ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ် ထားသည့် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံများအနေဖြင့် ရောဂါဖြစ်ပွားမှု ကျဆင်း နေသည့်အထဲတွင် မြန်မာနိုင်ငံနှင့်အတူ အိန္ဒိယနိုင်ငံလည်း ပါဝင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် အမေရိကဒေသ၊ ဥရောပဒေသ၊ အရှေ့တောင် အာရှဒေသ၊ မြေထဲပင်လယ်အရှေ့ပိုင်းဒေသ၊ အနောက်ပစိဖိတ်သမုဒ္ဒရာဒေသနှင့် အာဖ ရိကဒေသဟူ၍ တစ်ကမ္ဘာလုံးကို ဒေသကြီး ခြောက်ခု သတ်မှတ်ပြီး ကျန်းမာရေးလုပ်ငန်း များကို အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင် ရွက်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏သတ် မှတ်ချက်အရ အရှေ့တောင်အာရှဒေသထဲ တွင် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ မြောက်ကိုရီး ယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မြန်မာ၊ နီပေါ၊ သီရိ လင်္ကာ၊ ထိုင်း၊ အရှေ့တီမောနှင့် စင်ကာပူနိုင်ငံ ဟူ၍ နိုင်ငံ ၁၁ နိုင်ငံပါဝင်ကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနမှ သိရသည်။
ကမ္ဘာတစ်ဝန်းလုံးတွင် ပြန်ကြည့်ပါက ကမ ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားသည့် ဒေသကြီးခြောက်ခုအနက် သုံးခုတွင် ရောဂါဖြစ်ပွားမှုတက်နေပြီး ရောဂါဖြစ်ပွားကျ ဆင်းသည့် ဒေသကြီးသုံးခုတွင် အရှေ့တောင် အာရှဒေသ၊ မြေထဲပင်လယ်အရှေ့ပိုင်းဒေသ နှင့် အာဖရိကဒေသတို့ဖြစ်ပြီး အရှေ့တောင် အာရှဒေသအနေဖြင့် ရောဂါဖြစ်ပွားမှုကျ ဆင်းသည့်အထဲတွင် မြန်မာနိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့ ပါဝင်နေကြောင်း သိရသည်။
အာဆီယံနိုင်ငံများတွင် လက်ရှိရောဂါ ဖြစ်ပွားမှုအများဆုံးနှင့် ထိပ်ဆုံးမှ ဦးဆောင် နေသည့်နိုင်ငံမှာ အင်ဒိုနီးရှားနိုင်ငံဖြစ်ပြီး ဒုတိယအများဆုံးမှာ ဖိလစ်ပိုင်နှင့် တတိယ အများဆုံးမှာ မလေးရှားနိုင်ငံဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် တစ်ပတ်အတွင်း WHO အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများတွင် COVID-19 ဖြစ်ပွားမှု ၁၆ ရာခိုင်နှုန်း လျော့ ကျလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က WHO အရှေ့တောင်အာရှဒေသတွင်း နိုင်ငံ များ၏ COVID-19 ဖြစ်ပွားမှု အခြေအနေ အပတ်စဉ်အစီရင်ခံစာ၌ ဖော်ပြထားသည်။
အဆိုပါအစီရင်ခံစာအရ အိန္ဒိယနိုင်ငံ တွင် ၁၀ ဒသမ ၃ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားနိုင်ငံ တွင် ၃၃ ဒသမ ၆ ရာခိုင်နှုန်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ၃၃ ဒသမ ၉ ရာခိုင်နှုန်း၊ နီပေါနိုင်ငံ တွင် ၁၂ ဒသမ ၈ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံတွင် ၅ ဒသမ ၇ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံတွင် ၂၁ ဒသမ ၆ ရာခိုင်နှုန်း၊ ဘူတန်နိုင်ငံတွင် ၄၈ ဒသမ ၁ ရာခိုင်နှုန်း အသီးသီးလျော့ကျခဲ့ပြီး အရှေ့တီမောနိုင်ငံတွင် ၅၉ ဒသမ ၄ ရာခိုင် နှုန်းနှင့် သီရီလင်္ကာနိုင်ငံတွင် ၄၀ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။
တောင်အာဖရိကနိုင်ငံသည် ဒေသတွင်း ဗိုင်းရပ်စ်ကူးစက်မှုနှုန်း အဆိုးဆုံးဖြစ်ပြီး လက်ရှိအချိန်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ပေါင်း ၂ ဒသမ ၇ သန်းရှိပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၈၁၈၃၀ ဦးရှိကြောင်း သိရ သည်။















