မင်္ဂလာဒုံမြို့နယ်၊ ပုလဲတွင် ငွေကျပ် ၁၄ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၅ သိန်း ဖမ်းဆီးရမိ

မင်္ဂလာဒုံမြို့နယ်၊ ပုလဲတွင် ငွေကျပ် ၁၄ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၅ သိန်း ဖမ်းဆီးရမိ
Published 9 October 2021

ဓာတ်ပုံ - CCDAC MYANMAR

မင်္ဂလာဒုံမြို့နယ်၊ ပုလဲတွင် ငွေကျပ် ၁၄ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၅ သိန်း ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့ CCDAC MYANMAR က အောက်တိုဘာ ၈ ရက်တွင်သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်သို့ သယ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီးရမိသူများအား စစ်ဆေးချက်အရ သိရသည်။

 ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၂၉ ရက်နေ့ ည ၉ နာရီခွဲတွင် မင်္ဂလာဒုံ မြို့နယ်၊ ပုလဲ(၂)ရပ်ကွက်၊ ငုဝါလမ်း၊ အမှတ်(၁၉၉/ဘီ)ခြံဝင်းအတွင်း သတင်းအရဝင်ရောက်ရှာဖွေခဲ့ကြောင်း၊  ခြံဝင်း အတွင်းရှိ ဂိုထောင်ရှေ့တွင်ရပ်ထားသည့် HINO ၁၂ ဘီးမော်တော်ယာဉ်ပေါ်တွင် ယာဉ်မောင်း ဇော်ဝင်း(၄၈)နှစ်၊ ယာဉ်နောက်လိုက်များဖြစ်ကြသည့် ဇေယျာ(၄၃)နှစ်နှင့် မြတ်မိုး(၄၃)နှစ် တို့အား တွေ့ရှိရပြီး အဆိုပါယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၅ သိန်းနှင့်အတူ ယာဉ်မောင်း ဇော်ဝင်း ထံမှ ငွေကျပ်သိန်း ၅၀ တို့ကိုပါ တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများကြိ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR  မှ သတင်းထုတ်ပြန်ခဲ့သည်။

 

Most Read

Most Recent