မြန်မာနိုင်ငံတွင် အောက်တိုဘာ ၅ ရက်အထိ COVID-19 ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီးသူ ၃ ဒသမ ၉၅ သန်းရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
အောက်တိုဘာ ၅ ရက်အထိ ကာကွယ်ဆေးနှစ်ကြိမ် ပြည့်ထိုးနှံပြီးစီးသည့် လူဦးရေ ၃၉၄၉၃၀၇ (၃ ဒသမ ၉၅ သန်း)၊ တစ်ကြိမ် ထိုးနှံပြီးစီးသည့် လူဦးရေ ၄၇၃၇၆၀၆ ဦး (၄ ဒသမ ၇၃၇ သန်း)၊ ထိုးနှံပြီးစီးသည့် လူဦးရေ စုစုပေါင်း ၈၆၈၆၉၁၃ ဦး (၈ ဒသမ ၆၈၆ သန်း) နှင့် ကာကွယ်ဆေးအကြိမ်ရေ စုစုပေါင်း ၁၂ ဒသမ ၆၃၆ သန်းရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ထို့ပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Sinopharm ကာကွယ်ဆေး ၂၄ သန်းစာ စာချုပ်ချုပ်ဆို ဝယ်ယူထားပြီး ကာကွယ်ဆေးများ ရောက်ရှိလာပါက လူဦးရေ ၁၂ သန်းကို ယခုနှစ်အတွင်း ထိုးနှံပေးမည်ဖြစ်ပြီး အသက် ၄၀ မှ ၆၄ နှစ်အတွင်း လူအုပ်စုများပါဝင်မည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီမှစ၍ COVID-19 ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။















