ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်း ၉၄ ပွိုင့်ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၂၇၀ ဝန်းကျင်ရှိ

ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်း ၉၄ ပွိုင့်ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၂၇၀ ဝန်းကျင်ရှိ
Published 7 October 2021

အောက်တိုဘာ ၇ ရက်တွင် ကမ္ဘာ့ ဒေါ် လာစျေး အညွှန်းကိန်း ၉၄  ပွိုင့်ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာကျပ် ၂၂၇၀ ဝန်း ကျင်သို့ ပြန်လည် ကျဆင်းလာကြောင်း နိုင်ငံ ခြားငွေကြေး ရောင်းဝယ်သူများထံမှသိရသည်။

ပြည်တွင်း၌ ကျပ်ငွေတန်ဖိုးကျဆင်းမှု ဆက်တိုက်ဖြစ်ပေါ်လျက်ရှိပြီး စက်တင်ဘာ ၂၉ ရက်တွင် ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်း ၉၃ ပွိုင့် ဝန်းကျင်ရှိကာ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၇၀၀ ဝန်းကျင်အထိ စံ ချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြား ငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၁ ခုနှစ် အောက်တိုဘာရ  ရက်တွင်ဖြစ်ပေါ်သော အခြား နိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှု  နှုန်းထားများမှာ ယူရို၂၄၅၀ ကျပ်၊ စင်ကာပူ ဒေါ်လာ ၁၄ရဝကျပ်၊ မလေးရှားရင်းဂစ်၄၇၀ ကျပ်၊ ထိုင်းဘတ် ၆၃ကျပ်တို့ ဖြစ်သည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၁ ခုနှစ် အောက်တိုဘာ ၄  ရက်တွင်ဖြစ်ပေါ်သော အခြား နိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှု  နှုန်းထားများမှာ ယူရို၂၃၅၀ ကျပ်၊ စင်ကာပူ ဒေါ်လာ ၁၅၁ဝကျပ်၊ မလေးရှားရင်းဂစ်၄၈၀ ကျပ်၊ ထိုင်းဘတ် ၆၉ကျပ်တို့ ဖြစ်သည်။

နိုင်ငံခြားငွေရောင်းစျေးနှုန်း နှင့်ဝယ် စျေးနှုန်းအကြား အများဆုံးထားရှိရမည့် ကွာ ဟချက် သတ်မှတ်ခြင်းကို ပယ်ဖျက်ပြီးနောက် နိုင်ငံခြားငွေလဲ ကောင်တာများတွင် အမေရိ ကန်ဒေါ်လာ တစ်ဒေါ်လာ ကျပ် ၂၀၀၀ ဝန်း ကျင်ဖြင့် စတင်ရောင်းချခဲ့ကြောင်း နိုင်ငံခြား ငွေလဲကောင်တာများမှ သိရသည်။

သို့ဖြစ်၍ စက်တင်ဘာ ၁၂ ရက်မှ စတင် ကာ နိုင်ငံခြားငွေလဲကောင်တာများတွင် အ မေရိကန်ဒေါ်လာ တစ်ဒေါ်လာကျပ် ၂၀၀၀ ဝန်းကျင်ဖြင့် ရောင်းချနေခြင်းဖြစ်သည်။

သြဂုတ် ၈ ရက်က ထုတ်ပြန်ခဲ့သည့် နိုင် ငံခြားငွေများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊လဲ လှယ်ခြင်းတို့ လုပ်ဆောင်ရာတွင် CBM Reference Rate အား Mid-Rate ဖြင့် သတ်မှတ်၍ ရောင်းစျေးနှုန်းနှင့် ဝယ်စျေးနှုန်းကို သုည ဒသမ ၈ ရာခိုင်နှုန်းဘောင်အတွင်း ဆောင်ရွက်ရန် ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ သည်။

ကာလတိုအတွင်း နိုင်ငံခြားငွေ လဲလှယ်နှုန်းအတက်၊ အကျကြီးမားခြင်းကို လျော့နည်း စေရန်နှင့် နိုင်ငံခြားသုံးသီးသန့် အရန်ငွေဖြည့် တင်းရန် ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင် လေလံ ဖွင့်လှစ်ဆောင်ရွက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏နိုင်ငံခြား သုံးငွေလုပ်ငန်းဆောင်ရွက်ချက်များမှာ  ကာ လတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းအ တက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန် အလုပ်လုပ်ရက်တစ်ရက်ရှိ မြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ၏ ငွေလဲလှယ်နှုန်း နှင့် ယခင်ရက်ရည်ညွှန်းငွေလဲ လှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန် မာကျပ်ငွေတန်ဖိုးကျဆင်းသည့် ရာခိုင်နှုန်း သည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြား ငွေ (အမေရိကန်ဒေါ်လာ ရောင်းချရန် စျေး ပြိုင်လေလံကို ဖွင့်လှစ် ဆောင်ရွက်ခြင်း၊ မြန် မာကျပ်ငွေတန်ဖိုးမြင့်တက်သည့်ရာခိုင်နှုန်း သည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြား ငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန် စျေး ပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ နိုင်ငံ တော်၏ နိုင်ငံခြားသုံးသီးသန့်အရန်ငွေကို ဖြည့်တင်းရန် အလုပ်လုပ်ရက် တစ်ရက်၏ ငွေလဲလှယ်နှုန်းအား ပြီးခဲ့သည့် ရက်ပေါင်း ၂၀ အတွင်း၌ ဖြစ်ပေါ်သည့် ပျမ်းမျှမြန်မာ ကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာလဲလှယ် နှုန်းနှင့် နှိုင်းယှဉ်ခြင်း၊ ယင်းသို့ နှိုင်းယှဉ်ချက် အရ မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်း များအရ သတ်မှတ်ချက်ထက်ကျော် လွန်လျှင် နိုင်ငံခြားငွေ (ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင် လေလံကို  ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ စျေးပြိုင် လေလံတွင် ဗဟိုဘဏ်က ကြေညာထားသည့် အမြင့်ဆုံးလဲလှယ်နှုန်းနှင့် အနိမ့် ဆုံးလဲလှယ် နှုန်းအကြား AD  ဘဏ်များက တင်ပြသည့် နိုင်ငံခြားငွေဝယ်ယူရန်၊ ရောင်းချရန် တင်ပြ ချက်များကို Refinitiv ယခင် Thomson Reuters၏ လေလံအရောင်းအဝယ်စနစ် ကို အသုံးပြု၍ ဗဟိုဘဏ်က ဝယ်ယူ၊ ရောင်းချ ခြင်းဖြစ်သည်။

ကာလတိုအတွင်း နိုင်ငံခြား ငွေလဲလှယ် နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့ နည်းစေရန်ဖြစ်သည်။

Most Read

Most Recent