ရိုးမားအသင်းဂန္ထဝင်ကွင်းလယ်လူ တော့တီ၏ ဘဝအကြောင်းစာအုပ်ကို ယခုစက်တင်ဘာလနှောင်းပိုင်းတွင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၈ ခုနှစ်အတွင်းက အီတလီဘာသာဖြင့် ထွက်ရှိထားသည့် တော့တီ၏ ဘဝအကြောင်းစာအုပ်သည် အီတလီနိုင်ငံအတွင်း ရောင်းအားအကောင်းဆုံး စာအုပ်တစ်အုပ်ဖြစ်ခဲ့သည်။
ယခုအခါ အဆိုပါစာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် ပြန်လည်ထုတ်ဝေမည်ဖြစ်ပြီး Gladiator ဟု အမည်ပေးထားကာ လာမည့်စက်တင်ဘာလ (၂၃)ရက်တွင် စတင်ဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။















