အာဆင်နယ်အသင်း၏ နည်းပြဟောင်းဖြစ်သူ အာစင်ဝင်းဂါးက လက်ရှိအာဆင်နယ်အသင်းမှာ အရည်အသွေးပြည့်ဝသည့် အသင်းတစ်သင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုခဲ့သည်။
ရာသီအစပွဲစဉ် (၄)ပွဲတွင် (၃)ပွဲရှုံးနိမ့်ထားသည့် အာဆင်နယ်အသင်းအား အာစင်ဝင်းဂါး ယင်းကဲ့သို့ သုံးသပ်ခဲ့ခြင်းအပေါ် ဗြိတိန်မီဒီယာအချို့က လှောင်ပြောင်သည့်သဘောဖြင့် ခေါင်းစဉ်တပ်ကာ ဖော်ပြခဲ့ကြသည်။
အာစင်ဝင်းဂါးက အာဆင်နယ်အသင်းမှာ ရာသီအစပွဲစဉ် (၃)ပွဲတွင် အလွန်ခက်ခဲသည့် ပြိုင်ဘက်(၂)သင်း နှင့်ဆုံတွေ့ခဲ့၍ ရမှတ်လျော့ခဲ့ရခြင်းဖြစ်သည်ဟု သုံးသပ်ခဲ့သည်။