ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ် (၂) ပွဲကြိုသုံးသပ်ချက်

ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ် (၂) ပွဲကြိုသုံးသပ်ချက်
Photo: Twitter
Photo: Twitter
Published 22 August 2021

 ဟော်ဖန်ဟင်မ် - အူန်ယွန်းဘာလင် (တနင်္ဂနွေည ၈းဝ၀ နာရီ)

ဂိုးပြတ်နိုင်ပွဲနဲ့ ဟော်ဖန်ဟင်မ် တာထွက်ကောင်းထားပေ မဲ့ ခြေစွမ်းအတက်အကျများတာကို ထည့်တွက်ရမယ်။ အူန် ယွန်းဘာလင်နဲ့ စွန့်စားသင့်တယ်။

ဘိုင်ယန်မြူးနစ် - ကိုလုံး (တနင်္ဂနွေည ၁ဝးဝ၀ နာရီ)

ဘိုင်ယန်မြူးနစ်အသင်း ဂျာမန်စူပါဖလားမှာ ဒေါ့မွန်ကို အနိုင်ကစားပြီး နည်းပြသစ် နာဂယ်စ်မန်းလက်ထက်မှာ ပထမ ဆုံးနိုင်ပွဲ စရခဲ့တယ်။ စူပါဖလားဆွတ်ခူးထားတဲ့ စိတ်ဓာတ်ပိုင်း နဲ့ ဘွန်ဒစ်လီဂါမှာ အရှိန်တင်တော့မယ့်အနေအထားရှိတယ်။  တိုက်စစ်မှူး လီဝန်ဒေါစကီးကလည်း ရာသီစတာနဲ့တစ်ပြိုင် နက် ပုံမှန်ခြေစွမ်းကို ချက်ချင်းရခဲ့တယ်။ ရာသီကြိုခြေစမ်းပွဲ မှာ ကိုလုံးကို လူမစုံတဲ့အချိန် အရေးနိမ့်ထားမှုက အခုပွဲအပေါ် သက်ရောက်မှုမရှိနိုင်ပါဘူး။ ဒါပေမဲ့ ကိုလုံးမှာ မိုဒက်စ်တေ ပြန် ရောက်လာလို့ ဘိုင်ယန် သတိတော့ထားရမယ်။ နိုင်ပွဲလိုနေတဲ့ ဘိုင်ယန်ကိုပဲ ရွေးချယ်ချင်တယ်။

 

Most Read

Most Recent