အောက်တိုဘာ ၆ ရက် ည ၈ နာရီမှ ၇ ရက် ည ၈ နာရီအတွင်း တွေ့ရှိခဲ့သော COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၁၃၉၄ ဦးတွင် ရှမ်းပြည်နယ်မှ ၅၁၇ ဦးဖြင့် အများဆုံးဖြစ်ကြောင်း အောက်တိုဘာ ၈ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အောက်တိုဘာ ၆ ရက် ည ၈ နာရီမှ ၇ ရက် ည ၈ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၁၃၉၄ ဦး တွေ့ရှိခဲ့ရာတွင် ရှမ်းပြည်နယ်မှ အများဆုံးအဖြစ် ကျိုင်းတုံမြို့နယ်မှ ၅၃ ဦး၊ လွိုင်လင်မြို့နယ်မှ ၃၄ ဦး၊ နောင်ချိုမြို့နယ်မှ ၃၃ ဦး၊ ရပ်စောက်မြို့နယ်မှ ၃၂ ဦး၊ လားရှိုးမြို့နယ်မှ ၂၇ ဦး၊ မိုင်းယောင်းမြို့နယ်မှ ၂၅ ဦး၊ မိုင်းပန်မြို့နယ်မှ ၂၄ ဦး၊ နမ္မတူမြို့နယ်မှ ၂၂ ဦး၊ တာချီလိတ်မြို့နယ်မှ ဦးရေ ၂၀၊ နမ့်ခမ်းမြို့နယ်မှ ၁၉ ဦး၊ ပင်လောင်းမြို့နယ်မှ ၁၈ ဦး၊ မိုင်းတုံမြို့နယ်မှ ၁၈ ဦး၊ မိုင်းပြင်းမြို့နယ်မှ ၁၇ ဦး၊ ဖယ်ခုံမြို့နယ်မှ ၁၅ ဦး၊ လဲချားမြို့နယ်မှ ၁၃ ဦး၊ ညောင်ရွှေမြို့နယ်မှ ၁၂ ဦး၊ ဆီဆိုင်မြို့နယ်မှ ၁၁ ဦး၊ မူဆယ်မြို့နယ်မှ ၁၁ ဦး၊ မိုင်းဖြတ်မြို့နယ်မှ ၁၀ ဦး၊ နမ့်စန်မြို့နယ်မှ ကိုးဦး၊ ကျောက်မဲမြို့နယ်မှကိုးဦး၊ ပင်းတယမြို့နယ်မှ ကိုးဦး၊ မဘိမ်းမြို့နယ်မှ ရှစ်ဦး၊ ဟိုပန်မြို့နယ်မှ ရှစ်ဦး၊ ဟိုပုံးမြို့နယ်မှ ခုနစ်ဦး၊ တောင်ကြီးမြို့နယ်မှ ခြောက်ဦး၊ မိုးမိတ်မြို့နယ်မှ ခြောက်ဦး၊ မိုင်းရှူးမြို့နယ်မှ ခြောက်ဦး၊ သီပေါမြို့နယ်မှ ခြောက်ဦး၊ ကွမ်းလုံမြို့နယ်မှ ခြောက်ဦး၊ လောက်ကိုင်မြို့နယ်မှ လေးဦး၊ ကွတ်ခိုင်မြို့နယ်မှ သုံးဦး၊ မိုင်းဆတ်မြို့နယ်မှ သုံးဦး၊ ရွာငံမြို့နယ်မှ နှစ်ဦး၊ သိန္နီမြို့နယ်မှ တစ်ဦးတို့ဖြစ်ပြီး စုစုပေါင်း ၅၁၇ ဦးဖြင့် အများဆုံးတွေ့ရှိကြောင်း သိရသည်။
ဆက်လက်ပြီး ကချင်ပြည်နယ်တွင် ဒုတိယအများဆုံးအဖြစ် မိုးကောင်းမြို့နယ်မှ ၇၈ ဦး၊ မိုးညှင်းမြို့နယ်မှ ၂၅ ဦး၊ မြစ်ကြီးနားမြို့နယ်မှ ၁၈ ဦး၊ ဗန်းမော်မြို့နယ်မှ ၁၄ ဦး၊ ၀ိုင်းမော်မြို့နယ်မှ ကိုးဦး၊ ပူတာအိုမြို့နယ်မှ ကိုးဦး၊ မိုးမောက်မြို့နယ်မှ ရှစ်ဦး၊ ရွှေကူမြို့နယ်မှ သုံးဦး၊ ဖားကန့်မြို့နယ်မှ သုံးဦး၊ မံစီမြို့နယ်မှ သုံးဦး၊ တနိုင်းမြို့နယ်မှ နှစ်ဦးတို့ဖြစ်ပြီး စုစုပေါင်း ၁၇၂ ဦးတွေ့ရှိကြောင်း သိရသည်။
အလားတူ မကွေးတိုင်းဒေသကြီးရှိ မြို့နယ် ၁၉ မြို့နယ်မှ ၁၃၁ ဦး၊ မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ် ၁၃ မြို့နယ်မှ ၈၁ ဦး၊ ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ် ၂၅ မြို့နယ်မှ ၇၉ ဦး၊ မွန်ပြည်နယ်ရှိ မြို့နယ်ရှစ်မြို့နယ်မှ ၇၆ ဦး၊ ကယားပြည်နယ်ရှိ မြို့နယ်ငါးမြို့နယ်မှ ၆၉ ဦး၊ ကရင်ပြည်နယ်ရှိ မြို့နယ်ငါးမြို့နယ်မှ ၄၉ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ် ၁၈ မြို့နယ်မှ ၄၅ ဦး၊ တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ် ၁၀ မြို့နယ်မှ ဦးရေ ၄၀၊ နေပြည်တော်ရှိ မြို့နယ်ရှစ်မြို့နယ်မှ ၃၆ ဦး၊ ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် ၁၈ မြို့နယ်မှ ၃၄ ဦး၊ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၁၃ မြို့နယ်မှ ၃၃ ဦး၊ ချင်းပြည်နယ်ရှိ မြို့နယ်ငါးမြို့နယ်မှ ၂၂ ဦး၊ ရခိုင်ပြည်နယ်ရှိ မြို့နယ်သုံးမြို့နယ်မှ ၁၀ ဦး စသည်ဖြင့် အသီးသီးတွေ့ရှိကြောင်း သိရသည်။
အောက်တိုဘာ ၆ ရက် ည ၈ နာရီမှ ၇ ရက် ည ၈ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၁၃၉၄ ဦးအပြင် သေဆုံးသူ ၃၆ ဦးရှိကာ ရှမ်းပြည်နယ်မှ ရှစ်ဦး၊ ကချင်ပြည်နယ်မှ သုံးဦး၊ မကွေးတိုင်းဒေသကြီးမှ ခြောက်ဦး၊ ပဲခူးတိုင်းဒေသကြီးမှ နှစ်ဦး၊ မွန်ပြည်နယ်မှ သုံးဦး၊ ကရင်ပြည်နယ်မှ လေးဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ တစ်ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ နှစ်ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ ခြောက်ဦး၊ ချင်းပြည်နယ်မှ တစ်ဦးတို့ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။















