စက်တင်ဘာလ (၁၉)ရက်မှာကစားမယ့် စပါးနဲ့ချယ်လ်ဆီးပွဲဟာ သမိုင်းဝင်ပွဲတစ်ပွဲ ဖြစ် လာပါလိမ့်မယ်။ လန်ဒန်မြို့ထဲကစားမယ့် အဲဒီ ပွဲဟာ ကမ္ဘာ့ပထမဆုံး ဇီးရိုးကာဗွန်ဘောလုံးပွဲ အဖြစ် မှတ်တမ်းဝင်ဖွယ်ရှိနေတာပါပဲ။ ဘော လုံးလောကထိပ်တန်းအလွှာထဲ ဇီးရိုးကာဗွန် ဘောလုံးပွဲကို မျှော်လင့်နေတာ ကြာပါပြီ။ ဘော လုံးလောက ထိပ်တန်းအလွှာမှာသာမကဘဲ က မ္ဘာရဲ့နေရာအတော်များများမှာ ကာဗွန်ထုတ် လုပ်မှုလျှော့ချရေးစီမံကိန်းတွေ အသက်ဝင်စ ပြုနေပါပြီ။ တစ်နှစ်ပြီးတစ်နှစ် ပိုလို့ပူနွေးလာတဲ့ ကမ္ဘာမြေကို ပြန်လည်ကုစားနိုင်အောင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ သရုပ် ဖော်နေချိန်မှာ ဘောလုံးလောကကလည်း အုတ်တစ်ချပ်သဲတစ်ပွင့်မက ပါဝင်ဖို့အသင့်ရှိ နေပါပြီ။ အထူးသဖြင့် အမြဲလိုလို ခေတ်ရှေ့ပြေး နေတဲ့ ပရီးမီးယားလိဂ်ရဲ့ ပါဝင်ပတ်သက်မှုဟာ ကြီးမားကျယ်ပြန့်နေခဲ့ပြီ။ မကြာမီမှာ ကမ္ဘာ့ပထ မဆုံး ထိပ်တန်းအလွှာ ဇီးရိုးကာဗွန်ဘောလုံးပွဲ ကို ပရီးမီးယားလိဂ်နဲ့အတူ မျှော်လင့်ခွင့်ရှိနေပြီ။
ပရီးမီးယားလိဂ်နဲ့ စိမ်းလန်းစိုပြေကမ္ဘာမြေ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















