UEFA က ၂၀၂၀-၂၁ ရာသီအတွက် အကောင်းဆုံးကစားသမား ရွေးချယ်ဖို့ ဆန်ခါတင်(၃)ဦးစာရင်းထုတ်ပြန်လိုက်ရာမှာ ချယ်လ်ဆီးက ဂျော် ဂျင်ဟိုနဲ့ ကွန်တေ၊ မန်စီးတီးက ဒီဘရိုင်းနားတို့ ပါဝင်ခဲ့ပါတယ်။ ဒီကစား သမား(၃)ဦးက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အကောင်းဆုံးဖြစ်ခဲ့သူတွေပါ။ ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက်အသင်းနှစ်သင်းက ကစားသမားတွေဖြစ်ပြီး ဂျော်ဂျင်ဟိုနဲ့ ကွန်တေတို့ကတော့ ဆုဖလားကိုပါကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ပရိသတ် တွေရဲ့အမြင်မှာလည်း ဒီဘရိုင်းနားထက် သူတို့နှစ်ဦးထဲက တစ်ဦးဦး အကောင်း ဆုံးဆုရရှိလိမ့်မယ်လို့ ယူဆနေကြပါတယ်။ ဒီဆုရဲ့ အမည်အပြည့်အစုံ ကတော့ UEFA Men's Player of the Year ဖြစ်ပါတယ်။ ဥရောပ ဘောလုံးအဖွဲ့ချုပ်ရဲ့ တစ်နှစ်တာ အကောင်းဆုံးအမျိုးသားကစား သမားဆုလို့ ဆိုရပါလိမ့်မယ်။ ဒါပေမဲ့ အဓိကအားဖြင့်တော့ ချန်ပီ ယံလိဂ်ပြိုင်ပွဲက စွမ်းဆောင်ရည်အပေါ်ပဲ အခြေခံပါတယ်။ ဘာ ကြောင့်လဲဆိုတော့ တစ်ဆင့်နိမ့်ပြိုင်ပွဲဖြစ်တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို သတ်သတ်ရွေးချယ်ချီးမြှင့် နေတာကြောင့်ပါ။ ချန်ပီယံလိဂ်မှာတော့နေရာအလိုက် အ ကောင်းဆုံးကစားသမားဆုတွေသာ ရွေးချယ်ချီးမြှင့်လေ့ရှိ ပြီး ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားကို သီးသန့်ရွေးချယ် လေ့မရှိပါဘူး။ ချန်ပီယံလိဂ်ရဲ့ အကောင်းဆုံးကစားသမားကို UEFA ရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်တဲ့သဘောဖြစ်ပါတယ်။ ဒါပေမဲ့ UEFA ရဲ့ ညွှန်း ဆိုချက်ထဲမှာတော့ ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်း အတွက် အကောင်းဆုံးခြေစွမ်းပြနိုင်သူလို့ ပါရှိနေပါတယ်။ ဒီတော့ လက်ရွေးစင်အသင်းရဲ့ ပြိုင်ပွဲကြီးတွေရှိနေတဲ့ နှစ်မျိုးမှာ တော့ ချန်ပီယံလိဂ်က စွမ်းဆောင်ရည်သာမက လက်ရွေးစင်အသင်းနဲ့ စွမ်းဆောင်ရည် ကိုပါ ထည့်သွင်းတွက်ချက်ရမယ့် အနေအထားပါ။ ဒီနေရာမှာတော့ အီတလီအသင်းနဲ့ အတူ ယူရို-၂၀၂၀ ချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ ဂျော်ဂျင်ဟိုက ပြိုင်ဘက်တွေထက် အသာစီး ရရှိသွားပါတယ်။ ဒီတော့ ၂၀၂၀-၂၁ ရာသီ UEFA အကောင်းဆုံးကစားသမားဆုက ဂျော်၈ျင်ဟိုဘက်ကို တစ်ခြမ်းစောင်းသလိုတော့ ဖြစ်နေပါတယ်။ သေချာပြီလား။ အဖြေ ကိုတော့ သြဂုတ်(၂၆)မှာ သိရှိရမှာပါ။
အကောင်းဆုံးဆု ဘယ်သူ့အတွက်လဲ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
3 hours ago
3 hours ago
3 hours ago
3 hours ago
3 hours ago
3 hours ago
3 hours ago