ကိုဗစ်ကာလကို ခက်ခဲစွာ ဖြတ်သန်းနေကြသည့် စစ်တွေမြို့မှ ရဟန်းသံဃာတော်များ

ကိုဗစ်ကာလကို ခက်ခဲစွာ ဖြတ်သန်းနေကြသည့် စစ်တွေမြို့မှ ရဟန်းသံဃာတော်များ
ကိုဗစ် ကာကွယ်ဆေးထိုးနေကြသည့် သံဃာတော်များအား တွေ့ရစဉ်
ကိုဗစ် ကာကွယ်ဆေးထိုးနေကြသည့် သံဃာတော်များအား တွေ့ရစဉ်
Published 15 August 2021
ဝင်းကျော်အောင်

စစ်တွေမြို့ အာကျိတ်တော်ကုန်း ကျောင်းထိုင်ဆရာတော်များ သင်တန်းကျောင်း၏ နောက်ဘက်လမ်းဘေး၌ ရဟန်း သံဃာများကို မီးသဂြုႋဟ်ရာ နေရာတစ်ခုရှိသည်။ ယင်းမီးသဂြုႋဟ်ရာ နေရာအနီးတွင်ပင် တစ်ဆောင်တည်းသောဇရပ် တည်ရှိသည်။ စစ်တွေမြို့ပေါ်ကျောင်းများတွင် သီတင်းသုံးပြီး ပျံလွန်တော်မူသော ရဟန်းသံဃာများကိုသာ သီးသန့်  မီးသဂြုႋဟ်ရာ နေရာဖြစ်သည့်အတွက် ယင်းဇရပ်သို့ လူသူအရောက်အပေါက်မရှိဘဲ  သာမန်နေ့များတွင် တိတ်ဆိတ်၍ ရှိနေသည့်နေရာပင် ဖြစ်သည်။

ဇူလိုင် ၂၉ ရက် မွန်းလွဲပိုင်းတွင် ကားတစ်စီး၊ ဆိုင်ကယ် လေးငါးစီးဖြင့် လူကြီးလူငယ်  ၂၀ ခန့် ရောက်ရှိလာပြီး ဇရပ်ပေါ်သို့ တက်ကာ ထိုင်သူကထိုင် ၊ တချို့က မီးသဂြုႋဟ် ရန် အဆင်သင့်လုပ်ထားသည့်နေရာသို့ သွား ကြည့်နေကြသည်။ ထို့နောက် များမကြာမီ ပင် ကားတစ်စီး ဇရပ်အနီးထိုးရပ်လာပြီး ညှိုး ငယ်နေသည့်မျက်နှာများဖြင့် သံဃာသုံးပါး ကားပေါ်ကဆင်းကာ ဇရပ်ထဲသို့ဝင်ပြီး တိတ် ဆိတ်စွာ သီတင်းသုံးနေသည်။

ယင်းသို့ရောက်ရှိလာသူများမှာ ကျောက် တော်မြို့နယ် ကံစောက်ကျေးရွာနှင့် ပုဏ္ဏား ကျွန်းမြို့နယ် ဆင်ထိန်းချေကျေးရွာမှ ဖြစ် ကြပြီး ဆင်ထိန်းချေဆရာတော် ပျံလွန်တော် မူသွားသည့်အတွက် ရောက်ရှိလာခြင်းဖြစ် သည်။

များမကြာမီ  နာရေးကားတစ်စီးနှင့် ရွှေရောင်မေတ္တာ ပရဟိတအဖွဲ့မှ ဆေးဖျန်းသည့် ကားတစ်စီး ပြိုင်တူရောက်ရှိလာသည်။ ကားထိုးရပ်သည်နှင့် ချက်ချင်း ပလတ်စတစ်အဖြူဖြင့် ပတ်ထားသည့် အလောင်းတစ်ခုကို  ကားပေါ်တွင် အသင့်ပါလာသည့် PPE ဝတ်ထားသူ လေးဦးက ထမ်းချလာပြီး မီးသဂြုႋဟ်ရန် အသင့်စုပုံထားသည့် ထင်းပုံပေါ်တွင် တင် လိုက်သည်။ ထို့နောက် ချက်ချင်းပင်  အသင့် ပြင်ထားသည့် မီးတုတ်ဖြင့် မီးသဂြုႋဟ်ခြင်းကို စတင်တော့သည်။  ရွှေရောင်မေတ္တာအဖွဲ့က လည်း နာရေးကားနှင့် PPE ဝတ်ထားသူများကို ပိုးသတ်ဆေးဖြင့် ဖျန်းသည်။

မီးသဂြုႋဟ်သည့် ရုပ်အလောင်းမှာ ပုဏ္ဏားကျွန်းမြို့နယ် ဆင်ထိန်းခေ ကျေးရွာ ၏ ကျောင်းထိုင် ဆရာတော်ကြီးပင်ဖြစ်သည်။ သို့ရာတွင် ကိုယ့်ဆရာတော်ဘုရားကို မည် သူမျှ ဖူးမြော်ခွင့်မရကြ။ ဇရပ်ပေါ်မှ သံဃာ တော်များနှင့် လူထုကလည်း အနားသို့ မည် သို့မျှ ကပ်ခွင့်မရကြဘဲ မျက်ရည်စက်လက် ဖြင့်  အဝေးမှ လက်အုပ်ချီ ဖူးမြော်နေကြရ သည်။

“ဆရာတော်က ဖျားလို့ စစ်တွေကို ဆေး ခန်းပြဖို့<ကသွားတာလို့ပဲသိတာ။ နောက် ကို ဗစ်ပိုးတွေ့လို့ ဆေးရုံတင်ထားရတယ်လို့ ကြားတယ်။ သတင်းမေးတော့ အောက်ဆီဂျင် ရှူရတယ်လို့ သိရတယ်။ ဒီကနေ့ မနက် ၇ နာ ရီကျော်မှာ ပျံလွန်တော်မူသွားပြီလို့ သတင်း ရရချင်း လိုက်လာတာ ။ ဒါပေမဲ့ ဆရာတော် ကို ဖူးမြော်ခွင့် မရတော့ဘူး။ ကိုဗစ်စည်း ကမ်းနဲ့အညီဆိုတော့လည်း ကျွန်တော်တို့ တပည့်ဒကာတွေ ဘာမှမတတ်နိုင်တော့ဘူး။အခုလို ဆရာတော်ကြီးကို လူမသိ သူမသိ မီး သဂြုႋဟ်လိုက်ရတာကို ရင်နာလို့မဆုံးဘူး။ ကျွန်တော်တို့ ဖြေမဆည်နိုင်ဘူး။ ဆရာတော် က ကျွန်တော်တို့ စာတတ်အောင် ပညာသင် ပေးခဲ့တာ။ ကျွန်တော်တို့ ဆင်ထိန်းချေကျေး ရွာရဲ့ မဟာကရုဏာတော် ဆရာတော်ပါ။ အခု ဆရာတော် ပျံလွန်သွားတော့ ကျွန်တော် တို့ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုပါပဲ။ ကိုဗစ်နဲ့မဟုတ်ဘဲ ၉၆ ပါးရောဂါနဲ့ ပျံလွန် တော်မူသွားရင်တောင် ကျွန်တော်တို့ ဆရာ တော်ရဲ့စျာပနကို ကြီးကြီးကျယ်ကျယ် လုပ် မှာ။ ရပ်ဆွေရပ်မျိုး တပည့်ဒကာတွေနဲ့ စျာ ပနပွဲကျင်းပမှာ။ အခုတော့ ရွာလူကြီးတစ်ဦး ရဲ့ အသုဘ အခမ်းအနားလောက်တောင် မဟုတ်ဘဲ သဂြုႋဟ်လိုက်ရတာကိုက ရင်နာလို့ မဆုံးပါ “ဟု ဆင်ထိန်းချေကျေးရွာမှ ဒကာတစ်ဦးက ပြောသည်။

ကိုဗစ် တတိယလှိုင်းတွင် ရခိုင်ပြည်နယ်တွင် သေဆုံးသူ အများအပြား ရှိနေသည်။ ရဟန်းတော်များလည်း ကိုဗစ်ရောဂါဖြင့်ပင် ပျံလွန်တော်မူကြရသည်။ ယင်းအထဲတွင် သက်တော် ၇၅ နှစ်၊ သိက္ခာတော် ၅၅ ၀ါရှိ ဆင်ထိန်းချေဆရာတော်ကြီး ဘဒ္ဒန္တရာဇိန္ဒ လည်း တစ်ပါးအဝင်ဖြစ်သည်။  ဆရာတော် သည် စစ်တွေဆေးရုံကြီး ကိုဗစ်လူနာဆောင် တွင် ကုသခံယူနေစဉ် ဇူလိုင် ၂၉ ရက် နံနက် ၇ နာရီ ၁၀ မိနစ်တွင် ပျံလွန်တော်မူသွားခဲ့ခြင်း ဖြစ်သည်။

ဆင်ထိန်းချေဆရာတော် မပျံလွန်မီ ဇူလိုင် ၂၂ ရက်ကလည်း ကျောက်ဖြူ ပရဟိတ ကျောင်းဆရာတော်ကြီး ဦးကောဏ္ဍည ပျံလွန်တော်မူခဲ့သည်။၊ ဇူလိုင် ၂၁ ရက်က စစ်တွေမြို့ ဘောက်သီးစုရပ်ကွက်ရှိ အာစာရ မဏ္ဍိုင် (မောင်တောဆားပြင်) ကျောင်းတိုက် ဆရာတော် ဦးအာစရ ပျံလွန်တော်မူခဲ့သည်။  ဇူလိုင် ၁၉ ရက်တွင် စစ်တွေဆေးရုံကြီးတွင် စစ်တွေမြို့နယ် ၀ါဘိုကျေးရွာဆရာတော် ပျံ လွန်တော်မူသည်။ အလားတူ ဇူလိုင် ၁၉ ရက် မှာပင် စစ်တွေ ၀ိဇ္ဇာလင်္ကာရကျောင်းမှ ရဟန်းတော်တစ်ပါး ပျံလွန်တော်မူခဲ့သည်။

သက်တော် ၄၃ နှစ်၊ ၀ါတော် ၂၃ ၀ါသာ ရှိသေးသည့် ကျောက်တော်မြို့နယ် စပါးဆိပ် ကျေးရွာဆရာတော် အရှင်ဣန္ဒာဘိဓဇသည် ဇူလိုင် ၃၁ ရက် နံနက် ၆ နာရီခွဲခန့်က ကိုဗစ် ရောဂါဖြင့် စစ်တွေဆေးရုံကြီးတွင် ပျံလွန် တော်မူခဲ့သည်။

အလားတူ စစ်တွေမြို့ ရွာကြီးတောင် ရပ်ကွက်ရှိ သက်တော် ၈၄ နှစ်နှင့် သိက္ခာ တော် ၆၃ ၀ါရှိ မဏိရတနာဆရာတော်ကြီး၊ နိုင်ငံတော် သံဃာမဟာနာယက (ငြိမ်း)၊ သာ သနဓဇ သိရီပဝရ ဓမ္မာစရိယ၊ အဂ္ဂမဟာဂန္ထ ၀ါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တသောမ မဟာထေရ်မြတ် ကြီးသည် ဇူလိုင် ၃၀ ရက် မွန်းလွဲ ၂ နာရီခွဲခန့် တွင် ပျံလွန်တော်မူခဲ့သည်။

ဆရာတော်ထံတွင် ကိုဗစ်ပိုးကူးစက်ခံခဲ့ ရသည့်အတွက် ဇူလိုင် ၉ ရက်က စစ်တွေ ဆေးရုံကြီး၌ ၁၄ ရက်ကြာ တက်ရောက်ကုသ မှုခံယူပြီး ကိုဗစ်ပျောက်ကင်းသွားသဖြင့် ဇူ လိုင် ၂၂ ရက်က ဆေးရုံက ဆင်းလာခဲ့ပြီး နောက်တစ်ပတ်ခန့်အကြာတွင် လေဖြတ် ရောဂါဖြင့် ဆရာတော်ကြီးသီတင်းသုံးရာ မဏိရတနာဘုန်းတော်ကြီးကျောင်းတွင် ပျံလွန်တော်မူသွားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ကိုဗစ်ကာလအတွင်း ဆရာ တော်ကြီးများမှာ မိမိကျောင်းတိုက်များတွင် ပင် ပျံလွန်တော်မူသည်များလည်း ရှိနေကြ သည်။ 

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ကုလာ ဘာရပ်ကွက် မူလာရာမကျောင်းတိုက်ဆရာ တော်ကြီး ဘဒ္ဒန္တအင်္ကုရသည် သက်တော် ၇၂ နှစ်၊ ၀ါတော် ၅၂ ၀ါတွင် ဆီးအိမ်ကင်ဆာ ရောဂါဖြင့် ဇူလိုင် ၂၇ ရက် အင်္ဂါနေ့ ညနေ ၆ နာရီအချိန်တွင် ပျံလွန်တော်မူခဲ့သည်။

စစ်တွေမြို့ မင်းဂံအကွက် (၉) ရှိ မင်္ဂလာ ဇေယျုံကျောင်းထိုင်ဆရာတော် ဦးဣန္ဒာစာရ ၆၈ နှစ်မှာလည်း ကျောင်းတိုက်အတွင်း မည် သူတစ်ဦးတစ်ယောက်မျှမသိရှိဘဲ ပျံလွန် တော်မူနေသည်ကို ဇူလိုင် ၂၆ ရက်က သိရှိ ခဲ့ရသည်။

သြဂုတ် ၁ ရက်ကလည်း စစ်တွေမြို့ ဘောက်သီးစုရပ်ကွက်ရှိ ဃောသိတာရုံ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုဂန္ဓ  သက် တော် ၇၇ နှစ်၊ သိက္ခာတော် ၅၃ ၀ါ ပျံလွန် တော်မူခဲ့သည်။

ရခိုင်ပြည်နယ်တွင် သြဂုတ် ၅ ရက် တစ် ရက်တည်းအတွင်း ကိုဗစ်ကူးစက်ပြီး ဘုန်း တော်ကြီးနှစ်ပါး ထပ်မံပျံလွန်တော်မူခဲ့သည်။ပျံလွန်တော်မူခဲ့သော ဘုန်းတော်ကြီးနှစ်ပါး မှာ ရသေ့တောင်မြို့နယ် လိပ်ထောင့်ကျေးရွာ  ဆရာတော် ဦးဗောဓိက (သက်တော် ၆၁ နှစ်) နှင့် ရမ်းဗြဲမြို့နယ် အမှတ် (၃)ရပ်ကွက် တန်း နားပြင် ဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးဝိသုတ္တ (သက်တော် ၇၉ နှစ်) တို့ ဖြစ်သည်။

သြဂုတ် ၁၀ ရက် ည ၇ နာရီ ၄၅ မိနစ်က စစ်တွေဆေးရုံတွင် ကုသနေသည့် ကျောက် တော်မြို့နယ် ဝင်စုကျးရွာ ကျောင်းထိုင်ဆရာ တော် ဖြစ်သော သက်တော် ၄၂ နှစ်၊ ၀ါတော် ၂၂ ၀ါ ရှိ ဦးသောပိတ ပျံလွန်တော်မူခဲ့သည်။

ရခိုင်တစ်ပြည်နယ်လုံးတွင် ကိုဗစ်ရော ဂါကြောင့် ပျံလွန်တော်မူသွားသည့်ဆရာ တော်မှာ ကိုးပါးအထိရှိနေပြီဟု သိရသည်။

သို့ဖြင့် ကျောင်းတိုက်တစ်ခုတည်းတွင် ရဟန်းသံဃာတော် အများအပြား သီတင်း သုံးနေထိုင်နေကြရသည့်အတွက် သံဃာ တော်တစ်ပါးပါးတွင် ကိုဗစ်ရောဂါ ကူးစက်ခံ ရလျှင် တစ်ကျောင်းလုံး ကူးစက်ခံရနိုင်ဖွယ်ရှိ နေသည်။ သို့အတွက် ကိုဗစ်ကာကွယ်ဆေးကို ရဟန်း၊ သံဃာများ၊ သာမဏေများနှင့် သီ လရှင်များကိုပါ ထိုးနှံရန် လိုအပ်နေသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် ကိုဗစ်ကာ ကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ဆရာ တော်ကြီးများကိုလည်း ထိုးနှံပေးနေသည်ကို တွေ့နေရပြီဖြစ်သည်။

ကိုဗစ်ကာလ ဆွမ်း၊ ကွမ်း၊ ဆေးကိစ္စ အခက်အခဲ

 လက်ရှိ ကိုဗစ်ကူးစက်မှုမြင့်မားနေရာ ၀ါတွင်းကာလဖြစ်သော်လည်း သီလဆောက် တည်ရန် ဘုန်းတော်ကြီးကျောင်းများသို့ မသွားကြရန် သံဃာ့အဖွဲ့အစည်းများက စာ ထုတ်ထားသည်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်တတိယ လှိုင်းဖြစ်ပွားမှု မြင့်တက်နေသောကြောင့် ၀ါ တွင်းကာလများတွင် လူစုလူဝေးများပြုလုပ် ပြီး ဥပုသ်သီလတည်ဆောက်ခြင်း အလှူဒါန ပြုလုပ်ခြင်းများကို အထူးရှောင်ရှားကြရန် ဇူ လိုင် ၂၁ ရက် နေ့စွဲဖြင့် မယူဒေသသံဃ သမဂ္ဂက အသိပေးကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

ကိုဗစ်ကာလတွင် တပည့်ဒကာများက လည်း မိမိနေအိမ်၌သာ နေထိုင်နေကြရာ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းများ သို့ မရောက်နိုင်ကြတော့ပေ။ ယင်းသို့ တပည့် ဒကာများ ၏ ဆွမ်းကွမ်းဝေယျာဝစ္စ လှူဒါန်းမှု နည်းပါးသွားသည့်အတွက် အခက်အခဲကို ပြည်သူနှင့်အတူ ဆရာတော်၊ သံဃာတော်၊ သီလရှင်များလည်း ခံစားလာကြရသည်။

ဆရာတော်ကြီးများ ကိုဗစ်ကူးစက်ခံ လာရသဖြင့် ကျောင်းများကိုလည်း Lockdown ပြုလုပ်ခဲ့ရသည်များလည်း ရှိသကဲ့သို့ သံဃာတော်များကလည်း အပြင်မထွက်ဘဲ ကျောင်းတိုက်တွင်းတွင်ပင် ဆွမ်း၊ ဆေး ကိစ္စ ကို သံဃာတော်များကိုယ်တိုင် ဆောင်ရွက် နေကြရသည်။

အလားတူ ဘုန်းတော်ကြီးကျောင်း များတွင် သီတင်းသုံးသည့် ဆရာတော်သံဃာ တော်၊ ရဟန်း၊ သာမဏေတို့မှာလည်း ဆွမ်း ခံမထွက်ကြတော့ဘဲ ကျောင်းတိုက်အတွင်း တွင်ပင် ဖြစ်သလို ဆွမ်းဘုဉ်းပေးနေရသည်။

ထို့ပြင် သီလရှင်ဆရာလေးများမှာ လည်း ဆွမ်းဆန်စိမ်းအလှူခံ မထွက်ကြတော့ ဘဲ ကျောင်းသင်ခန်းအတွင်း ဖြစ်သလို ဆွမ်း ကွမ်းကိစ္စ ဆောင်ရွက်နေကြရသည်။ သို့အ တွက် ဘုန်းတော်ကြီးကျောင်းများနှင့် သီ လရှင်များသို့ ဆွမ်းကိစ္စများ အဆင်ပြေစေရန် အလှူအဖွဲ့အစည်းများကလည်း သွားရောက် လှူဒါန်းနေကြရသည်။

စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက် ပြည်တော်ပြန်ဘုန်းတော်ကြီးကျောင်းဆရာတော်သည် ကိုဗစ်ရောဂါဖြင့် စစ်တွေဆေး ရုံကြီး၌ ကုသမှု ခံယူလျက်ရှိနေပြီး ကျောင်း တိုက်ကိုလည်း အသွားအလာကန့်သတ်မှု Lockdown လုပ်ထားခြင်းခံနေရသည်။ ကျောင်းရှိ သံဃာကိုရင် ရှစ်ပါးနှင့် လူရှစ်ဦး အတွက် ဆွမ်းနှင့် စားနပ်ရိက္ခာအခက်အခဲ မရှိစေရေးအတွက် စစ်တွေဆေးရုံရောက် တိုက်ပွဲသင့်လူနာများ ကူညီရေးအုပ်စုက ဆန်၊ ဆီ၊  ပဲ၊  ငါးခြောက်၊  ကြက်သွန်နီ/ ဖြူ ၊ ငရုတ်သီးခြောက်၊ ကော်ဖီမစ် ၊ Mask၊ ပါရာစီ တမောနှင့် စီဗစ် စသည်တို့ကို နှစ်ပတ်စာခန့် ကို သြဂုတ် ၁၁ ရက် ညနေပိုင်းက သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

“အခု ကိုဗစ်ကာလမှာ လူတွေ စီးပွားရေးကျပ်တည်းကြသလိုပဲ။ ရဟန်းသံဃာတွေ၊ သီလရှင်တွေမှာလည်း ဆွမ်းကွမ်းကိစ္စ အတွက် အခက်အခဲရှိနေကြပါတယ်။ အခု ဆိုရင် ရဟန်းသံဃာတွေဟာ ဆွမ်းခံမကြွ ကြဘဲ ကျောင်းမှာပဲ အဆင်ပြေသလို ချက်ပြုတ်ပြီး ဆွမ်းကိစ္စဖြေရှင်းနေကြတယ်။ သီလ ရှင်တွေဆိုရင်လည်း ဆွမ်းဆန်စိမ်းခံ မထွက်နိုင်ကြတော့ ပိုလို့အခက်အခဲရှိနေကြတယ်။  ဒကာဒကာမတွေကလည်း ကျောင်းကို မရောက်ဖြစ်ကြတော့ ဘုန်းတော်ကြီးကျောင်းတော်တော်များများမှာ ဆွမ်းအတွက် အခက်အခဲတွေ အနည်းနဲ့အများ ရှိနေကြတယ်။ ဒါကြောင့် ကျွန်တော်တို့ က စေတနာရှင်တွေ ကို နှိုးဆော်ပြီးတော့ ဆွမ်းဆန်၊ ဆီ၊ ပဲ၊ ကြက် သွန်၊ ကြက်ဥ၊ ငါးခြောက်၊ ငါးသေတ္တာ၊ ကြာ ဆံအစရှိတဲ့ မီးဖိုရှောင်သုံးပစ္စည်းတွေကို လှူ ဒါန်းနေပါတယ်”ဟု ဘုန်းတော်ကြီးကျောင်း များ နှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန် စိမ်းလှူ ဒါန်းနေသည့် စစ်တွေဆေးရုံရောက် ထိခိုက်ခံလူနာများ ကူညီရေးအုပ်စုမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

ကိုဗစ်ရောဂါဖြင့် ပျံလွန်တော်မူလျှင် ဆရာတော်ကြီးများမှာလည်း တပည့်ဒကာ အနားမကပ်ရဘဲ  ကိုဗစ်စည်းကမ်းနှင့်အညီ သဂြုႋဟ်လိုက်ရသည်။ လူဆိုလျှင်လည်း သား သမီးဆွေမျိုးများပင် သဂြုႋဟ်ရန် မလိုက်ရ သည့် အခြေအနေရှိနေသည်။ သို့အတွက် ကိုဗစ်ကပ်ဘေးမှ ကင်းလွတ်ရန် ကျန်းမာရေး ဝန်ကြီးဌာနက ချမှတ်ထားသည့် ကိုဗစ် စည်းကမ်းများကို မည်သူမဆိုလိုက်နာကြရ မည်ဖြစ်သည်။ ထို့ပြင် ကိုဗစ်ကာလ၌ အလုပ် လက်မဲ့များဖြစ်ပေါ်နေပြီး တစ်နေ့ရှာတစ်နေ့ စား ဆင်းရဲသားများ ဒုက္ခအကြီးအကျယ် ရောက်နေကြရသကဲ့သို့ အလှူ့ဒကာ ဒကာမ များကို မှီခိုနေကြရသည့် သာသနာ့ဝန်ထမ်း ရဟန်း၊ သံဃာနှင့်သီလရှင်များလည်းအခက် အခဲ ရှိနေကြရာ လူထုကို ကူညီသကဲ့သို့ ဘုန်း တော်ကြီးကျောင်းများနှင့်သီလရှင်ကျောင်းများကိုလည်း လှူဒါန်းရန် လိုအပ်လျက်ရှိနေ ပါသည်။

စစ်တွေမြို့ ကဝိရတနာကျောင်းတိုက် ဆရာတော်က “အခုလို ကိုဗစ်ဖြစ်နေတဲ့အခါ ကျတော့ ဥပုသ်သီလ ဆောက်တည်တဲ့လူ တွေမရှိ ဆိုတော့ အခက်အခဲတော့ရှိပါတယ်။ ကိုယ့်ကျောင်းတိုက်မှာကိုယ် ဆွမ်းချက်သုံး နေရတာကိုး။ အခုလို စေတနာရှင် အဖွဲ့အ စည်းတွေက လာလှူတာတဲ့အတွက်ဝမ်းသာ ပါတယ်}ဟု မိန့်ကြားသည်။

“အခုကာလမှာ သီလရှင်တို့ကျောင်း တစ်ခုတည်းမဟုတ်ပါဘူး။ မြို့ရွာအားလုံးက သီလရှင်ကျောင်းတွေမှာ ဆွမ်းခဲဘွယ် အတွက် အခက်အခဲဖြစ်နေကြတယ်။ အဖိတ် နေ့ ဆွမ်းဆန်စိမ်းအလှူခံလည်းမထွက်နိုင် ကြတော့ ရှိတာလေးတွေနဲ့ မျှတအောင် သုံး ဆောင်ပြီး တရားအားထုတ်နေရတယ်။ ဒါ ကြောင့် အခုကာလမှာ သာသနာအကျိုး ဆောင် ဒကာဒကာမတွေအနေနဲ့ သီလရှင် ကျောင်းတွေကိုလည်း လာလှူစေချင်ပါ တယ်”ဟု စစ်တွေမြို့တွင် သီတင်းသုံးနေ သည့် သီလရှင်တစ်ပါးက ပြောကြားသည်။