အိန္ဒိယအစိုးရက  Bharat Biotech ၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ကလေးများတွင် အရေးပေါ် အသုံးပြုထိုးနှံရန် ခွင့်ပြု

အိန္ဒိယအစိုးရက  Bharat Biotech ၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ကလေးများတွင် အရေးပေါ် အသုံးပြုထိုးနှံရန် ခွင့်ပြု
Published 13 October 2021
Ref: Reuters

အိန္ဒိယဆေးကုမ္ပဏီ Bharat Biotech ၏ COVID-19 ကာကွယ်ဆေးကို အသက် နှစ်နှစ်မှ ၁၈ နှစ်အရွယ်များအား စမ်းသပ်ထိုးနှံမှုမှ ရရှိလာသည့် အချက်အလက်များကို စိစစ်ခဲ့ပြီးနောက် အစိုးရက ယင်းကာကွယ်ဆေးကို အသက် ၁၂ နှစ်အထက် ကလေးများအား အရေးပေါ်အသုံးပြုထိုးနှံရန် ခွင့်ပြုလိုက် ကြောင်း အောက်တိုဘာ ၁၂ ရက်က ထုတ်ပြန် ခဲ့ပြီး ထိုဆေးကုမ္ပဏီသည် အိန္ဒိယတွင်ယင်းကဲ့သို့ အတည်ပြုချက်ရရှိသည့် ပထမဆုံးဆေး ကုမ္ပဏီ ဖြစ်လာခဲ့သည်။

ယင်းကာကွယ်ဆေးသည် ကလေးများတွင် ကိုယ်ခံအားလှုံ့ဆော်မှု ပေးနိုင်ပြီး အရွယ်ရောက်ပြီးသူများကိုထိုး နှံပေးရာတွင်လည်း ဘေးကင်းလုံခြုံသည့်အ ချက်အလက်များကျယ်ကျယ်ပြန့်ပြန့်ရရှိထား သောကြောင့် ရောဂါအခံရှိသည့် ကလေးများ အနေဖြင့် လက်ရှိအချိန်တွင် ယင်းကာကွယ် ဆေးကိုအလျင်အမြန်ထိုးနှံသင့်ကြောင်း၊  ကျန်း မာရေးကောင်းမွန်သည့် ကလေးများအနေ ဖြင့်လည်း အရွယ်ရောက်ပြီးသူများကို ပိုမိုထိုး နှံပြီးသည့်အချိန်အထိ စောင့်ဆိုင်းနေသင့် ကြောင်း ဗယ်လောမြို့ရှိ ခရစ်ယာန်ဆေးဘက် ဆိုင်ရာကောလိပ်မှပါမောက္ခဒေါက်တာ ဂါဂန် ဒိကန်းက ပြောကြားခဲ့သည်။

Most Read

Most Recent