မက်ဆီရောက်ရှိလာပြီးနောက် PSG အသင်း၏ Instagram Follower အရေအတွက် ရက်ပိုင်းအတွင်း ခုနစ်သန်းကျော်မြင့်တက်လာပြီး အင်္ကျီရောင်းချမှု၏ အကျိုးအမြတ် ခုနစ်ရာခိုင်နှုန်း ခံစားခွင့်ရမည်

မက်ဆီရောက်ရှိလာပြီးနောက် PSG အသင်း၏ Instagram Follower အရေအတွက် ရက်ပိုင်းအတွင်း ခုနစ်သန်းကျော်မြင့်တက်လာပြီး အင်္ကျီရောင်းချမှု၏ အကျိုးအမြတ် ခုနစ်ရာခိုင်နှုန်း ခံစားခွင့်ရမည်
Photo: AFP
Photo: AFP
Published 15 August 2021

 

PSG အသင်းသို့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ ရောက်ရှိလာပြီးနောက် အသင်း၏ Instagram Follower အရေအတွက် နှစ်ဆမြင့်တက်သွားသည်မှာ မှန်ကန်ခြင်းမရှိသော်လည်း ရက်ပိုင်းအတွင်း ခုနစ်သန်းကျော်မြင့်တက် လာကြောင်း သိရသည်။

PSG အသင်းသည် ဘာစီလိုနာအသင်းနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် မက်ဆီကို ပြောင်းရွှေ့ကြေးမပေးရဘဲ ခေါ် ယူနိုင်ပြီဖြစ်ကြောင်း သြဂုတ် ၁၀ ရက် ညပိုင်းတွင် အတည်ပြုထုတ်ပြန် ခဲ့သည်။ နောက်တစ်ရက်အကြာတွင် Twitter Account တစ်ခုက PSG အသင်း၏ Instagram Follower အရေအတွက်မှာ မက်ဆီမရောက် ာခင်က ၁၉ ဒသမ ၈ သန်းသာရှိ ခဲ့သော်လည်း ၎င်းရောက်ရှိလာပြီး နောက် ၂၄ နာရီအကြာမှာပင် ၂၀ ဒသမ ၄ သန်း မြင့်တက်သွားပြီး ၄၀ ဒသမ ၂ သန်းသို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း Screenshot နှစ်ခုကို ယှဉ်၍ ဖော်ပြခဲ့သည်။ ယင်းဖော်ပြမှု မှာ တစ်ခဏအတွင်းပျံ့နှံ့သွားပြီး ဘောလုံးသတင်းဖော်ပြနေသည့် စာမျက်နှာများစွာကလည်း Instagram နှင့် Twitter တွင် ပြန်လည် ရေးသားဖော်ပြခဲ့ကြသည်။

သို့သော် အချက်အလက်စစ် ဆေးသည့် သတင်းဌာနများက ယင်းအခြေအနေကို စစ်ဆေးရာ Follower အရေအတွက် သန်း ၂၀ ကျော် အမှန်တကယ်တိုးသွားခြင်းမဟုတ် ကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏ စစ်ဆေးမှုအရ PSG အသင်းအနေဖြင့် မက်ဆီ ရောက်ရှိလာပြီးနောက် Follower သန်းနှင့်ချီ၍ မြင့်တက်လာသည်မှာ မှန်ကန်သော်လည်း သတင်းများတွင် ဖော်ပြသကဲ့သို့ သန်း ၂၀ ကျော် မဟုတ်ကြောင်း သိရသည်။ 

PSG အသင်း၏ Follower အရေအတွက် မှာ မက်ဆီမရောက်လာခင်အချိန် အထိ ၃၉ သန်းနီးပါးရှိခဲ့ပြီး ၂၄ နာရီ အကြာတွင် ၄၂ သန်းကျော်နှင့် ငါး ရက်အကြာတွင် ၄၆ ဒသမ ၇ သန်း ရှိလာရာ စုစုပေါင်း ၇ ဒသမ ၇ သန်း ကျော် တိုးမြင့်လာခြင်းဖြစ်သည်။ မက်ဆီ၏ Instagram Follower အရေအတွက်မှာ သန်း ၂၅၀ ရှိပြီး PSG အသင်း၏ လက်ရှိတိုးမြင့်လာသည့် Follower ထက်ပင် ၂၀၃ သန်းကျော် ပိုများနေကြောင်း သိရ သည်။

PSG အသင်းသည် မက်ဆီနှင့် ၂၀၂၃ ခုနှစ်အထိ နှစ်နှစ်စာချုပ် ချုပ်ဆိုထားပြီး တစ်နှစ်ထပ်မံတိုးမြှင့် နိုင်သည့်အချက်လည်း ထည့်သွင်းထားသည်။ PSG အသင်းအနေဖြင့် မက်ဆီအတွက် ပြောင်းရွှေ့ကြေး ပေးချေရခြင်းမရှိသော်လည်း အခွန် ဆောင်ပြီး တစ်နှစ်လစာ ပေါင် ၂၅ သန်း၊ လက်မှတ်ထိုးကြေး ပေါင် ၂၅ သန်းနှင့် အပိုဆုကြေးများ ထပ်မံပေး ချေရမည်ဖြစ်ကြောင်း သိရသည်။ 

မက်ဆီရောက်ရှိလာပြီးနောက် PSG အသင်း၏ အင်္ကျီရောင်းအားမှာ တစ်ဟုန်ထိုး မြင့်တက်သွားသော် လည်း ၎င်းတို့အနေဖြင့် စုစုပေါင်း ရောင်းချရမှု၏ ခုနစ်ရာခိုင်နှုန်းဝန်း ကျင်သာ ခံစားခွင့်ရမည်ဖြစ်ကြောင်း သိရသည်။ မက်ဆီကိုခေါ်ယူနိုင်ပြီ ဖြစ်ကြောင်း အတည်ပြုကြေညာပြီး နောက် ခုနစ်မိနစ်အကြာမှာပင် ၎င်းနာမည်နှင့် နံပါတ် ၃၀ ပါဝင်သည့် အင်္ကျီအရေအတွက် တစ်သိန်းခွဲ အထိ ရောင်းချခဲ့ရကြောင်း စပိန် နိုင်ငံထုတ် AS သတင်းစာ၏ ဖော်ပြ မှုအရ သိရသည်။

ခန့်မှန်းခြေဖြစ်သည့် ခုနစ်ရာ ခိုင်နှုန်းဖြင့် တွက်ချက်ပါက အင်္ကျီတစ်ထည်ကို ပျမ်းမျှပေါင် ၁၀၀ ဖြင့် ရောင်းချလျှင် PSG အသင်းက ခုနစ်ပေါင်သာ အကျိုးအမြတ်ခံစားခွင့်ရ မည်ဖြစ်သည်။ သို့ဖြစ်ရာ PSG အသင်းအနေဖြင့် ပျမ်းမျှအင်္ကျီအရေ အတွက် ၃ ဒသမ ၅ သန်း ရောင်းချ နိုင်မှသာ ယင်းအကျိုးအမြတ်မှတစ် ဆင့် မက်ဆီ၏ တစ်နှစ်လစာ ပေါင် ၂၅ သန်းကိုပေးချေရန် လုံလောက်သည့် ငွေကြေးပမာဏရရှိမည်ဖြစ်သည်။ 

PSG အသင်းသည် အင်္ကျီစပွန်ဆာအတွက် NIKE ကုမ္ပဏီနှင့် ကာလရှည်စာချုပ် ချုပ်ဆိုထားပြီး တစ်နှစ်လျှင် ပေါင် ၆၇ ဒသမ ၈ သန်း (ယူရို သန်း ၈၀) ရရှိနေသည်။ ၂၀၁၉ ခုနှစ်တွင် ချုပ်ဆိုခဲ့သည့် စာချုပ်အရ စာချုပ်သက်တမ်းမှာ ၂၀၃၂ ခုနှစ်အထိဖြစ်ကြောင်း သိရ သည်။