COVID-19 ပိုးတွေ့ရှိမှု ခုနစ်ရာခိုင်နှုန်းဝန်းကျင်အထိ လျော့ကျလာပြီး အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၁၂ ရက်အတွင်း သေဆုံးသူ ၄၅၀ ကျော်ရှိ

COVID-19 ပိုးတွေ့ရှိမှု ခုနစ်ရာခိုင်နှုန်းဝန်းကျင်အထိ လျော့ကျလာပြီး အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၁၂ ရက်အတွင်း သေဆုံးသူ ၄၅၀ ကျော်ရှိ
Published 13 October 2021

မြန်မာနိုင်ငံတွင် COVID-19 ပိုးတွေ့ ရှိမှု ခုနစ်ရာခိုင်နှုန်းဝန်းကျင် လျော့ကျလာပြီး အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၁၂ ရက်အထိ သေဆုံးသူ ၄၅၀ ကျော်ရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်များအရ သိရသည်။                 

သေဆုံးသူအနေဖြင့် အောက်တိုဘာ ၁ ရက်တွင် သေဆုံးသူ ၅၄ ဦး၊ အောက်တိုဘာ ၂ ရက်တွင် ၄၆ ဦး၊ အောက်တိုဘာ ၃ ရက် တွင် ၄၈ ဦး၊ အောက်တိုဘာ ၄ ရက်တွင် ၃၈ ဦး၊ အောက်တိုဘာ ၅ ရက်၌ ၃၆ ဦး၊ အောက်တို ဘာ ၆ ရက်တွင် ၄၁ ဦး၊ အောက်တိုဘာ ၇ ရက် တွင် ၃၆ ဦး၊ အောက်တိုဘာ ၈ ရက်တွင် ၃၄ ဦး၊ အောက်တိုဘာ ၉ ရက်တွင် ၃၆ ဦး၊ အောက် တိုဘာ ၁၀ ရက်တွင် ဦးရေ ၃၀၊ အောက်တို ဘာ ၁၁ ရက်တွင်၂၈ ဦး၊ အောက်တိုဘာ ၁၂ ရက်တွင် ၂၆ ဦးရှိခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၄၅၃ ဦးရှိခဲ့ကြောင်း သိရသည်။

ရောဂါပိုး စစ်ဆေးနိုင်မှု အခြေအနေ အရ ပိုးတွေ့ရှိမှုအနေဖြင့် အောက်တိုဘာ ၁ ရက်တွင် ၇ ဒသမ ၈၃ ရာခိုင်နှုန်း၊ အောက်တို ဘာ ၂ ရက်တွင် ၆ ဒသမ ၆၇ ရာခိုင်နှုန်း၊ အောက်တိုဘာ ၃ ရက်တွင် ၈ ဒသမ ၃ ရာခိုင် နှုန်း၊ အောက်တိုဘာ ၄ ရက်တွင် ၇ ဒသမ ၆၈ ရာခိုင်နှုန်း၊ အောက်တိုဘာ ၅ ရက်တွင် ၈ ဒသမ ၄၁ ရာခိုင်နှုန်း၊ အောက်တိုဘာ ၆ ရက် တွင် ၈ ဒသမ ၄၂ ရာခိုင်နှုန်း၊ အောက်တုုိဘာ ၇ ရက်တွင် ၇ ဒသမ ၄၄ ရာခိုင်နှုန်း၊ အောက် တိုဘာ ၈ ရက်တွင် ၇ ဒသမ ၈၁ ရာခိုင်နှုန်း၊ အောက်တိုဘာ ၉ ရက်တွင် ၇ ဒသမ ၃၈ ရာ ခိုင်နှုန်း၊ အောက်တိုဘာ ၁၀ ရက်တွင် ၈ ဒသမ ၆၃ ရာခိုင်နှုန်း၊ အောက်တိုဘာ ၁၁ ရက်တွင် ၇ ဒသမ၂၇ ရာခိုင်နှုန်း၊ အောက်တိုဘာ ၁၂ ရက်တွင် ၇ ဒသမ ၆၈ ရာခိုင်နှုန်း ရှိခဲ့သည်။

ပိုးတွေ့ရှိမှု သိသိသာသာလျော့ကျခဲ့ သည့် စက်တင်ဘာလအစပိုင်းတွင် သေဆုံး သူ ဦးရေ ၁၀၀ ဝန်းကျင်ရှိခဲ့ပြီး လကုန်ပိုင်း တွင် သေဆုံးသူဦးရေ ၅၀ ဝန်းကျင်အထိ လျော့ကျကာ တစ်လအတွင်းသေဆုံးသူ စုစု ပေါင်း ၂၃၄၆ ဦး ရှိခဲ့သည်။

ထို့ပြင် ရောဂါပိုးစစ်ဆေးနိုင်မှုအရ စက် တင်ဘာ ၁ ရက်တွင် ၈ ဒသမ ၅၁ ရာခိုင်နှုန်း၊ စက်တင်ဘာ၂ ရက်တွင် ၉ ဒသမ ၈ ရာခိုင် နှုန်း၊ စက်တင်ဘာ ၃ ရက်တွင် ၁၀ ဒသမ၂၂ ရာခိုင်နှုန်း၊ စက်တင်ဘာ ၄ ရက်တွင် ၉ ဒသမ ၆၃ ရာခိုင်နှုန်း၊ စက်တင်ဘာ ၅ ရက်တွင် ၁၀ ဒသမ ၄၆ ရာခိုင်နှုန်း၊ စက်တင်ဘာ ၆ ရက် တွင် ၁၀ ဒသမ၂ဝရာခိုင်နှုန်း၊ စက်တင်ဘာ ၇ ရက်တွင်  ၉ ဒသမ ၆၈ ရာခိုင်နှုန်း၊ စက်တင် ဘာ ၈ ရက်တွင် ၁၀ ဒသမ ၆၄ ရာခိုင်နှုန်း၊ စက်တင်ဘာ ၉ ရက်တွင် ၉ ဒသမ ၀၁ ရာခိုင် နှုန်း၊ စက်တင်ဘာ ၁၀ ရက်တွင် ၈ ဒသမ ၄၇ ရာခိုင်နှုန်း၊ စက်တင်ဘာ ၁၁ ရက်တွင် ၉ ဒသမ ၀၂ ရာခိုင်နှုန်း၊ စက်တင်ဘာ ၁၂ ရက် တွင် ၉ ဒသမ ၂၀ ရာခိုင်နှုန်း၊ စက်တင်ဘာ ၁၃ ရက်တွင် ၉ ဒသမ ၇ ရာခိုင်နှုန်း၊ စက်တင် ဘာ ၁၄ ရက်တွင် ၉ ဒသမ ၇၅ ရာခိုင်နှုန်း၊ စက်တင်ဘာ ၁၅ ရက်တွင် ၉ ဒသမ ၉၅ ရာ ခိုင်နှုန်း၊ စက်တင်ဘာ ၁၆ ရက်တွင် ၈ ဒသမ ၇၄ ရာခိုင်နှုန်း၊ စက်တင်ဘာ ၁၇ ရက်တွင် ၉ ဒသမ ၅၉ ရာခိုင်နှုန်း၊ စက်တင်ဘာ ၁၈ ရက် တွင် ၉ ဒသမ ၂၄ ရာခိုင်နှုန်း၊ စက်တင်ဘာ ၁၉ ရက်တွင် ၉ ဒသမ ၀၃ ရာခိုင်နှုန်း၊ စက် တင်ဘာ ၂၀ ရက်တွင် ၉ ဒသမ ၁၆ ရာခိုင်နှုန်း၊ စက်တင်ဘာ ၂၁ ရက်တွင် ၈ ဒသမ ၁၉ ရာ ခိုင်နှုန်း၊ စက်တင် ဘာ၂၂ ရက်တွင် ၉ ဒသမ ၀၁ ရာခိုင်နှုန်း၊ စက်တင်ဘာ ၂၃ ရက်တွင် ၈ ဒသမ ၈၂ ရာခိုင်နှုန်း၊ စက်တင်ဘာ ၂၄ ရက် တွင် ၉ ဒသမ ၀၃ ရာခိုင်နှုန်း၊ စက်တင်ဘာ ၂၅ ရက်တွင် ၈ ဒသမ ၅၂ ရာခိုင်နှုန်း၊ စက် တင်ဘာ ၂၆ ရက်တွင် ၈ ဒသမ ၃၂ ရာခိုင်နှုန်း၊ စက်တင်ဘာ ၂၇ ရက်တွင် ၇ ဒသမ ၂၃ ရာခိုင် နှုန်း၊ စက်တင်ဘာ ၂၈ ရက်တွင် ၈ ဒသမ ၂ ရာခိုင်နှုန်း၊ စက်တင်ဘာ ၂၉ ရက်၌ ၈ ဒသမ ၂၄၊ စက်တင်ဘာ ၃၀ ရက်တွင် ၈ ဒသမ ၀၂ ရာခိုင်နှုန်း ရှိခဲ့ကြောင်း ကျန်းမာရေးဆိုင်ရာ အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံ၌ မေ ၂၇ ရက်မှစ၍ COVID-19 ရောဂါပိုးတွေ့လူနာ ပြန်လည်များ ပြားလာပြီး ကိုဗစ်တတိယလှိုင်းကို အစပျိုး ဖြစ်ပွားလာကာ ဇွန်လအတွင်း ပိုးတွေ့လူနာ နေ့စဉ် ၁၀၀ ကျော်မှ ၁၅၀၀ ကျော်အထိ တွေ့ ရှိခဲ့သည်။

ထို့နောက် ဇူလိုင်လအတွင်း ပိုးတွေ့ရှိမှု ရာခိုင်နှုန်း ၂၀ မှ ရာခိုင်နှုန်း ၄၀ ကျော်အထိ မြင့်တက်ခဲ့ပြီး ရက်အလိုက် သေဆုံးသူမြင့် တက်ခဲ့ကာ သေဆုံးသူ စုစုပေါင်း ၆၀၀၀ ကျော်အထိရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည့်ဖြိုးအောင်

Most Read

Most Recent