အာဖဂန်နစ္စတန်ပြည်သူများအတွက် ရည်ရွယ်သည့် အထူးအင်္ကျီ ဝတ်ဆင်၍ ရိုးမားအသင်း ပွဲကစား

အာဖဂန်နစ္စတန်ပြည်သူများအတွက် ရည်ရွယ်သည့် အထူးအင်္ကျီ ဝတ်ဆင်၍ ရိုးမားအသင်း ပွဲကစား
Photo: Roma Twitter
Photo: Roma Twitter
Published 13 September 2021

ရိုးမားအသင်းသည် ပြီးခဲ့သည့် ဆာဆူအိုလိုအသင်းနှင့် စီးရီးအေပွဲစဉ်တွင် အာဖဂန်နစ္စတန်ပြည်သူများအတွက် ရည်ရွယ်သည့် အထူးအင်္ကျီ ဝတ်ဆင်၍ ကစားခဲ့သည်။

တာလီဘန် လက်ထဲသို့ ပြန်လည်ကျရောက်ပြီးနောက် အာဖဂန်နစ္စတန်ပြည်သူများစွာသည် နေရပ်ကို စွန့်ခွာထွက်ပြေးနေကြပြီး တတိယနိုင်ငံများတွင် ခိုလှုံခွင့်ရရှိရန် မျှော်လင့်နေသည်။

ရိုးမားအသင်းသည် ကုလသမဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ၏ အမှတ်တံဆိပ်ကို အိမ်ကွင်းအင်္ကျီတွင် ဖော်ပြ၍ ဆာဆူအိုလိုနှင့်ပွဲကို ကစားခဲ့ခြင်းဖြစ်သည်။

အဆိုပါအင်္ကျီများကို လေလံတင်ရောင်းချသွားရန်စီစဉ်ထားပြီး ရရှိလာသည့် ငွေကြေးများအား UNHCR မှတစ်ဆင့် အာဖဂန်နစ္စတန် ရွှေ့ပြောင်းဒုက္ခသည်များအတွက် လှူဒါန်းသွားမည်ဖြစ်သည်။

ရိုးမားအသင်း၏ လုပ်ရပ်အပေါ် UNHCR က ကြေညာချက်ထုတ်ပြန်၍ ဂုဏ်ပြုရေးသားခဲ့သည်။

UNHCR ၏ကြေညာချက်တွင် ''ခက်ခဲမှုများရှိနေသော်လည်း UNHCR အဖွဲ့သည် အာဖဂန်နစ္စတန်နိုင်ငံအတွင်း ဆက်လက်နေထိုင်ပြီး ကူညီမှုများစွာပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ရိုးမားအသင်း၏ ပူးပေါင်းပါဝင်မှုအပေါ်လည်း ကျေးဇူးတင်ရှိကြောင်း၊ ယခု နှစ်အတွင်း မရှိမဖြစ်လိုအပ်သည့် ပစ္စည်းများသည် လူပေါင်း (၂၄၀၀၀၀) အတွက် လိုအပ်နေကြောင်း'' စသည်ဖြင့် ဖော်ပြပါရှိသည်။

Most Read

Most Recent