ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ ငါးလတာ ထပ်မံတိုးမြှင့် ရပ်စဲကြောင်း တပ်မတော် ထုတ်ပြန်

ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ ငါးလတာ ထပ်မံတိုးမြှင့် ရပ်စဲကြောင်း တပ်မတော် ထုတ်ပြန်
Published 28 September 2021

ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးကို အောက်တိုဘာ ၁ ရက်မှ ၂၀၂၂  ခုနှစ် ဖေဖော်ဝါရီ ၂၈  ရက်အထိ ငါးလတာ ထပ်မံတိုးမြှင့်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက စက်တင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ကြေညာချက်တွင် အချက် ၁၅ ချက်ပါရှိပြီး ယင်းတို့အနက်အချို့မှာ တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး ထုတ်ပြန်ချက်များကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ စက်တင်ဘာ ၂၇ ရက်အထိ အကြိမ် ၂၀ ထုတ်ပြန်ခဲ့ပြီး စက်တင်ဘာ ၂၇ ရက် အထိ နှစ်နှစ်နှင့် ကိုးလကျော် အချိန်ကာလပေး၍ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့ပြင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ASEAN အထူးကိုယ်စားလှယ်တို့ ဆွေးနွေးမှု ပြုလုပ်စဉ်တွင် လည်းကောင်း၊ EAO အဖွဲ့အချို့ကလည်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ထပ်မံ တိုက်တွန်းလာခြင်းရှိပြီး ယင်းကိုလည်း ကြိုဆိုကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ အနေဖြင့်လည်း မူလကတည်းက ရပ်စဲထားပြီးဖြစ်ပြီး EAO များ တည်ရှိရာ ဒေသအတွင်းရှိ ပြည်သူများ၊ စစ်ဘေးရှောင်စခန်းများရှိ ပြည်သူများ၊ ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများအား COVID-19 ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းအပြင် နိုင်ငံတော်အစိုးရအနေဖြင့် မကြာမီကျရောက်လာမည့် ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံတစ်ဝန်းလုံး COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ လည်းကောင်း၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိစေရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ လည်းကောင်း မြန်မာနိုင်ငံတစ်ဝန်းလုံး၌ နိုင်ငံတော်ကာကွယ်ရေး နှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ ငါးလကြာ ထပ်မံတိုးမြှင့် ရပ်စဲလိုက်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြပါ ရှိသည်။

Most Read

Most Recent