မြန်မာနိုင်ငံအတွက် အာဆီယံ၏ ပထမအဆင့် လူသားချင်းစာနာထောက်ထားမှုအကူအညီကို COVID-19  ကူးစက်ရောဂါ အရေးပေါ်လိုအပ်ချက်များအပေါ် အဓိကထားမည်ဟု အာဆီယံအတွင်းရေးမှူးချုပ် ပြောကြား

မြန်မာနိုင်ငံအတွက် အာဆီယံ၏ ပထမအဆင့် လူသားချင်းစာနာထောက်ထားမှုအကူအညီကို COVID-19  ကူးစက်ရောဂါ အရေးပေါ်လိုအပ်ချက်များအပေါ် အဓိကထားမည်ဟု အာဆီယံအတွင်းရေးမှူးချုပ် ပြောကြား
သြဂုတ် ၈ ရက်က အာဆီယံမှ မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးမည့်ကိစ္စနှင့် ပတ်သက်၍ Pledging Conference ပြုလုပ်စဉ်
သြဂုတ် ၈ ရက်က အာဆီယံမှ မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးမည့်ကိစ္စနှင့် ပတ်သက်၍ Pledging Conference ပြုလုပ်စဉ်
Published 19 August 2021

မြန်မာနိုင်ငံအတွက် အာဆီယံ၏ ပထမအဆင့် လူသားချင်းစာနာထောက်ထားမှုအကူအညီကို  COVID-19 ကူးစက်ရောဂါ အရေးပေါ်လိုအပ်ချက်များအပေါ်တွင် အဓိကထားမည်ဟု အာဆီယံအတွင်းရေးမှူးချုပ် H.E.Dato Lim Jock HOi က ပြောကြားသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သြဂုတ် ၁၈ ရက် Video Conference စနစ်ဖြင့် ပြုလုပ်သည့် အာဆီယံမှ မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးမည့်ကိစ္စနှင့်ပတ်သက်၍ Pledging Conference တွင် အာဆီယံခေါင်းဆောင်များ၏ တူညီဆန္ဒငါးချက်၏ စတုတ္ထမြောက်အချက်နှင့်အညီ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အာဆီယံလူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေး ညှိနှိုင်းမှု ဗဟိုဌာနမှတစ်ဆင့် မြန်မာနိုင်ငံသို့ အာဆီယံ၏ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ပေးအပ်ရေးကိစ္စရပ်များကို ရှင်းလင်းပြောကြားရာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။  

ယင်းအစည်းအဝေး၌ အာဆီယံ အတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံ၌ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများကို အဆင့်ဆင့်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအတွက် အာဆီယံ၏ ပထမအဆင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများသည် COVID-19 ကူးစက်ရောဂါအတွက် အရေးပေါ်လိုအပ်ချက်များအပေါ် အဓိကထားမည်ဖြစ်ပြီး ဒုတိယအဆင့်သည် ပိုမိုကျယ်ပြန့်သော လူသားချင်း စာနာထောက်ထားမှု လိုအပ်ချက်များကို အလေးထားမည်ဖြစ်ကြောင်း  ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များ၊ မိတ်ဖက်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံသို့ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ပေးအပ်ရန်အတွက် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး ငွေကြေးနှင့် အထောက်အပံ့ပစ္စည်းများ လှူဒါန်းရန် ကတိကဝတ်ပြုရေးအတွက် ဆန္ဒရှိမှုကို ဖော်ပြခဲ့ကြသည်။

ယင်းအစည်းအဝေး၌ ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ဥရောပသမဂ္ဂနှင့် နယူးဇီလန်နိုင်ငံတို့မှ ငွေကြေးအထောက်အပံ့အားဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၀၀၀၀၀၊ သြစတြေးလျဒေါ်လာ ငါးသန်းနှင့် ယူရို ၃၇၀၀၀၀ ကို လှူဒါန်းရန် ကတိပြုခဲ့သည်။

ထို့ပြင် အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့မှ ပစ္စည်းအားဖြင့် ကူညီမည်ဖြစ်ကြောင်း ကတိကဝတ်ပြုခဲ့ကြသည်။ ငွေကြေးနှင့်ပစ္စည်းအထောက်အပံ့များ အားလုံးကို အာဆီယံလူသားချင်း စာနာထောက်ထားမှုအကူအညီ ပေးအပ်ရေး ညှိနှိုင်းမှု ဗဟိုဌာနမှတစ်ဆင့် လှူဒါန်းသွားမည်ဖြစ်သည်။

Most Read

Most Recent