ကမ္ဘာရွှေဈေး ၁၇၅၄ ဒေါ်လာ ဝန်းကျင်ရှိပြီး ပြည်တွင်းရွှေဈေးနှုန်း ပြန်လည်ကျဆင်းကာ ကျပ် ၁၈၉၀၀၀၀ သို့ ရောက်ရှိ

ကမ္ဘာရွှေဈေး ၁၇၅၄ ဒေါ်လာ ဝန်းကျင်ရှိပြီး ပြည်တွင်းရွှေဈေးနှုန်း ပြန်လည်ကျဆင်းကာ ကျပ် ၁၈၉၀၀၀၀ သို့ ရောက်ရှိ
Published 8 October 2021

အောက်တိုဘာ ၈ ရက်တွင် ကမ္ဘာ့ရွှေစျေးဒေါ်လာ ၁၇၅၄ ဝန်းကျင်ရှိပြီး  ပြည်တွင်း ရွှေစျေးနှုန်းမှာ ကျပ် ၁၈၉၀၀၀၀ ဝန်းကျင်သို့ ရောက်ရှိလာကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။ အောက်တိုဘာ ၈ ရက်တွင် ပြည်တွင်း ရွှေစျေးနှုန်းများမှာ ၁၆ ပဲရည် အခေါက်ရွှေစျေးနှုန်းမှာ ၁၈၉၀၀၀၀ ဝန်းကျင်ရှိနေပြီး ၁၅ ပဲရည် ရွှေစျေးနှုန်းမှာ ၁၇၄၁၀၀၀ ဝန်းကျင်ရှိနေခြင်း ဖြစ်သည်။

အောက်တိုဘာ ရရက်တွင် ကမ္ဘာ့ရွှေစျေးနှုန်းမှာ ၁၇၆၅ ဒေါ်လာသို့ ပြန်လည်ရောက်ရှိခဲ့ပြီးပြီးခဲ့သည့် သီတင်းပတ်က ကျပ် ၂၂၀၀၀၀၀ အထက်သို့ ရောက်ရှိခဲ့သည့် ပြည်တွင်းရွှေစျေးမှာ ၁၉၂၅၀၀၀ ဝန်းကျင် ရှိလာကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။  စက်တင်ဘာ ၃၀ ရက်တွင် ကမ္ဘာ့ရွှေစျေး ဒေါ်လာ ၁၇၃၃ ဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေးနှုန်းမှာ ကျပ် ၂၀၂၀၀၀၀ ဝန်းကျင်သို့ ရောက်ရှိလာကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။ ဇွဲထက်ရွှေဆိုင်မှ ရွှေစျေးသိန်း ၂၀ အထက်သို့ ရောက်ရှိလာပြီးနောက် ပြန်ဝယ်ဦးစားပေးစနစ်ဖြင့် ပြန်လည်ဝယ်ယူပေးနေကြောင်း ယင်းဆိုင်၏ဖေ့ဘုတ်စ်စာမျက်နှာတွင် အသိပေးကြေညာထားသည်။

၂၀၁၆ ခုနှစ်မှစ၍၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်းကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့သည်။

လအလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့်အမြင့်ဆုံး ကမ္ဘာ့ရွှေစျေးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ်ဧပြီတွင် ၁၅၆၈-၁၇၂၉ ဒေါ်လာ၊ မေတွင် ၁၆၈၃-၁၇၄၈ ဒေါ်လာ၊ ဇွန်တွင် ၁၆၈၀-၁၇၇၉ ဒေါ်လာ၊ ဇူလိုင်တွင် ၁၇၆၉-၁၉၇၅ ဒေါ်လာ၊ သြဂုတ်တွင် ၁၈၅၉-၂၀၇၅ ဒေါ်လာ၊ စက်တင်ဘာတွင် ၁၈၄၈-၁၉၇၅ ဒေါ်လာ၊ အောက်တိုဘာတွင် ၁၈၅၈- ၁၉၃၃ ဒေါ်လာ၊ နိုဝင်ဘာတွင် ၁၇၆၄- ၁၉၆၆ ဒေါ်လာ၊ ဒီဇင်ဘာတွင် ၁၇၇၆-၁၉၀၆ ဝန်းကျင်ရှိ ခဲ့ခြင်းဖြစ်သည်။ ပြည်တွင်းစျေးကွက်အတွင်း နိုင်ငံခြားငွေစျေးနှုန်း တစ်ဒေါ်လာကျပ် ၂၀၆၀ ဝန်းကျင်ရှိနေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

ရန်ကုန်ရွှေစျေးကွက်အတွင်းသို့ ရွှေဆိုင်များမှ ရွှေပိဿာချိန် ၅၀ ခန့် ရောင်းချပေးထားကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆိုသည်။

စက်တင်ဘာ ၂၉ ရက်တွင် ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းက အစည်းအဝေးပြုလုပ်ပြီး ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်များမှ ရွှေစျေးကွက်အတွင်း ရွှေများကိုရောင်းချရန် သဘောတူညီမှုရရှိခဲ့သည်။

ရန်ကုန်တိုင်းအတွင်း ရွှေစျေးကွက်မှာ ပုံမှန်အခြေအနေတွင် တစ်နေ့လျှင် ပိဿာ  ၅၀ နှင့် ၁၀၀ အကြားရှိကြောင်း၊ အရောင်းအဝယ်ပါးသည့်နေ့တွင် ပိဿာ ၂၀ နှင့် ၂၅ ပိဿာကြားတွင်ရှိကြောင်း ၎င်းကဆိုသည်။

Most Read

Most Recent