ဖေဖော်ဝါရီနောက်ပိုင်း ဖြစ်ပေါ်လာသော မြန်မာ့အကျပ်အတည်း အဆုံးသတ်ရန် အားလုံး ပါဝင်သော တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်ရေး ဆက်လက် ကြိုးပမ်းမည်ဟု ပြင်သစ်သံရုံး ထုတ်ပြန်

ဖေဖော်ဝါရီနောက်ပိုင်း ဖြစ်ပေါ်လာသော မြန်မာ့အကျပ်အတည်း အဆုံးသတ်ရန် အားလုံး ပါဝင်သော တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်ရေး ဆက်လက် ကြိုးပမ်းမည်ဟု ပြင်သစ်သံရုံး ထုတ်ပြန်
Published 28 September 2021

ဖေဖော်ဝါရီနောက်ပိုင်း ဖြစ်ပေါ်လာသော မြန်မာ့အကျပ်အတည်း အဆုံးသတ်ရန် အားလုံး ပါဝင်သော တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်ရေး ဆက်လက် ကြိုးပမ်းမည်ဟု စက်တင်ဘာ ၂၈ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ထုတ်ပြန်ခဲ့သည်။

ပြင်သစ်နှင့် ဥရောပသမဂ္ဂသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း ဖြစ်ပေါ်လာသော မြန်မာ့အကျပ်အတည်းကို အဆုံးသတ်ရန် ဆက်လက် ကြိုးပမ်းသွားမည်ဟု ကတိကဝတ် ပြုထားပြီး အောင်မြင်ရန် ၎င်း၏ ဦးစားပေးအချက်များဖြစ်သည့် အားလုံး ပါဝင်သော တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်ရေး၊ ရခိုင်ပြည်နယ်အတွင်း အပါအဝင် လိုအပ်သော ပြည်သူများထံသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ရောက်ရှိရေးနှင့် မတရားမှုများ ကျူးလွန်ပြီး အရေးယူမခံရသည့်အပေါ် တိုက်ဖျက်ခြင်းတို့ကိုလည်း ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံး၏ စက်တင်ဘာ ၂၈ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်မှာ စက်တင်ဘာ ၂၂ ရက်က ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပချိန်တွင် ရခိုင်ပြည်နယ် အကျပ်အတည်းနှင့် ပတ်သက်၍ ပြုလုပ်သည့် အစည်းအဝေး၌ ပြင်သစ်နိုင်ငံ၏ ရပ်တည်ချက်ကို စက်တင်ဘာ၂၈ ရက်တွင် သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။  

ထို့ပြင် မြန်မာပြည်သူများ အကျိုးစီးပွား နှင့် လူနည်းစုများ၏ အခွင့်အရေးများကို အကာအကွယ်ပေးရန်နှင့် အားလုံးအတွက် အာမခံချက်ရရှိရန် မြန်မာနိုင်ငံသည် ဒီမိုကရေစီလုပ်ငန်းစဉ်သို့ ပြန်လာရန် လိုအပ်ကြောင်း၊ ပြင်သစ်နိုင်ငံက အလေးထား ပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံး၏ စက်တင်ဘာ ၂၈ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent