စားအုန်းဆီများကို တစ်ပိဿာလျှင် ကျပ် ၃၇၀၀ နှုန်းဖြင့် စက်တင်ဘာ ၂၀ ရက်မှ အောက်တိုဘာ ၈ ရက်အတွင်း ၉၇၆၂ တန်ရောင်းချခဲ့

စားအုန်းဆီများကို တစ်ပိဿာလျှင် ကျပ် ၃၇၀၀ နှုန်းဖြင့် စက်တင်ဘာ ၂၀ ရက်မှ အောက်တိုဘာ ၈ ရက်အတွင်း ၉၇၆၂ တန်ရောင်းချခဲ့
Published 9 October 2021

စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၃၇၀၀ စျေးဖြင့် စက်တင်ဘာ ၂၀ မှ အောက်တိုဘာ ၈ ရက်အတွင်း ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် တန်ချိန် ၉၇၆၂ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ပြီး စားအုန်းဆီများကို လက်ကားဝယ်ယူ ရောင်းချသူများအနေဖြင့် လက်လီအရောင်းဆိုင်များတွင် အသားတင်အကျိုးအမြတ် နှစ်ရာခိုင်နှုန်းထက် မပိုသည့်စျေးနှုန်းဖြင့် စားသုံးသူပြည်သူများသို့ ပြန်လည်ဖြန့်ဖြူး ရောင်းချရမည်ဖြစ်ကြောင်းနှင့် ရန်ကုန်မြို့အတွင်းရှိ စားသုံးသူများအတွက်အသင်း၏ အစီအစဉ်ဖြင့် ရပ်ကွက်များသို့ စျေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိပြီး စားသုံးသူပြည်သူများ လက်လီလက်ကား ရောင်းချပေးမည့် လုပ်ငန်းရှင်များအနေဖြင့် ဆီအသင်းနှင့် စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။

ဗဟိုဘဏ်က ဒေါ်လာလိုအပ်ချက်ရှိနေသောကဏ္ဍများ အထူးသဖြင့် စားသုံးဆီ၊ စက်သုံးဆီနှင့် ဆေးဝါးကဏ္ဍများသို့ AD လိုင်စင်ရဘဏ်များမှ တစ်ဆင့် ဒေါ်လာသန်း ၄၀ ရောင်းချပေးခဲ့သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် အမေရိကန်ဒေါ်လာ လိုအပ်ချက်ရှိနေသောကဏ္ဍများ(အထူးသဖြင့် စားသုံးဆီ၊ စက်သုံးဆီနှင့် ဆေးဝါးများ)သို့ ဘဏ်များမှတစ်ဆင့် ရောင်းချပေးနိုင်ရန်အတွက် အပတ်စဉ် လေလံခေါ်ယူ၍ ရောင်းချပေးလျက်ရှိသည်။

လေလံမှ တစ်ဒေါ်လာလျှင် ကျပ် ၁၇၅၀ ဖြင့် ရောင်းချပေးပြီး ဘဏ်များမှ ကုမ္ပဏီများသို့ ၁၇၅၃ ကျပ်ဖြင့်သာ ပြန်လည်ရောင်းချစေကြောင်း၊ထိုသို့ရောင်းချရာတွင် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုမှန်ကန် မြန်ဆန်စေရေး ဗဟိုကော်မတီမှ စိစစ်ပေးပို့သောကုမ္ပဏီများသို့ သတ်မှတ်ပေးသည့်ပမာဏအတိုင်း ရောင်းချရန်အတွက် အဆိုပါကုမ္ပဏီများ စာရင်းဖွင့်လှစ်ထားသည့် AD ဘဏ်များသို့ ရောင်းချပေးခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်ဖြစ်သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၃ မှ ၁၇ ရက်အတွင်း ဒေါ်လာ ၂၅ သန်းရောင်းချပေးခဲ့ပြီး စက်တင်ဘာ ၂၀ ရက်တွင် ဒေါ်လာ ၁၅ အား AD လိုင်စင်ရဘဏ်ကိုးဘဏ်သို့ ရောင်းချပေးခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

စားသုံးဆီဝယ်ယူခွင့် လျှောက်လွှာများကို ရုံးခန်းအသစ်ဖြစ်သည့် အမှတ် ၁၀၄/၁၀၈  ကမ်းနားလမ်း၊ လွတ်လပ်ရေးရပ်ကွက် ဆင်မင်းအိမ်ရာဓမ္မာရုံရှေ့ အလုံမြို့နယ် ဖုန်း -၀၉၄၄၄၄၃၇၂၉၅ နှင့် ၀၉၄၀၁၅၂၇၀၄၉ တို့သို့ ဆက်သွယ်ဝယ်ယူနိုင်သည်။

Most Read

Most Recent