ကိုဗစ်ဖြစ်ပြီး ရောဂါလက္ခဏာစု (Post Covid Syndrome)

ကိုဗစ်ဖြစ်ပြီး ရောဂါလက္ခဏာစု (Post Covid Syndrome)
Published 10 October 2021
ဒေါက်တာလွင်သန့်

ကမ္ဘာ့နိုင်ငံများတွင် COVID-19 ဖြစ်ပွားမှု မြင့်တက်နေဆဲပြီး အောက်တိုဘာ ၉ ရက်က တစ်ရက်အတွင်းလူနာသစ် ၃၄၀၀၀၀ ကျော်နှင့် သေဆုံးသူ ၅၅၀၀ ကျော်ရှိကြောင်း Worldometer က ထုတ်ပြန်ထားသော စာရင်းအရ သိရပါတယ်။

ကမ္ဘာတစ်ဝန်း COVID-19ရောဂါ ကူးစက်ဖြစ်ပွားအနေနဲ့ အောက်တိုဘာ ၉ ရက်က တစ်ရက်အတွင်း ရောဂါကူးစက်ခံရ သူ လူနာအသစ် ၃၄၉၉၅၆ ဦးနဲ့ သေဆုံးသူ ၅၅၂၀ ဦးရှိကြောင်း Worldometer က ထုတ် ပြန်ထားပါတယ်။

အောက်တိုဘာ ၉ ရက် နံနက်ပိုင်းအထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ ကူးစက် ခံရသူ ပေါင်း၂၃၈၃၃၀၀၈၃ ဦးရှိပြီး သေဆုံး သူ   ၄၈၆၂၃၆၃ဦးရှိကာ ပြန်လည်သက်သာ ကောင်းမွန်လာသူပေါင်း၂၁၅၄၆၂၃၇၁ ဦးရှိ ပြီ ဖြစ်ကြောင်း သိရပါတယ်။

၂၀၁၉ ဒီဇင်ဘာလက တရုတ်နိုင်ငံ ဝူဟန်မြို့ကစတင်ခဲ့တဲ့ ကိုဗစ် (COVID-19)ကပ်ရောဂါဟာ တတိယလှိုင်းအဖြစ်အရှိန် အဟုန်နဲ့ ကူးစက်ပျံ့နှံ့နေဆဲဖြစ်ပါတယ်။

သုတေသနအရ အိပ်ချအိုင်ဗီ (HIV/AIDS) လူနာတစ်ဦးမှာ တစ်နှစ်လုံး ကိုဗစ် ကူးစက်မှုပေါင်း ၃၆ ကြိမ်အထိ စံချိန်တင် ကူး စက်ခံထားရပါတယ်။ ကိုဗစ်ကာကွယ်ဆေး ၂၁ မျိုးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က အရေးပေါ်ကြိုတင်ကာကွယ်ဆေးအဖြစ် အသိအမှတ်ပြု ထိုးနှံနေကြရာမြန်မာနိုင်ငံမှာ အိန္ဒိယထုတ် အက်စထွာဇီနီကာ (Astrazeneca) ကုမ္ပဏီခွဲမှ ကိုဗစ်ရှီး (Covishield) ကို ပထမထိုးနှံခဲ့ပြီးနောက်ပိုင်း တရုတ်နိုင်ငံထုတ် ဆိုင်နိုဖမ်း (Synopharm)၊ ဆိုင်နိုဗက် (Synovac) ကုမ္ပဏီမှ ကာကွယ်ဆေးများ ထိုးနှံနေပြီး ရုရှားနိုင်ငံထုတ် စပင့်နက် (Sputnik) ကာကွယ်ဆေးလည်း ထိုးနှံဖို့စီစဉ်ထားပါ တယ်။

ကိုဗစ် (COVID-19) ဖြစ်ပြီးနောက် ပိုင်း ရောဂါလက္ခဏာစုများကို ဒီရောဂါကင်း စင်ပြီး ခြောက်အလထိ အချိန်ယူခဲ့ရပါတယ်။ ဆီးချို (Diabetes ) ရောဂါအခံရှိသူများ ပိုမို ခံစားရကာ ရောဂါပြီးဆုံးပြီးမှာလည်း အလူး အလဲခံစားကြရပါတယ်။ မြန်မာနိုင်ငံ ရန်ကုန်မြို့ ဓာတ်ခွဲခန်းတစ်ခုကတော့ ကိုဗစ်ဖြစ်ပြီးသူများ (၁) ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊ (၂)အီးစီဂျီ (ECG) နဲ့ နှလုံးစစ်ဆေးခြင်း၊ (၃)သွေးစစ်ဆေးခြင်း၊ (၄)ကျောက်ကပ်လုပ် ဆောင်ချက်စစ်ဆေးခြင်း (Urea, Electrolytes, Creativine)၊ (၅)အသည်းစွမ်းဆောင် ချက်များစစ်ဆေးခြင်း (ALT, AST Total Bilirubin))၊ (၆)အဆီစစ်ဆေးခြင်း(Fat Situation) တို့ လိုအပ်ကြောင်း အများမြင်သာ အောင်ကြေညာထားပါတယ်။ အထူးကုဆရာ ဝန်များ၊ ပါရဂူများကလည်း လိုအပ်တဲ့ဓာတ် ခွဲစမ်းသပ်ချက်များ ထပ်မံဖြည့်စွက်ခဲ့ကြပါ တယ်။

ကိုဗစ်နောက်ပိုင်းရောဂါစု (Post Covid Syndrome- PCS ဖြစ်ရတာဟာ ကိုရိုနာဗိုင်းရပ်စ်က ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ကစဉ့်ကလျားဖြစ်စေပြီး ခန္ဓာကိုယ်အနှံ့ရောင်ရမ်းမှုအချို့ဖြစ်စေကာ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ထိခိုက်စေပါတယ်။ ခန္ဓာကိုယ် တစ်ခုလုံးမှာရှိတဲ့ ကိုဗစ် (COVID-19) ရော ဂါပိုးဝင်နိုင်တဲ့ အေစီအီးတူးလက်ခံ (ACE2 Receptor) ဆဲလ်များကလည်း လူ့ခန္ဓာကိုယ် အနှံ့အပြားရှိနေရာ (၁)နှလုံးနှင့် သွေးကြော စနစ်၊ (၂)အသက်ရှူလမ်းကြောင်းစနစ်၊ (၃)အစာအိမ်နှင့် အူလမ်းကြောင်းစနစ်၊ (၄)အသည်း၊ (၅)ကျောက်ကပ် စတာတွေ ထိ ခိုက်စေပါတယ်။ အဆိုပါထိခိုက်စေမှုတွေက ကိုဗစ်နောက်ဆက်တွဲဝေဒနာစုကို ဖြစ်ပွားရ တဲ့အကြောင်း ဖြစ်တယ်။

ရုပ်ပိုင်းလက္ခဏာစုအနေ ပင်ပန်းနွမ်း နယ်ကာ အားအင်ကုန်ခန်းနေတတ်ပါတယ်။ ချောင်းဆက်တိုက်ဆိုးခြင်း၊ လည်ချောင်းယား ခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်တလှပ်လှပ်ဖြစ် ခြင်း၊ ရုတ်တရက်ထိုင်ရာမှအထ မူးမော်ခြင်း၊ အမြင်မသဲကွဲခြင်း၊ ရင်ခေါင်းထဲ တစ်စို့စို့ဖြစ် ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်း၊ သွေးအတွင်းအောက်စီဂျင် ၉၅ ရာခိုင်နှုန်း အောက်ကျဆင်းခြင်း၊ အရသာမရှိဖြစ်ခြင်း၊ အနံ့ မကြာမကြာပျောက်တက်ခြင်း၊ အမျိုးသမီးအချို့ ဓမ္မတာမမှန်ခြင်းတို့ ဖြစ်တတ်ပါ တယ်။ ရောဂါအခံရှိသူများမှာ အကြောဆွဲ ခြင်း၊ အသားလှုပ်ခြင်းများဖြစ်တတ်လို့ ဂရု တစိုက် စောင့်ကြည့်သင့်ပါတယ်။

စိတ်ပိုင်းဆိုင်ရာရောဂါစုအနေနဲ့ ရုတ်တရက် စဉ်းစားလို့မရခြင်း၊ အရင်းနှီးဆုံးမေ့နေခြင်း (Brain Fog) လို့ခေါ်ပါတယ်။ ဦး နှောက်ထူပူနေကာ အာရုံခံစားမှု အားကုန်သွားပြီး တွေးတောကြံဆမှု ယုတ်လျော့သွားကာ  အဖြေမထွက်တာမျိုးဖြစ်တတ်ပါတယ်။ အချို့ကစိုးရိမ်မှု (Anxiety)လွန်ကဲနေ တတ်ပြီး အများစုမှာ စိတ်ဓာတ်ကျခြင်း (Depression) ဖြစ်ကာ လုပ်ချင်ကိုင်ချင်စိတ် မရှိဖြစ်နေတတ်ပါတယ်။ အထူးကြပ်မတ် ဆောင် (ICU) မှာအချိန်ကြာကုသမှုခံနေရသူ တွေဘေးနားက လူနာများပြောင်းလဲကာ ရူး ကြောင်ကြောင်ကျန်ခဲ့တတ်ပါတယ်။ နေ့စဉ် အိပ်မက်ဆိုးများ ဆက်တိုက်မက်နေတတ်ပါ တယ်။ အချို့နာတာရှည် အိပ်မရရောဂါများ ခံစားကြရတတ်ပါတယ်။

ဖော်ပြခဲ့တဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာရောဂါစုများဟာ ရက်သတ္တပတ် သုံး ပတ်၊ လေးပတ်အကြာမှာ သူ့အလိုလိုပြန် ကောင်း သွားတတ်ပါတယ်။ ထို့ထက် ပိုကြာ မြင့်စွာခံစားရပါက ကျွမ်းကျင်တဲ့ပညာရှင်နဲ့ ဆွေးနွေးပြသကာ ကုသမှုခံယူသင့်ပါတယ်။ အစားအသောက်၊ အနေအထိုင် ပြုပြင်ဂရု စိုက်ကာ ပြန်ကောင်းလာတတ်ပါတယ်။

ကျန်းမာလာစေဖို့ ယခင်အတိုင်း စား သောက်တာထက် ဝဝလင်လင် စားသောက် သင့်ပါတယ်။ အစားအစာကို နည်းနည်းနဲ့ အကြိမ်များများ (အရသာမခံစားရတဲ့တိုင်) သည်းခံပြီး စားသောက်သင့်ပါတယ်။ အာ ဟာရပြည့်ဝတဲ့အစားအစာ၊ လက်ဆတ်တဲ့ အော်ဂဲနစ်ထွက် သစ်သီးဝလံ၊ အသီးများများ စားသင့်ပါတယ်။ အရောင်အသွေးစုံလင်တဲ့ သဘာဝအသီးအနှံများ၊ ကြက်ဥ၊ ငုံးဥ၊ အနီ ရောင်အသားများ၊ ပဲအမျိုးမျိုး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်အများပြား စားသောက်စေ သင့်ပါတယ်။

ခန္ဓာကိုယ်တွင်း အောက်ဆီဂျင်ဓာတ် မကျဖို့ အရေးကြီးပါတယ်။ သံပရာသီး၊ ကီဝီ သီး၊ ထောပတ်သီး၊ ဘယ်ရီသီး၊ မုန်လာဥနီ၊ ငှက်ပျောသီးအမှည့်၊ ကြက်သွန်မြိတ်၊ တရုတ် နံနံပင်ကြီး၊ စွန်ပလွံသီး၊ ပဲပင်ပေါက်၊ အနီ ရောင်ပန်းသီး၊ တရုတ်ဆီးသီး၊ စပျစ်သီး၊ သစ် တော်သီး၊ ပန်းသစ်တော်၊ နာနတ်သီး၊ ပင်မှည့် သီး၊ သဘာဝ ဟင်းသီးဟင်းရွက်ဖျော်ရည်နဲ့သစ်သီးစုံဖျော်ရည်၊ ကညွတ်၊ ရေညှိ၊ ကန်စွန်း ရွက်၊ သရက်သီး၊ ဖရဲသီး၊ တရုတ်နံနံ၊ သင်္ဘော သီး၊ သခွားမွှေး၊ လူး၊ ဆပ်၊ ပြောင်းစတဲ့ ကောက်နှံများ၊ ပဲပိစပ်၊ ပဲလွန်းနီ၊ ပဲလွန်းဖြူ၊ ကုလားပဲခြမ်း၊ ပင်လယ်စာအမျိုးမျိုး၊ ရှောက် သီး၊ မုန်လာဥနီ၊ စပျစ်သီးခြောက်၊ ကြက်သွန် ဖြူ၊ ဂေါ်ရခါးသီး၊ ရေမှော်၊ စိမ်းပြာရေညှိတို့ မှာ အောက်ဆီဂျင်ကြွယ်ဝတဲ့အစားအစာများ ပဲဖြစ်ပါတယ်။ ရေများများသောက်သင့်ပါ တယ်။ ရေခဲရေ၊ အချိုဘူး၊ သံဘူးများ မ သောက်သုံးဖို့ လိုအပ်ပါတယ်။

နာလန်ထစလူနာတွေ အရေးကြီးဆုံး မှာ အိပ်ရေးဝဝအိပ်ကာ အနားယူသင့်ပါ တယ်။ စိတ်ရှည်ရှည်ထားပြီး အသက်ရှူလေ့ ကျင့်ခန်း မကြာခဏ ပြုလုပ်ပေးသင့်ပါတယ်။ သွေးလှည့်ပတ်မှု အားကောင်းစေဖို့ နေ့စဉ် နာရီဝက်မှ တစ်နာရီကြာ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ရွရွပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေ ကူးခြင်း တစ်ခုခုပြုသင့်ပါတယ်။ သိပ်ပြင်း ပြင်းထန်ထန် မလုပ်တာတောင် မပြင်းထန်တဲ့ လမ်းလျှောက်ခြင်း၊ ခြေထောက်လေ့ကျင့်ခန်း၊ အသက်ရှူလေ့ကျင့်ခန်းလောက် လုပ်ပေး သင့်ပါတယ်။ သွေးလှည့်ပတ်မှုလည်းကောင်း မွန်စေပါတယ်။ အသင့်အမြန်စား အစား အစာ(ှညစျေ) များဖြစ်တဲ့ ဟမ်ဘာဂါ၊ ဆင်း ဒဝစ်၊ ပီဇာ၊ အာလူးချောင်းကြော်တို့ဟာ နှစ် ခါပြန်ကြော်ဆီ ပြည့်ဝဆီနဲ့ စီမံထားလို့ အဝ လွန်စေလို့ မစားသင့်ပါဘူး။ လမ်းဘေးအစာ ထက် ကိုယ့်အိမ်မှာချက်ပြုတ်တဲ့ အစားအစာ သုံးစွဲသင့်တယ်။

ကို‌ဗစ်ရောဂါရပြီးစ လူနာများရဲ့ ရုပ် ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်း ဆိုင်ရာ လူမှုရေးပိုင်းဆိုင်ရာ အင်္ဂါသုံးရပ်နဲ့ ပြည့်စုံစေသင့်ပါတယ်။ စိုးရိမ်စိတ်လျှော့ချပြီး ဘာသာရေးလိုက်စားခြင်း၊ တရားနာခြင်း၊ ပုတီးစိပ်ခြင်း၊ တရားထိုင်ခြင်း၊ ဆုတောင်း ခြင်းမျိုးပြုသင့်ပါတယ်။ အတူနေမိသားစု များကလည်း နာလန်ထလူနာအပေါ် စိတ် ပျက်ပြုစုမှုမျိုး မပြုသင့်ဘဲ ဖေးမစောင့် ရှောက်သင့်ပါတယ်။ ကိုဗစ် (COVID-19)ရောဂါမဖြစ်စေဖို့ အကောင်းမွန်ဆုံးနည်းမှာ နှာခေါင်းစည်း (Surgical Mask)) တပ်ခြင်း၊ လက်ကိုရေ၊ ဆပ်ပြာတို့နဲ့ စက္ကန့် ၂၀ ကျော် ကြာ ပွတ်တိုက်ဆေးကြောခြင်း၊ လူတစ်ဦးနဲ့ တစ်ဦး လူမှုအကွာအဝေး (Physical Distancing 6') ခြောက်ပေကွာနေခြင်း၊ လူစု လူဝေးရှောင်ခြင်းတို့ ပြုသင့်ပါတယ်။

ကိုဗစ်ပြီးပြန်လည်ကောင်းမွန်လာပြီးမှ  မတော်တဆသေဆုံးသူများကို ရင်ခွဲစစ်ဆေးချက်အရ အဆုတ်မှာ အိပ်ချ်အိုင်ဗီ (HIV/ AIDS)) လို၊ ဆား (SARs CoV-2)) ဗိုင်းရပ်တို့ လို ဖျက်ဆီးထားကာ ဒုတိယအကြိမ်ဖြစ်ပေါ် လာနိုင်တဲ့ အခြေအနေမျိုးတွေရှိထားလို့ အိမ်ထဲမှာပင် မိသားစုဝင်များပါ နှာခေါင်း စည်းတပ်ကာ ခပ်ခွာခွာနေဖို့ သတိပေးခဲ့ပါ တယ်။ အိမ်ထဲမှာနေ (Stay at Home) နေ ခြင်းက ရောဂါမကူးစက်ခြင်း၊ ရောဂါကြိုတင် ကာကွယ်ခြင်းဖြစ်စေပါတယ်။

ကိုဗစ်ရောဂါမဖြစ်ရအောင် အကောင်း ဆုံးနည်းလမ်းက ကိုဗစ် (COVID-19) ကာ ကွယ်ဆေးထိုးနှံရေးဖြစ်တယ်။ ကာကွယ်ဆေး ထိုးနှံပြီးသူတွေမှာလည်း ကို‌ဗစ် (COVID-19) ကူးစက်နိုင်ပါသေးတယ်။ ရောဂါလက္ခဏာနည်းပါးကာ မပြင်းထန်လို့ ဆေးရုံမတက်ရခြင်း၊ အောက်ဆီဂျင် မရှူရခြင်းတို့ကြောင့် သေဆုံးနိုင်မှု နည်းပါးလှပါတယ်။ ကိုဗစ်ဖြစ် ပြီးသူများလည်း ပဋိပစ္စည်း (Anitibody)ထွက် လာတဲ့တိုင် စိတ်မချရသေးပဲ (၁-၆)လကြာ မှာ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံသင့်ပါ တယ်။

Most Read

Most Recent