နိုင်ငံခြားငွေအသုံးပြုမှု လျော့ချနိုင်ရန် ပြည်ပမော်တော်ယာဉ် တင်သွင်းခွင့် ယာယီရပ်ဆိုင်းမည်

နိုင်ငံခြားငွေအသုံးပြုမှု လျော့ချနိုင်ရန် ပြည်ပမော်တော်ယာဉ် တင်သွင်းခွင့် ယာယီရပ်ဆိုင်းမည်
■ ပုံစာ - သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသော ပြည်ပမှ တင်သွင်းထားသည့် မော်တော်ယာဉ်များကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
■ ပုံစာ - သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသော ပြည်ပမှ တင်သွင်းထားသည့် မော်တော်ယာဉ်များကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 30 September 2021

 နိုင်ငံခြားငွေအသုံးပြုမှု လျော့ချနိုင်ရန် ပြည်ပမော်တော်ယာဉ် တင်သွင်းခွင့် ယာယီရပ်ဆိုင်းမည်ဖြစ် ကြောင်း ကုန်သွယ်ရေးညွန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သည်။

COVID-19 ရောဂါ ကူးစက်မှု နောက်ဆက်တွဲအနေဖြင့် စီးပွားရေး လုပ်ငန်းများ တုံ့ဆိုင်းခြင်း၊ နိုင်ငံ၏ ပို့ကုန်တင်ပို့မှု လျော့ကျခြင်း အစရှိသည့် အကြောင်းရင်းများကြောင့် ပြည်ပမှ ကုန်စည်များ တင်သွင်းမှုနှင့် စပ်လျင်း၍ နိုင်ငံခြားငွေကြေး အသုံးပြုမှုကို လျော့ချနိုင်ရန်ရည်ရွယ်၍ အောက်တိုဘာ ၁ ရက်မှ စတင်ကာ လူစီး မော်တော်ယာဉ်တင်သွင်းခွင့်အား ယာယီရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မော်တော်ယာဉ် အရောင်းစင်တာနှင့် အရောင်းပြခန်းများမှ တင်သွင်းခြင်း၊ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ် စစ်မှုထမ်းကောင်းတံဆိပ် ရဲမှုထမ်းကောင်းတံဆိပ်ရရှိသူများအား သက်ဆိုင်ရာဌာနများ ခွင့်ပြုချက်ရရှိထားသည့် ဝန်ထမ်း တစ်ဦးချင်း တင်သွင်းခွင့် ပါမစ် ထုတ်ပေးခြင်းတို့ကို ယာယီပိတ်သိမ်းခြင်း ဖြစ်သည်။

ထို့ပြင် မော်တော်ယာဉ် အရောင်းစင်တာ အသစ်ဖွင့်လှစ်ခွင့်အား အောက်တိုဘာ ၁ ရက်မှ စတင်၍ ယာယီ ရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent