အာဆီယံ အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ နှစ်ဖက်ဆွေးနွေး ညှိနှိုင်းနေဆဲဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

အာဆီယံ အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ နှစ်ဖက်ဆွေးနွေး ညှိနှိုင်းနေဆဲဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 5 October 2021

အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်၍ နှစ်ဖက်ဆွေးနွေး ညှိနှိုင်းနေဆဲဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။

အောက်တိုဘာ ၄ ရက်က Video Conferencing ဖြင့် ပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဦးဝဏ္ဏမောင်လွင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ၂၀၂၁ ခုနှစ် အာဆီယံ၏ ဦးစားပေးလုပ်ငန်းများ အကောင်အထည်ဖော်မှု၊ အာဆီယံ၏ ပြင်ပဆက်ဆံရေးဆိုင်ရာကိစ္စများ၊ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များနှင့် အာဆီယံ၏တူညီဆန္ဒငါးချက် အကောင်အထည်ဖော်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံမှ ညှိနှိုင်းရေးမှူး တာဝန်ယူလျက်ရှိသည့် အာဆီယံ-တရုတ် ဆွေးနွေးဖက် ဆက်ဆံရေး ပိုမိုခိုင်မာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည့်ကိစ္စ၊ အာဆီယံ-တရုတ် နှစ် (၃၀) ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး ကျင်းပနိုင်ရေးကိစ္စ၊ အာဆီယံ ခေါင်းဆောင်များ အစည်းအဝေး၏ တူညီဆန္ဒငါးချက် အကောင်အထည် ဖော်ဆောင်လျက်ရှိသည့် အခြေအနေနှင့် အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်၍ နှစ်ဖက်ဆွေးနွေး ညှိနှိုင်းလျက်ရှိသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent