စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုမှာ စက်တင်ဘာ ၂ ရက်အထိ Test Kit ဖြင့် စစ်ဆေးခဲ့မှုအရ ပိုးတွေ့လူနာစုစုပေါင်း ၈၃၀ ကျော်နှင့် သေဆုံးသူ ၂၀ ကျော် ရှိလာခဲ့ကြောင်း ခင်ဦးမြို့နယ်ကြက်ခြေနီအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
ခင်ဦးမြို့နယ်အတွင်း COVID-19 ကပ်ရောဂါဖြစ်ပွားမှုနှုန်းမှာ အနည်းငယ်ကျဆင်း၍လာသော်လည်း ရောဂါကူးစက်ဖြစ်ပွားသူနှင့်သေဆုံးမှုအချို့ရှိနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ ဆက်လက်ပြီး စက်တင်ဘာ ၂ ရက်နေ့၌ Tesk Kit ဖြင့် စစ်ဆေးခဲ့ရာ COVID-19 လူနာသစ် ၆ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
ခင်ဦးမြို့နယ်အတွင်း COVID-19 ကပ်ရောဂါဖြစ်ပွားသူဦးရေမှာ ယခုတတိယလှိုင်းကာလအတွင်း ရောဂါဖြစ်ပွားသူဦးရေမှာ ၈၀၀ ကျော်အထိ ရောက်ရှိလာခဲ့ခြင်းလည်း ဖြစ်သည်။ ခင်ဦးမြို့နယ်အတွင်း COVID-19 ကပ်ရောဂါဖြစ်ပွားသူ စုစုပေါင်း ၈၃၂ ဦး ရှိပြီဖြစ်ပြီး ၂၅ ဦး သေဆုံးထားကြောင်း ခင်ဦးမြို့နယ် ကြက်ခြေနီအသင်း၏ ထုတ်ပြန်ချက်များအရ သိရသည်။
ခင်ဦးမြို့နယ်တွင် COVID-19 ကပ်ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ယခုတတိယလှိုင်းကာလအတွင်း ဆေးရုံတွင်လာရောက်ကုသမှုခံယူနေသူများရှိသကဲ့သို့ နေအိမ်တွင်ကုသမှုပြုလုပ်နေသူများလည်းရှိနေပြီး အချို့မှာ ရောဂါပြင်းထန်၍ သေဆုံးမှုများလည်းရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ ထိုသို့ နေအိမ်တွင်ဆေးဝါးကုသမှုခံယူနေရင်း သေဆုံးမှုများရှိခဲ့ခြင်းကြောင့် ဆေးရုံတွင်လာရောက်ကုသသူစာရင်းနှင့် သေဆုံးမှုစာရင်းများထက် ပိုမိုများပြားနိုင်ကြောင်းလည်း စုံစမ်းသိရသည်။
ခင်ဦးမြို့နယ်တွင် လက်ရှိ COVID-19 ကပ်ရောဂါ တတိယလှိုင်းကာလအတွင်း၌ ယခင် COVID-19 ပထမလှိုင်းနှင့်ဒုတိယလှိုင်းကာလတို့ထက် ပိုမိုကူးစက်ဖြစ်ပွားမှုမြင့်တက်လာခဲ့ခြင်းဖြစ်ပြီး လူသေဆုံးမှုများအထိ ရောက်ရှိလာခဲ့ခြင်းလည်း ဖြစ်သည်။ ထိုသို့ ရောဂါဖြစ်ပွားသူဦးရေ မြင့်တက်လာခဲ့ခြင်းကြောင့် ခင်ဦးဆေးရုံအပြင် စာသင်ကျောင်းအချို့ကိုပါ COVID-19 Positive Center အဖြစ် တိုးချဲ့ဖွင့်လှစ်ထားရကြောင်း စုံစမ်းသိရသည်။
လက်ရှိ ခင်ဦးမြို့နယ်အတွင်း COVID-19 ကပ်ရောဂါကူးစက်ဖြစ်ပွားနေမှုမှာ ခင်ဦးမြို့ပေါ်အပြင် ကျေးရွာများအထိ ကူးစက်ပြန့်ပွားမှုများရှိနေပြီး လူသေဆုံးမှုများပါ ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ပုံစာ- ခင်ဦးမြို့နယ်တွင် COVID-19 ကပ်ရောဂါ စစ်ဆေးနေမှုအား သြဂုတ်လအတွင်းက တွေ့ရစဉ်















