မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို ပိုမိုကောင်းမွန်စွာ အကောင်အထည် ဖော်နိုင်ရန် အာဆီယံအထူးကိုယ်စားလှယ်နှင့် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး

မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို ပိုမိုကောင်းမွန်စွာ အကောင်အထည် ဖော်နိုင်ရန် အာဆီယံအထူးကိုယ်စားလှယ်နှင့် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး
Published 14 August 2021
Ref: Khmer Post Asia

မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို ပိုမိုကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်ရန် အာဆီယံ အထူးကိုယ်စားလှယ် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး(၂) အီရီဝမ်ယူဆော့ဖ်နှင့် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်းတို့သည် ဆွေးနွေးခဲ့ကြောင်းသိရသည်။

သြဂုတ် ၁၁ ရက်က အီရီဝမ်နှင့် ကမ္ဘော ဒီးယားနိုင်ငံခြားရေးဝန်ကြီးတို့သည် အွန် လိုင်းမှတစ်ဆင့် ဆွေးနွေးခဲ့ကြခြင်းဖြစ် သည်။

အဆိုပါဆွေးနွေးမှုအတွင်း ၎င်းတို့နှစ်ဦးသည် ဧပြီလက မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံခေါင်းဆောင်များအကြား ရရှိခဲ့သည့် ဘုံသဘောတူညီချက်ငါးရပ်ကို ပိုမိုကောင်းမွန်စွာ အကောင်အထည်ဖော်နိုင် မည့် အကြံပြုချက်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အာဆီယံ အထူးကိုယ်စားလှယ်၏ တာ ဝန်နှင့် မြန်မာနိုင်ငံတွင် တည်ငြိမ်အေးချမ်း ရေး၊ အခြေအနေများ ပုံမှန်ပြန်ဖြစ်ရေးနှင့် မြန်မာနိုင်ငံ၏အကျိုးစီးပွားအတွက် အာဆီ ယံအဖွဲ့ကြီး၏ ပူးပေါင်းအားထုတ် ကြိုးပမ်းမှု များကို အခိုင်အမာထောက်ခံကြောင်းလည်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးက ထပ် လောင်းပြောဆိုခဲ့သည်။

ထို့ပြင် မကြာသေးခင်က ကျင်းပပြီးစီးခဲ့ သည့် ၅၄ ကြိမ်မြောက် အာဆီယံ နိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို အာဆီယံမူဘောင်နှင့် အညီ အောင်မြင်စွာ စီစဉ်ကျင်းပနိုင်ခဲ့သည့် အတွက် ဘရူနိုင်းနိုင်ငံကို ဂုဏ်ပြုကြောင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ် စားလှယ်အဖြစ် ဘရူနိုင်း နိုင်ငံခြားရေးဝန် ကြီး(၂) အီရီဝမ်ယူဆော့ဖ်ကို ခန့်အပ်မှုကို ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဆိုခွန်း က ချီးကျူးဂုဏ်ပြုခဲ့ကြောင်း သိရသည်။

Asian Vision Institute  ၏ဥက္ကဋ္ဌဖြစ်သူ ဗန်နာရစ်သ်က မြန်မာ့နိုင်ငံရေးအကျပ်အ တည်းသည် ဒေသတစ်ခုလုံးကို သက်ရောက် မှုဖြစ်ပေါ်စေကြောင်းနှင့် အာဆီယံသည် အ ဆိုပါအကျပ်အတည်းကို တုံ့ပြန်ရန်နှင့်  သင့် တော်သည့် ဖြေရှင်းနည်းများကို ရှာဖွေရန် မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ကြောင်း  Khmer Times သတင်းစာကို ပြောကြားခဲ့ သည်။ 

ထိုသို့လုပ်ဆောင်မှုသည်  အာဆီယံ၏ ရပ်တည်ရှင်သန်မှုနှင့် ပတ်သက်ဆက်နွှယ်မှုအတွက် အရေးပါသည့်ကိစ္စရပ် ဖြစ်ကြောင်း လည်း ၎င်းက ပြောကြားသည်။

ဘရူနိုင်းနိုင်ငံက ဦးဆောင်သည့် အာ ဆီယံ အထူးကိုယ်စားလှယ်သည်  မြန်မာ နိုင်ငံ၏ သဘောထားအမြင် မတူညီသော နိုင်ငံရေးအုပ်စုများအကြား စေ့စပ်ဆွေးနွေး မှုများစတင်နိုင်မည့်ဝန်းကျင်တစ်ခုကို ဖန် တီးရာတွင်  အရေးပါသော အခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ကြောင်းနှင့် သက်ဆိုင်သူအား လုံးပါဝင်သော နိုင်ငံရေးအရ စေ့စပ်ဆွေး နွေးမှုမျိုးကို လိုအပ်နေကြောင်း ဗန်နာရစ်သ် က ဆက်လက်ပြောကြားသည်။

“လာမယ့်နှစ်မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်လာမယ့် ကမ္ဘောဒီးယားဟာ မြန်မာ့ အရေးမှာ အာဆီယံရဲ့အပြုသဘောဆောင် တဲ့ ပါဝင်ပတ်သက်မှု အရှိန်အဟုန်ကို ဆက် ပြီး ထိန်းသိမ်းသွားမှာဖြစ်တယ်” ဟု ဗန်နာရစ်သ်က ပြောကြားသည်။

သြဂုတ် ၄ ရက်က ပြုလုပ်သော အာဆီ ယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တွင် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး(၂)အီရီ ဝမ်ယူဆော့ဖ်ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီ ယံ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ ခြင်းဖြစ်သည်။

အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုနှင့် မတည်ငြိမ်မှု များ ဖြစ်ပေါ်နေသည့်အပေါ် တုံ့ပြန်ဖြေရှင်းရန်အတွက် အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သော အာဆီယံအဖွဲ့ကြီးသည် နိုင်ငံတကာ၏ တိုး မြှင့်ဖိအားပေးမှုနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

 

Most Read

Most Recent