ဆာဆူအိုလို - တိုရီနို (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၈ ရက် နံနက် ၁:၁၅ နာရီ)
နှစ်သင်းစလုံး စုဖွဲ့မှုကောင်းပြီး တိုက်စစ်ကစားပုံလည်း ထက်မြက်ပါတယ်။ ဒါပေမဲ့ ခံစစ်အားနည်းချက်တွေ မြင်နေရပြီး (၄)ဂိုးစီပေးထားရတယ်။ ဘယ်လော့တီ မပါနိုင်ဘူးဆိုရင် တိုရီနို တိုက်စစ်အားနည်းသွားနိုင်လို့ အိမ်ကွင်းမှာ ပထမဆုံးနိုင်ပွဲရှာမယ့် ဆာဆူအိုလို ရလဒ်ကောင်းပါလိမ့်မယ်။