■ ရိုးမားအသင်းမှာ ချန်ပီယံဆုများကိုစိန်ခေါ်ရန် ထိုက်တန်သည့်အသင်းဖြစ်ပြီး ဆုဖလားများရရှိအောင် ကူညီပေးသွားမည်ဟု အေဘရာဟမ် ပြောကြား

■ ရိုးမားအသင်းမှာ ချန်ပီယံဆုများကိုစိန်ခေါ်ရန် ထိုက်တန်သည့်အသင်းဖြစ်ပြီး ဆုဖလားများရရှိအောင် ကူညီပေးသွားမည်ဟု အေဘရာဟမ် ပြောကြား
Photos : AS Roma
Photos : AS Roma
Published 19 August 2021

ရိုးမားတိုက်စစ်မှူးသစ် အေဘရာဟမ်က ရိုးမားအသင်းမှာ ချန်ပီယံဆုများကို စိန်ခေါ်ရန် ထိုက်တန်သည့် အသင်းဖြစ်ပြီး မိမိအနေဖြင့် ဆုဖလားများရရှိအောင် ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရိုးမားအသင်းသည် ချယ်လ်ဆီးအသင်းမှ အင်္ဂလန်တိုက်စစ်မှူး အေဘရာဟမ်ကို ပေါင် (၃၄)သန်း(ယူရို သန်း ၄၀)ဖြင့် ခေါ်ယူကာ (၅)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း သြဂုတ် (၁၇)ရက်တွင် ကြေ ညာခဲ့သည်။

ချယ်လ်ဆီးအသင်းသည် အေဘရာဟမ်ကို အပြီးသတ်ရောင်းချခဲ့သော်လည်း ပေါင် (၆၈)သန်းဖြင့် ပြန်လည်ခေါ်ယူခွင့်ရှိသည်ဆိုသောအချက်ကိုပါ ထည့်သွင်းခဲ့ကြောင်း သိရှိ ရသည်။

အေဘရာဟမ်က ရိုးမားအသင်းကို ဆုဖလားရရှိအောင် ကူညီပေးသွားမည်ဟု မိတ်ဆက်ပွဲတွင် ပြောကြားခဲ့သည်။

အေဘရာဟမ်က ''ရိုးမားအသင်းက ကျွန်တော့်ကို လိုလိုချင်ချင်နဲ့ ခေါ်ယူခဲ့တာပါ။ ရိုးမားအသင်းဟာ ချန်ပီယံဆုတွေကို စိန်ခေါ်ဖို့ ထိုက်တန်တဲ့အသင်းဖြစ်ပြီး ကျွန်တော်ဟာ အဓိကဆုဖလားတွေ ရယူခဲ့ဖူးသူပါ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ရိုးမားအသင်းကို ဆုဖလားတွေရရှိအောင်နဲ့ သူတို့နဲ့ ထိုက်တန်တဲ့အဆင့်ကို ပြန်ရောက်အောင် ကူညီပေးချင်ပါတယ်''ဟု ဆိုခဲ့သည်။

ရိုးမားနည်းပြ မော်ရင်ဟိုက အင်တာမီလန်အသင်းသို့ ထွက်ခွာသွားသည့် ဂျက်ကို၏နေရာတွင် အေဘရာဟမ်နှင့် အစားထိုးပေးခဲ့သည့်အတွက် အသင်းတာဝန်ရှိသူများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent