ဂီတာဖေး - အယ်လ်ချီ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် နံနက် ၁း၃၀ နာရီ)
(၃)ပွဲစလုံး ရှုံးထားတဲ့ ဂီတာဖေး ဒီပွဲတော့ နိုင်ပွဲရဖို့အတွက် ပိုပြီးအားထုတ်လာနိုင်တယ်။ ဒါပေမဲ့ အယ်လ်ချီရဲ့ ခံစစ်အသားပေးကစားဟန်က ဂီတာဖေးရဲ့(၃)ပွဲမှာ တစ်ဂိုးသာသွင်းနိုင်သေးတဲ့ တိုက်စစ်အတွက် အဓိကအတားအဆီးတစ်ခုလို ဖြစ်နေနိုင်တယ်။ ဂိုးနည်းသရေပွဲဖြစ်ဖို့ များနေပြီး အနိုင်ဆိုရင်တော့ ဂီတာဖေးပဲ ဖြစ်လိမ့်မယ်။

ဂရန်နာဒါ - ဘက်တစ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် နံနက် ၂း၃၀ နာရီ)
ဂရန်နာဒါကစားပုံက အရင်လိုပုံမှန်မဟုတ်သေးဘူး။ တိုက်စစ်၊ ခံစစ် ဟန်ချက်လျော့နေသေးတယ်။ ဘက်တစ်ကလည်း အဝေးကွင်းမှာ ထိန်းကစားနိုင်တဲ့အသင်းမျိုးပါ။ လက်ရှိ ပွဲစဉ်(၃)အပြီးမှာ ဘက်တစ်တို့ နိုင်ပွဲမရသေးဘူးဆိုပေမဲ့ ကစားပုံမာကျောသလို ခံစစ်ကလည်း ကျစ်ကျစ်လျစ်လျစ်ရှိတာကို တွေ့နေရတယ်။ ဒီအခြေအနေမှာ ဂရန်နာဒါတိုက်စစ် ဂိုးရဖို့ခက်နိုင်တာကို ထည့်စဉ်းစားရမယ်။ အိမ်ရှင်ဆိုပေမဲ့ ဂရန်နာဒါ ဒီပွဲလည်း နိုင်ပွဲရဖို့ခက်ဦးမယ်ထင်တယ်။ ဘက်တစ်နဲ့ ဂိုးအနည်းပဲ ရွေးထားလိုက်တယ်။















