■ စီးရီးအေ ပွဲစဉ်-၁ ပွဲကြိုသုံးသပ်ချက်

■ စီးရီးအေ ပွဲစဉ်-၁ ပွဲကြိုသုံးသပ်ချက်
Published 23 August 2021

■ ကာဂလီယာရီ - စပီဇီယာ(မြန်မာစံတော်ချိန် သြဂုတ်လ ၂၃ ရက် ည ၁၁းဝ၀ နာရီ)

◘ Last Season

20/03/21        SEA    Spezia    2 - 1    Cagliari

29/11/20        SEA    Cagliari    2 - 2    Spezia

မနှစ်တုန်းက ရာသီနှောင်းပိုင်းမှာ ရုန်းကန်ပြီး တန်းဆင်းဇုန်က လွတ်မြောက်ခဲ့တဲ့နှစ်သင်းပါ။ ကာဂလီယာရီက ဂျော်အိုပတ်ဒရို၊ ဆီမြွန်နီတို့လို ကစားသမားကောင်းတွေရှိသေးလို့ စပီဇီယာကို အိမ်ကွင်းမှာ အနိုင်ကစားပါလိမ့်မယ်။

■ ဆမ်ဒိုးရီးယား - အေစီမီလန်(မြန်မာစံတော်ချိန် သြဂုတ်လ ၂၄ ရက် နံနက် ၁း၁၅ နာရီ)

◘ Last Season

03/04/21        SEA    AC Milan        1 - 1    Sampdoria

07/12/20        SEA    Sampdoria    1 - 2    AC Milan

အေစီမီလန်က ရာသီသစ်ကို အများကြီးမျှော်လင့်ထားပုံပဲ။  လူငယ်တွေကို ဦးစားပေးခေါ်ယူနေသလို၊ ဂျရူးလို တိုက်စစ်မှူးမျိုးရောက်လာလို့လည်း အီဘရာဟီမိုဗစ် ဝန်ထုပ်ဝန်ပိုး လျော့ကျသွားပါလိမ့်မယ်။ ဆမ်ဒိုးရီးယားက အသင်းရှယ်ယာကိစ္စတွေထဲ အာရုုံများနေပုံပဲ။ ဒါပေမဲ့ ကစားသမားကောင်းတွေ ရှိနေသေးသလို၊ အစဉ်အလာအရလည်း ဒုက္ခပေးတတ်လို့ အေစီမီလန် အမှတ်လျော့သွားနိုင်တယ်။

 

Most Read

Most Recent