လက်ရှိဘဏ္ဍာနှစ် ၁၀ လခွဲကျော်တွင် ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှု ဒေါ်လာ ၄ ဒသမ ၃ လျံကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၈၇၀ ကျော် ပိုမိုတင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာမှ သိိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ သြဂုတ် ၂၀ ရက်အထိ ၁၀ လခွဲကျော်တွင် ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှု ဒေါ်လာ ၄ ဒသမ ၃၃၉ ဘီလျံရှိသည်။ ယခင်နှစ်ကာလတူတွင် ဒေါ်လာ ၃ ဒသမ ၄၆၂ ဘီလျံသာရှိသည်။
လက်ရှိဘဏ္ဍာနှစ် ၁၀ လခွဲကျော်တွင် ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၈၇၇ ဒသမ ၀၀၃ သန်းပိုမိုတင်ပို့ထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော CMP ၊ အခြားသောပို့ကုန်များကို တင်ပို့နေခြင်းဖြစ်သည်။ယင်းကာလအတွင်း ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှာ ဒေါ်လာ ၁၃ ဘီလျံကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ပို့ကုန်တင်ပို့မှု ဒေါ် လာ ၂ ဒသမ ၈ ဘီလျံကျော်လျော့ကျခဲ့ကြောင်း သိရသည်။















