ဘားအံမြို့နယ် ကော့ရင်းအောက် ကျေးရွာအုပ်စု၊ စိမ့်ပိုင်း (ကနစိုးကုန်း) တွင် ဗုံးခိုကျင်းအတွင်းရှိ ပစ္စည်းများ သယ်ထုတ်စဉ် အောက်ဆီဂျင်ပြတ်ကာ မိသားစုဝင်လေးဦး သေဆုံး

ဘားအံမြို့နယ် ကော့ရင်းအောက် ကျေးရွာအုပ်စု၊ စိမ့်ပိုင်း (ကနစိုးကုန်း) တွင် ဗုံးခိုကျင်းအတွင်းရှိ ပစ္စည်းများ သယ်ထုတ်စဉ် အောက်ဆီဂျင်ပြတ်ကာ မိသားစုဝင်လေးဦး သေဆုံး
Published 10 October 2021
ဘိုဘိုမြင့်

ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ကော့ရင်းအောက်ကျေးရွာအုပ်စု၊ စိမ့်ပိုင်း (ကနစိုးကုန်း) တွင် အောက်တိုဘာ ၉ ရက် နံနက် ၉ နာရီအချိန်ခန့်က ဗုံးခိုကျင်းအတွင်းရှိ ပစ္စည်းများ သယ်ထုတ်စဉ် အောက်ဆီဂျင်ပြတ်ကာ မိသားစုဝင်လေးဦး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးခဲ့သူများမှာ ဒေါ်တင်လှိုင် (၆၃) နှစ်၊ နော်မြစိန် (၃၉) နှစ်၊ နောင်တင်လှမွှေး (၃၃) နှစ်နှင့် နော်အေးစံပယ် (၃၀) နှစ်တို့ ဖြစ်ကြ‌ကြောင်း၊ ၎င်းတို့လေးဦးမှာ ဗုံးခိုကျင်း အဝင်ဝအကျယ် နှစ်ပေခန့်၊ အနက်ခြောက်ပေခန့်နှင့် အောက်ကျင်းအကျယ် ၁၄ ပေခန့် ရှိသည့် ဗုံးခိုကျင်းအတွင်း သေဆုံးခဲ့ကြသည်ကို တွေ့ရကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါ ဗုံးခိုကျင်းအတွင်း၌ ခြင်ဆေးဖြန်းထားပြီးနောက် မိသားစုဝင်လေးဦးစလုံး ဗုံးခိုကျင်းအတွင်း ဆင်းသွားသည့်အချိန်တွင် ခြင်ဆေးငွေ့ရှူရှိုက်မိပြီး အသက်ရှူကြပ်ကာ သေဆုံးသွားသည့် သဘောရှိကြောင်း ဒေသခံများက သုံးသပ်ပြောဆိုကြသည်။ သေဆုံးသွားသူများ၏ ရုပ်အလောင်းများကို ဘားအံမြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်‌ကြောင်း ဒေသခံများ၏ပြောကြားချက်များအရ သိရသည်။          

Most Read

Most Recent