမွန်လှေလုပ်ကိုင်သူများက ထောက်ပြပြောကြားခဲ့ပါတယ်။

ကပ်ရောဂါအခြေအနေများ၊ ရာသီဥတု ဖောက်ပြန်မှုများကြားက ပွင့်လင်းရာသီ ရောက်ရှိလာပြီလို့ ပြောနိုင်တဲ့ အောက်တိုဘာ လမှာတော့ အလွှာအသီးသီးက ရေလုပ်ငန်း လုပ်ကိုင်သူများက မျှော်လင့်ချက်ကြီးစွာနဲ့  ပင်လယ်ပြင်အတွင်းကို ထွက်ခွာသွားကြပါပြီ။ မိုးလေကင်းစင်မှုနဲ့အတူ သူတို့ရဲ့အခက်အခဲ များလည်း ကင်းစင်ပြီး ရေလုပ်သားများအဆင် ပြေကြပါစေလို့သာ ဆုတောင်းနေမိပါတယ်။

Most Read

Most Recent