ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်း ၉၃ ပွိုင့်ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၀၃၀ ဝန်းကျင်သို့ ပြန်လည်ကျဆင်း

ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်း ၉၃ ပွိုင့်ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၀၃၀ ဝန်းကျင်သို့ ပြန်လည်ကျဆင်း
Published 21 October 2021

အောက်တိုဘာ ၂၁တွင် ကမ္ဘာ့ဒေါ် လာ စျေး အညွှန်းကိန်း ၉၃ ပွိုင့်ဝန်းကျင်ရှိကာ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၀၃၀ ဝန်းကျင်သို့ ပြန်လည်ကျဆင်းလာကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိ ရသည်။

ပြည်တွင်း၌ ကျပ်ငွေတန်ဖိုးကျဆင်းမှု ဆက်တိုက်ဖြစ်ပေါ်လျက်ရှိပြီး စက်တင်ဘာ ၂၉ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၇၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့် တက်ခဲ့ကြောင်း နိုင်ငံခြား ငွေကြေးရောင်း ဝယ်သူများထံမှ သိရသည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၁ ရက်တွင်ဖြစ်ပေါ် သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲ လှယ်မှု  နှုန်းထားများမှာ ယူရို၂၆၀၀ ကျပ်၊ စင်ကာပူ ဒေါ်လာ ၁၄ဝဝကျပ်၊ မလေးရှားရင်း ဂစ်၄၃ဝကျပ်၊ ထိုင်းဘတ် ၅၈ကျပ်၊ ဂျပန်ယန်း ၁၇ ကျပ်၊ တရုတ်ယွမ် ၃၀၅ကျပ်တို့ ဖြစ်သည်။

သြဂုတ် ၈ ရက်က ထုတ်ပြန်ခဲ့သည့် နိုင် ငံခြားငွေများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊လဲ လှယ်ခြင်းတို့ လုပ်ဆောင်ရာတွင် CBM Reference Rate  အား Mid Rate ဖြင့် သတ်မှတ်၍ ရောင်းစျေးနှုန်းနှင့် ဝယ်စျေးနှုန်းကို သုည ဒသမ ၈ ရာခိုင်နှုန်းဘောင်အတွင်း ဆောင်ရွက်ရန် ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ သည်။

သို့ဖြစ်၍ စက်တင်ဘာ ၁၂ ရက်မှ စတင် ကာ နိုင်ငံခြားငွေလဲကောင်တာများတွင် အ မေရိကန်ဒေါ်လာ တစ်ဒေါ်လာကျပ် ၂၀၀၀ ဝန်းကျင်ဖြင့် ရောင်းချနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ အောက်တိုဘာ ၁၈ ရက်အထိ နိုင်ငံ ခြားငွေစျေးပြိုင်လေလံဖြင့်  ဒေါ်လာ ၂၃၄ ဒသမ ၈ သန်းအထိ ရောင်းချ ထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းအတက်၊ အကျကြီးမားခြင်းကို လျော့ နည်းစေရန်နှင့် နိုင်ငံခြားသုံးသီးသန့် အရန် ငွေဖြည့်တင်းရန် ဗဟိုဘဏ်က နိုင်ငံ ခြား ငွေ စျေးပြိုင်လေလံဖွင့်လှစ်ဆောင်ရွက် နေသည်။

ဗဟိုဘဏ်စျေးပြိုင် လေလံအတွက်စည်း မျဉ်း၊ ညွှန်ကြားချက်များချမှတ်ထားပြီး အဆို ပါစည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ နိုင် ငံခြားငွေစျေးပြိုင်လေလံတွင် ပါဝင်သည့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကား သည့်လုပ်ငန်းလိုင်စင် Authorized Dealer – AD ရ ဘဏ်များဖြစ်သော နိုင်ငံပိုင်ဘဏ် သုံးဘဏ်၊ ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၉ ဘဏ် နှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် နိုင်ငံခြားငွေဝယ်ခြင်း၊ ရောင်းခြင်းတို့ကို ဆောင်ရွက်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏နိုင်ငံခြား သုံးငွေလုပ်ငန်းဆောင်ရွက်ချက်များမှာ  ကာ လတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းအ တက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန် အလုပ်လုပ်ရက်တစ်ရက်ရှိ မြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ၏ ငွေလဲလှယ်နှုန်း နှင့် ယခင်ရက်ရည်ညွှန်းငွေလဲ လှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန် မာကျပ်ငွေတန်ဖိုးကျဆင်းသည့် ရာခိုင်နှုန်း သည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြား ငွေ (အမေရိကန်ဒေါ်လာ ရောင်းချရန် စျေး ပြိုင်လေလံကို ဖွင့်လှစ် ဆောင်ရွက်ခြင်း၊ မြန် မာကျပ်ငွေတန်ဖိုးမြင့်တက်သည့်ရာခိုင်နှုန်း သည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြား ငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန် စျေး ပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ နိုင်ငံ တော်၏ နိုင်ငံခြားသုံးသီးသန့်အရန်ငွေကို ဖြည့်တင်းရန် အလုပ်လုပ်ရက် တစ်ရက်၏ ငွေလဲလှယ်နှုန်းအား ပြီးခဲ့သည့် ရက်ပေါင်း ၂၀ အတွင်း၌ ဖြစ်ပေါ်သည့် ပျမ်းမျှမြန်မာ ကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာလဲလှယ် နှုန်းနှင့် နှိုင်းယှဉ်ခြင်း၊ ယင်းသို့ နှိုင်းယှဉ်ချက် အရ မြန် မာကျပ်ငွေတန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်း များအရ သတ်မှတ်ချက်ထက်ကျော် လွန်လျှင် နိုင်ငံခြားငွေ (ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင် လေလံကို  ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ စျေးပြိုင် လေလံတွင် ဗဟိုဘဏ်က ကြေညာထားသည့် အမြင့်ဆုံးလဲလှယ်နှုန်းနှင့် အနိမ့် ဆုံးလဲလှယ် နှုန်းအကြား AD  ဘဏ်များက တင်ပြသည့် နိုင်ငံခြားငွေဝယ်ယူရန်၊ ရောင်းချရန် တင်ပြ ချက်များကို Refinitiv ယခင် Thomson Reuters ၏ လေလံအရောင်းအဝယ်စနစ် ကို အသုံးပြု၍ ဗဟိုဘဏ်က ဝယ်ယူ၊ ရောင်းချ ခြင်းဖြစ်သည်။ ကာလတိုအတွင်း နိုင်ငံခြား ငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမား ခြင်းကို လျော့နည်းစေရန်ဖြစ်သည်။

Most Read

Most Recent