ထိုင်းလိဂ်-၂ ကလပ် ဖာရေးယူနိုက်တက်အသင်းတွင် တိုက်စစ်မှူး ကျော်ကိုကို နံပါတ် ၉ ဝတ်ဆင်ခွင့်ရရှိ

ထိုင်းလိဂ်-၂ ကလပ် ဖာရေးယူနိုက်တက်အသင်းတွင် တိုက်စစ်မှူး ကျော်ကိုကို နံပါတ် ၉ ဝတ်ဆင်ခွင့်ရရှိ
Photo: Phare United
Photo: Phare United
Published 5 September 2021

 

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကိုသည် ထိုင်းလိဂ်-၂ ကလပ် ဖာရေးယူ နိုက်တက်အသင်းတွင် နံပါတ် ၉ ဝတ်ဆင် ကစားခွင့်ရရှိခဲ့ကြောင်း သိရသည်။

ဖာရေးယူနိုက်တက်အသင်းသည် ပြီးခဲ့ သည့်ရာသီကုန်တွင် ချင်းမိုင်ယူနိုက်တက်အသင်းနှင့် လမ်းခွဲခဲ့သည့် တိုက်စစ်မှူး ကျော်ကိုကိုအား ယခုနှစ်လယ်ပိုင်းက ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ ကျော်ကိုကိုသည် ဖာရေးယူနိုက် တက်အသင်း၌ နံပါတ် ၉ ဝတ်ဆင်ကစား ခွင့်ရမည်ဖြစ်ပြီး ရာသီကြိုခြေစမ်းပွဲများတွင် ဂိုးများသွင်းယူထားသည်။

ကျော်ကိုကိုသည် ၂၀၁၈ ခုနှစ်တွင် ထိုင်းကလပ်များသို့ စတင် ပြောင်းရွှေ့ခဲ့ပြီး ပဥ္စမမြောက်အသင်းအဖြစ် ဖာရေးယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ ကစားခြင်းဖြစ်သည်။ ကျော်ကိုကိုသည် ၂၀၁၈ ရာသီတွင် ထိုင်းလိဂ်-၁ ကလပ် ချင်း ရိုင်ယူနိုက်တက်အသင်း၊ ၂၀၁၉ ရာသီတွင် ထိုင်းလိဂ်-၁ ကလပ် ဆာမတ်ပရာခန်အသင်း၊ ၂၀၂၀-၂၀၂၁ ရာသီတွင် ထိုင်းလိဂ်-၁ ကလပ် ဆူခိုထိုင်းအသင်းနှင့် ထိုင်းလိဂ်-၂ ကလပ် ချင်းမိုင်ယူနိုက်တက်အသင်း၌ ကစားခဲ့သည်။

ကျော်ကိုကိုသည် ဆူခိုထိုင်းအသင်းတွင် ဝတ် ဆင်ကစားခဲ့သည့် နံပါတ် ၉ ကို ပြန်လည် ဝတ်ဆင်ခွင့်ရခဲ့ခြင်းဖြစ်ပြီး ၎င်းအနေဖြင့် ချင်းရိုင်ယူနိုက်တက်အသင်းတွင် နံပါတ် ၃၇၊  ဆာမတ်ပရာခန်အသင်းတွင် နံပါတ် ၁၀ နှင့် ချင်းမိုင်ယူနိုက်တက်အသင်းတွင် နံပါတ် ၂၃ ဝတ်ဆင်ကစားခဲ့သည်။ 

ကျော်ကိုကိုသည် ပထမဆုံးသွားရောက် ကစားသည့် ချင်းရိုင်ယူနိုက်တက်အသင်းတွင်  ဒူးဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သဖြင့် ကာလရှည်အနားယူခဲ့ရပြီး နောက်ပိုင်းတွင် ပုံမှန် ခြေစွမ်းပြန်ရရန် ရုန်းကန်ခဲ့ရသည်။ 

Most Read

Most Recent