မန်ယူအသင်းဟာ ပြီးခဲ့တဲ့လကတည်းကခေါ်ယူဖို့ သဘောတူညီမှုရရှိထားတဲ့ ရီးယဲလ်မက်ဒရစ်နောက်ခံလူ ဗာရန်းကို မကြာသေးခင်ကမှ တရားဝင်မိတ်ဆက်နိုင်ခဲ့ပါတယ်။ အသက် (၂၈) နှစ်ရှိပြီဖြစ်တဲ့ ဗာရန်းအတွက် မန်ယူအသင်း ကနဦးပြောင်းရွှေ့ကြေးပေါင် (၃၄) သန်း အသုံးပြုခဲ့ရပြီး Add-ons ကြေးနဲ့ဆိုရင် အမြင့်ဆုံးပေါင် (၄၂) သန်းလောက်အထိ ရောက်နိုင်ခြေရှိပါတယ်။ ဗာရန်းရဲ့စာချုပ်သက်တမ်းကတော့ ၂၀၂၅ ခုနှစ်အထိ ဖြစ်ပါတယ်။ လိဒ်စ်အသင်းနဲ့ပွဲမှာ မန်ယူပရိသတ်တွေနဲ့ တရားဝင်မိတ်ဆက်ခဲ့တဲ့ ဗာရန်းကို အသင်းဝက်ဘ်ဆိုက်က သြဂုတ်(၁၆) ရက်မှာ အင်တာဗျူးခဲ့ပါတယ်။ အဲဒီအင်တာဗျူးထဲက တချို့အမေးအဖြေတွေကို ပြန်လည်ဖော်ပြလိုက်ပါ တယ်။
■ "ဘဝခရီးသစ်တစ်ခု စတင်ရမှာဖြစ်လို့ စိတ်လှုပ်ရှားနေပါတယ်" - မန်ယူနောက်ခံလူသစ် ဗာရန်းနှင့် တွေ့ဆုံခြင်း
Photos: Manchester United & Getty Images