နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၀၀၀ ကျော်နှင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၁၉၀၀၀၀၀ ကျော်အထိ စံချိန်တင် မြင့်တက်ခြင်းနှင့် ခုနစ်လကျော်အတွင်း ပြည်တွင်းစက်သုံးဆီဈေးနှုန်း ရာခိုင်နှုန်း ၇၀ ခန့်မှ ရာခိုင်နှုန်း ၈၀ ခန့် မြင့်တက်ခြင်း

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၀၀၀ ကျော်နှင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၁၉၀၀၀၀၀ ကျော်အထိ စံချိန်တင် မြင့်တက်ခြင်းနှင့် ခုနစ်လကျော်အတွင်း ပြည်တွင်းစက်သုံးဆီဈေးနှုန်း ရာခိုင်နှုန်း ၇၀ ခန့်မှ ရာခိုင်နှုန်း ၈၀ ခန့် မြင့်တက်ခြင်း
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို တွေ့ရစဉ်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို တွေ့ရစဉ်
Published 12 September 2021
ရွှန်းလဲ့ဝင်း

တစ်ပတ်အတွင်း နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာကျပ် ၂၀၀၀ ကျော်အထိ ထိစံချိန်တင်မြင့်တက်ခဲ့ခြင်း

ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်းသည် စက်တင်ဘာ ၁၁ ရက်တွင် ၉၂ ပွိုင့်ဝန်းကျင်ဖြစ်ပေါ်ပြီး ပြည်တွင်းစျေးကွက်အတွင်း နိုင်ငံခြားငွေစျေးနှုန်း တစ်ဒေါ်လာ ကျပ် ၂၀၁၀ ဝန်းကျင် ရှိနေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းရှိနိုင်ငံခြားငွေ ဝယ်ရောင်းကောင်တာများတွင် အမေရိကန် တစ်ဒေါ်လာ ၁၇၄၆ ဝန်းကျင် စျေးသတ်မှတ်ထားသော်လည်း လက်တွေ့ဝယ်ရောင်းစျေးကွက်တွင်မူ တစ်ဒေါ်လာကျပ် ၂၀၁၀ ဝန်းကျင်အထိ အရောင်းအဝယ်ရှိနေသည်ဟု သိရသည်။

ပြည်တွင်းစျေးကွက်အတွင်း ယခုရက်ပိုင်း ဒေါ်လာဝယ်ယူမှုများသာ ရှိခဲ့သော်လည်း ကျပ် ၂၀၀၀ ကျော်လာသည့် အချိန်တွင် ပြန်လည်ရောင်းချမှုများရှိလာခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ခြောက်လအတွင်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်းများမှာ ဖေဖော်ဝါရီတွင် ၉၁ ဒသမ ၅၉ ပွိုင့်၊ မတ်တွင် ၉၀ ဒသမ ၉၃ ပွိုင့် ၊ ဧပြီတွင် ၉၀ ဒသမ ၉၃ ပွိုင့်၊ မေတွင် ၉၁ ဒသမ ၉၂ ပွိုင့်၊ ဇွန်တွင် ၉၀ ဒသမ ၉၂   ပွိုင့်ဝန်းကျင်၊  ဇူလိုင်တွင် ၉၁ ဒသမ ၉၂ ပွိုင့်ဝန်းကျင်နှင့် သြဂုတ်တွင် ၉၂ ဒသမ ၉၃ ပွိုင့် ဝန်းကျင်ရှိခဲ့သည်။         

ပြည်တွင်းစျေးကွက်၌ တစ်နှစ်အတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ၁၃၃၃-၁၃၅၅ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၄၀ -၁၄၇၅ ကျပ်တို့ဖြစ်သည်။

ပြည်တွင်းစျေးကွက်၌ တစ်နှစ်အတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာတွင် ၁၂၉၇- ၁၃၄၀ ကျပ်၊ ဒီဇင်ဘာတွင် ၁၃၂၆-၁၄၀၅ ကျပ်၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ၁၃၃၃-၁၃၅၅ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၄၀-၁၄၇၅ ကျပ်ဖြစ်သည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၀ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို၂၀၂၀ ကျပ်၊ စင်ကာပူ ဒေါ်လာ ၁၃၅၀ ကျပ်၊ မလေးရှားရင်းဂစ် ၄၂၀ ကျပ်၊ ထိုင်းဘတ် ၅၇ ကျပ်တို့ ဖြစ်သည်။

သြဂုတ် ၂၅ ရက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာငါးသန်း ထပ်မံရောင်းချခဲ့ပြီး သြဂုတ်လအတွင်း ခုနစ်ကြိမ်ခွဲ၍ ဒေါ်လာ ၂၈ သန်းအထိ ရောင်းချထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။

၂၀၂၁ ခုနှစ် သြဂုတ် ၂ ရက်တွင်  မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာသုံးသန်း၊ သြဂုတ် ၃ ရက်တွင် ဒေါ်လာနှစ်သန်း၊ သြဂုတ် ၄ ရက်တွင် ဒေါ်လာသုံးသန်း၊ သြဂုတ် ၉ ရက်တွင် ဒေါ်လာနှစ်သန်းခွဲ၊ သြဂုတ် ၁၂ ရက်တွင် ဒေါ်လာနှစ်သန်းခွဲ၊ သြဂုတ် ၂၃ ရက်တွင် ဒေါ်လာ ၁၀ သန်း၊ သြဂုတ် ၂၅ ရက်တွင် ဒေါ်လာငါးသန်း ရောင်းချခဲ့ခြင်းဖြစ်သည်။

ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာရောင်းချခဲ့မှုတွင် ဇူလိုင် ၇ ရက်တွင် ဒေါ်လာသုံးသန်း၊ ၆ ရက်တွင် ဒေါ်လာသုံးသန်း၊ ၅ ရက်တွင် ဒေါ်လာသုံးသန်း၊ ၈ ရက်တွင် ဒေါ်လာခြောက်သန်း၊ ဇူလိုင် ၁၄ ရက်တွင် ဒေါ်လာသုံးသန်း၊ ၁၅ ရက်တွင် ဒေါ်လာသုံးသန်း၊ ၁၆ ရက်တွင် ဒေါ်လာသုံးသန်း၊ ဇူလိုင် ၂၆ ရက် တွင် ဒေါ်လာသုံးသန်း၊ ဇူလိုင် ၂၇ ရက်တွင် ဒေါ်လာသုံးသန်း၊ ဇူလိုင် ၂၈ ရက်တွင် ဒေါ်လာသုံးသန်း၊ ၂၉ ရက်တွင် ဒေါ်လာသုံးသန်း၊ ဇူလိုင် ၃၀ ရက်တွင် ဒေါ်လာသုံးသန်းဖြင့် ဇူလိုင်လအတွင်း ၁၂ ကြိမ်ခွဲ၍ ဒေါ်လာ ၃၉ သန်းအထိ ရောင်းချခဲ့သည်။

ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံခြားသုံးသီးသန့် အရန်ငွေဖြည့်တင်းရန် ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံ ဖွင့်လှစ်ဆောင်ရွက်ခြင်း ဖြစ်သည်။

ဗဟိုဘဏ်သည် ၎င်း၏နိုင်ငံခြားသုံးငွေလုပ်ငန်း (Foreign Exchange Operation) ရည်ရွယ်ချက်များ ဖြစ်သော ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကိုလျော့နည်းစေရန်နှင့် နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်အရန်ငွေ ဖြည့်တင်းရန် အချက်နှစ်ချက် အကောင်အထည်ဖော်ရန် စည်းမျဉ်းအခြေခံသည့် နိုင်ငံခြားငွေစျေးပြိုင်လေလံကို ဆောင်ရွက်နေသည်။

ဗဟိုဘဏ်စျေးပြိုင်လေလံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက်များ ချမှတ်ထားပြီး အဆိုပါစည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံခြားငွေစျေးပြိုင်လေလံတွင် ပါဝင်သည့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (Authorized Dealer - AD) ရ ဘဏ်များဖြစ်သော နိုင်ငံပိုင်ဘဏ်သုံးဘဏ်၊ ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၉ ဘဏ်နှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် နိုင်ငံခြားငွေဝယ်ခြင်း၊ ရောင်းခြင်းတို့ကို ဆောင်ရွက်နေခြင်းဖြစ်သည်။

ပြည်တွင်းရွှေစျေးနှုန်း ၁၉၀၀၀၀၀ သိန်း ဝန်းကျင်အထိ စံချိန်တင်မြင့်တက်ခဲ့ခြင်း

စက်တင်ဘာ ၁၁ ရက်တွင် ကမ္ဘာ့ရွှေစျေးဒေါ်လာ ၁၇၉၇ ဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေးကျပ် ၁၈၈၅၀၀၀ ဝန်းကျင်ဖြင့် စတင်စျေးဖွင့်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၁၁ ရက် နေ့လယ်ပိုင်းတွင် ပြည်တွင်းရွှေစျေးနှုန်းမှာ ၁၉၁၀၀၀၀ ဝန်းကျင် အထိရှိနေကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။ စက်တင်ဘာ ၁၁ ရက်တွင် ပြည်တွင်းရွှေစျေးနှုန်းများမှာ ၁၆ပဲရည် အခေါက်ရွှေစျေးနှုန်းမှာ ၁၉၁၀၀၀၀ ဝန်းကျင်ဖြင့် ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်မှစ၍၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်းကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀၊ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် ၁၉၁၀၀၀၀ ဝန်းကျင်အထိ စံချိန်တင် မြင့်တက်ခဲ့သည်။

လအလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့် အမြင့်ဆုံး ကမ္ဘာ့ရွှေစျေးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ် မတ်တွင် ၁၄၆၇-၁၆၇၃ ဒေါ်လာ၊ ဧပြီတွင် ၁၅၆၈-၁၇၂၉ ဒေါ်လာ၊ မေတွင် ၁၆၈၃-၁၇၄၈ ဒေါ်လာ၊ ဇွန်တွင် ၁၆၈၀-၁၇၇၉ ဒေါ်လာ၊ ဇူလိုင်တွင် ၁၇၆၉-၁၉၇၅ ဒေါ်လာ၊ သြဂုတ်တွင် ၁၈၅၉-၂၀၇၅ ဒေါ်လာ၊  စက်တင်ဘာတွင် ၁၈၄၈-၁၉၇၅ ဒေါ်လာ၊ အောက်တိုဘာတွင် ၁၈၅၈- ၁၉၃၃ ဒေါ်လာ၊ နိုဝင်ဘာတွင် ၁၇၆၄- ၁၉၆၆ ဒေါ်လာ၊ ဒီဇင်ဘာတွင် ၁၇၇၆-၁၉၀၆ ဝန်းကျင်ရှိခဲ့ခြင်း ဖြစ်သည်။

ခုနှစ်လကျော်အတွင်း ပြည်တွင်းစက်သုံးဆီစျေးနှုန်း ရာခိုင်နှုန်း ၇၀ မှ ရာခိုင်နှုန်း ၈၀ အထိ စံချိန်တင်မြင့်တက်ခဲ့ခြင်း

ခုနစ်လကျော်အတွင်း ပြည်တွင်း စက်သုံးဆီစျေးနှုန်း အမျိုးအစားအလိုက် ရာခိုင်နှုန်း ၇၀ ခန့်မှ ရာခိုင်နှုန်း ၈၀ ခန့်မြင့်တက်ခဲ့ပြီး အောက်တိန်း 95 Ron တစ်လီတာ ကျပ် ၁၁၆၀ အထိမြင့်တက်ခဲ့ကြောင်း ပြည်တွင်းစက်သုံးဆီ အရောင်းဆိုင်များမှ သိရသည်။

စက်တင်ဘာ ၉ ရက်တွင် ပြည်တွင်း၌ စက်သုံးစျေးနှုန်းများမှာ အောက်တိန်း 95 Ron တစ်လီတာ ၁၁၆၀ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာကျပ် ၁၁၄၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၁၁၁၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၁၁၁၀ ကျပ်ရှိကြောင်း ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်တွင် ပြည်တွင်းစက်သုံးဆီစျေးနှုန်းမှာ အောက်တိန်း 95 Ron တစ်လီတာ ၇၅၀ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ၆၂၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၆၇၀ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၆၆၀ ကျပ်သာရှိကြောင်း မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း (MPTA) က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ခုနစ်လကျော်အတွင်း အောက်တိန်း 95 Ron တစ်လီတာ ၄၁၀ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ၅၁၅ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာ ၄၄၅ ကျပ်၊ ဒီဇယ် တစ်လီတာ ကျပ် ၄၅၀ ကျပ်အထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ရာခိုင်နှုန်းအားဖြင့် အောက်တိန်း 92 Ron ရာခိုင်နှုန်း ၈၀ ခန့်၊ ပရီမီယံဒီဇယ်နှင့် ဒီဇယ်တစ်လီတာလျှင် ရာခိုင်နှုန်း ၇၀ ခန့် အသီးသီးမြင့်တက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် တစ်နှစ်လျှင် စက်သုံးဆီတန်ချိန် ခြောက်သန်းဝန်းကျင် တင်သွင်းလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိဘဏ္ဍာနှစ် ခုနစ်လတွင် ပြည်ပမှ စက်သုံးဆီတန်ချိန် ၂ ဒသမ ၇ သန်းသာ တင်သွင်းမှုမှ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံရှိပြီး ယခင်နှစ်ကာလတူထက် တင်သွင်းမှု တန်ချိန်တစ်သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိဘဏ္ဍာနှစ် ခုနစ်လတွင် ပြည်ပမှ စက်သုံးဆီ တင်သွင်းသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၁ ဒသမ ၀၀၂ သန်းလျော့ကျခဲ့သည့်အတွက် တန်ဖိုးဒေါ်လာ ၆၆၃ ဒသမ ၃၄၇ သန်းလျော့ကျခဲ့သည်။

အဆိုပါကာလအတွင်း ဒီဇယ်တန်ချိန် ၁ ဒသမ  ၆၆ သန်းတင်သွင်းမှု တန်ဖိုးဒေါ်လာ ၇၂၁ ဒသမ ၁၇၃ သန်းရှိသည်။ ယခင်နှစ်ကာလတူထက် တန်ချိန်ခြောက်သိန်းခွဲကျော် လျော့ကျပြီး တန်ဖိုးဒေါ်လာသန်း ၄၃၀ ကျော်လျော့ကျခဲ့သည်။

ထို့အတူ ဓာတ်ဆီတန်ချိန် တစ်သန်းကျော်တင်သွင်းမှုမှ တန်ဖိုးဒေါ်လာ ၅၃၆ ဒသမ  ၁၁၃ သန်းရှိသည်။ ယခင်နှစ်ကာလတူထက် တန်ချိန်သုံးသိန်းခွဲကျော်လျော့ကျပြီး တန်ဖိုးဒေါ်လာ ၂၂၇ ဒသမ ၁၈၇ သန်းလျော့ကျခဲ့သည်။

Most Read

Most Recent