တကယ်တော့ လီဗာပူးလ်ဟာ ချန်ပီယံလိဂ် နဲ့ ပရီးမီးယားလိဂ်တွေ ဆက်တိုက်ရယူပြီးချိန် ပြီးခဲ့တဲ့ရာသီမှာ ပြဿနာအများကြီး ကြုံခဲ့တယ်။ ခံစစ်က ဒဏ်ရာပြဿနာတွေကြောင့် တစ်ရာသီလုံး ရလဒ်တွေ ကမောက်ကမဖြစ်ခဲ့ရပြီး ရာသီနောက်ဆုံးပွဲစဉ်အထိ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့ရတယ်။ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်တို့ကို ဆက်တိုက်ရယူပြီးချိန်မှာ လီဗာပူးလ်နဲ့ ကလော့ပ် ဘာဆက်လုပ်မလဲဆိုတာ တစ်ကမ္ဘာလုံး စိတ်ဝင်စားခဲ့ကြတယ်။ အမြင့်ဆုံးကို ရောက်ပြီးသား အသင်းတစ်သင်းအတွက် နောက်ရာသီ မျှော်လင့်ချက်ဆိုတာ လက်ရှိ အခြေအနေကို တည်ငြိမ်အောင် ဆက်ထိန်းထားဖို့ပဲ။ ဒါပေမဲ့ အဲဒီကိစ္စက ထင်သလောက်မလွယ်ဘူး။ ပရီးမီးယားလိဂ်မှာ နှစ်တွေအကြာကြီး အကောင်းဆုံးအသင်းအဖြစ် ဆက်ရှိနေနိုင်အောင် မော်ရင်ဟို၊ ဂွါဒီယိုလာတို့ မစွမ်းဆောင်နိုင်သေးသလို ကလော့ပ်လည်း မအောင်မြင်ခဲ့ဘူး။ ပြီးခဲ့တဲ့ရာသီကတော့ တော်တော်လေး အ ခြေအနေဆိုးခဲ့တယ်။ ပြည်တွင်းမှာ မန်စီးတီး၊ မန် ချက်စတာယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့နောက် အဆင့် (၄)နေရာနဲ့ပဲ ချန်ပီယံလိဂ် ကစားခွင့်ရခဲ့တာပါ။ ချန်ပီယံလိဂ်မှာလည်း ရီးယဲလ်ကို ရှုံးပြီး ပြိုင်ပွဲကထွက်ခဲ့ရသလို တခြားဘယ်ပြိုင်ပွဲမှာမှ ဗိုလ်စွဲဖို့ မနီးစပ်ခဲ့ဘူး။ ဒီအခြေအနေကနေ အဓိက ကစားသမားတွေ ဒဏ်ရာက ပြန်လည်သက်သာလာရုံနဲ့ ချန်ပီယံဆုတွေ ပြန်စိန်ခေါ် နိုင်တော့မလားဆိုတာ သံသယဖြစ်ဖို့ ကောင်းတယ်။ ကျန်တဲ့ ပြိုင်ဘက်တွေရဲ့ အားဖြည့်မှုတွေကလည်း လိုအပ်တဲ့ နေရာတွေမှာ အံဝင်ခွင်ကျ ခေါ်ယူထားနိုင်လို့ လီဗာပူးလ်အတွက် စိန်ခေါ်မှု ပိုကြီးတယ်။
လီဗာပူးလ်ရဲ့ တိတ်ဆိတ် နွေရာသီ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။