COVID-19 ဓာတ်ခွဲနမူနာ ၂၃၅၈၅ ခုအား စစ်ဆေးရာ ပိုးတွေ့လူနာသစ် ၁၈၄၆ ဦး တွေ့ရှိပြီး ထပ်မံသေဆုံးသူ ၅၄ ဦးရှိ

COVID-19 ဓာတ်ခွဲနမူနာ ၂၃၅၈၅ ခုအား စစ်ဆေးရာ ပိုးတွေ့လူနာသစ် ၁၈၄၆ ဦး တွေ့ရှိပြီး ထပ်မံသေဆုံးသူ ၅၄ ဦးရှိ
Published 1 October 2021

စက်တင်ဘာ ၃၀  ရက် ည ၈ နာရီမှ အောက်တိုဘာ  ၁ ရက် ည ၈ နာရီထိ COVID-19 ဓာတ်ခွဲလူနာ ၂၃၅၈၅ အား စစ်ဆေးပြီးစီးရာ ပိုးတွေ့လူနာသစ် ၁၈၄၆ ဦးအား တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် COVID-19 ပိုးစတင်တွေ့ရှိချိန်မှ အောက်တိုဘာ ၁ ရက်ထိ ဓာတ်ခွဲနမူနာ ၄၃၄၁၄၃၆ ခုကို စစ်ဆေးခဲ့ရာ COVID-19  ဓာတ်ခွဲအတည်ပြုလူနာ ၄၆၅၉၂၂ ဦး ရှိပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် အောက်တိုဘာ ၁ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၁၅၁၃ ဦးရှိခြင်းကြောင့် စုစုပေါင်း  ၄၁၉၈၄၂ ဦး ဆေးရုံမှဆင်းခွင့်ရရှိ ပြီဖြစ်ကာ COVID-19  ရောဂါဖြင့် ထပ်မံသေဆုံးသူ ၅၄ ဦးရှိသောကြောင့် သေဆုံးသူ စုစုပေါင်း ၁၇၇၈၉ ဦး ရှိပြီဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်အရ သိရသည်။

အောက်တိုဘာ  ၁ ရက်တွင် ကျန်းမာရေး ဝန်ကြီးဌာန ဓာတ်ခွဲခန်းများမှ ပိုးတွေ့လူနာသစ် ၁၅၀ ဦး၊ နေပြည်တော်ကောင်စီ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိဆေးရုံများတွင် Gen Xpert  စက်များဖြင့် ဓာတ်ခွဲစမ်းသပ်မှုအခြေအနေအရ  ပိုးတွေ့လူနာသစ် ၃ ဦး၊  ရန်ကုန်မြို့ အမှတ် ၁ တပ်မတော် ဆေးရုံကြီး ခုတင် ၁၀၀၀ မှ  ပိုး တွေ့လူနာသစ် ၃၉ ဦး၊နေပြည်တော် အမှတ် ၂ တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀ မှ ပိုး တွေ့ လူနာသစ် ၅၁ ဦး၊ လားရှိုးမြို့ အမှတ် ၉ တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀ မှ ပိုး တွေ့ လူနာသစ် ၁၂ ဦး၊ပုဂ္ဂလိကဆေးရုံနှင့် ဓာတ်ခွဲခန်းများတွင် ပိုးတွေ့လူနာသစ် ၃ ဦး၊ နေပြည်တော်ကောင်စီ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိဆေးရုံများတွင်  COVID-19 Rapid Antigen Diagnostic Test ဖြင့် စစ်ဆေးမှုအခြေအနေအရ ပိုးတွေ့လူနာသစ် ၉၆ ဦး၊နေပြည်တော်ကောင်စီ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများတွင် COVID-19 Rapid Antigen Diagnostic Test ဖြင့် စစ်ဆေးမှုအခြေအနေအရ ပိုးတွေ့လူနာသစ် ၁၄၉၂  ဦး တို့ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent